-->
×

Warning

JUser: :_load: Unable to load user with ID: 29


Coca Cola ရဲ့ အကြမ်းစား Christmas ကြော်ငြာများ

Coca Cola ရဲ့ အကြမ်းစား Christmas ကြော်ငြာများ Google


 


 


 


 

Ginvera ကြော်ငြာလေးက လူမသိတဲ့ နောက်ကွယ်အကြောင်းအရာလေးများ



Coca Cola အကြောင်း



















ထို့ပြင် Coca Cola မှ Snap Chat နှင့်တွဲ ဖက် ကာ အရောင်းမြှင့်တင်ရေးတစ်ခုလုပ်ထားတာပါသေးတယ်။



ကိုလာ မှ အသစ် ထွက် ရှိထားတဲ့ကြော်ငြာ Campaign များတွင် What We Share Is Stronger နှင့် Give Something Back This Christmas Recycle စတဲ့ စာစု လေး တွေကို ထည့်သွင်းထားပါတယ်

ထိုကြော်ငြာလေးတွေရဲ့ အသိ ပေးချင်တဲ့ သဘောတရားက ခရစ်စမတ် ကာလ အချိန်မှာ မျှ‌ဝေ ခြင်းရှိ သင့်ကြောင်းကို ဖော်ပြထားတာပဲဖြစ်ပါတယ်။

 




<<<Unicode>>>>

 

Coca Cola ကတော့ ခရစ်စမတ် ပွဲတော် အတွက် အတော်လေး Marketing ပိုင်းကို အားစိုက်ထားပုံပါပဲ။

Coca Cola က ခရစ်စမတ် မှာ တီဗီ ကြော်ငြာများသာမက Billboard ကြော်ငြာများ၊ မီးရောင်စုံများဖြင့် ကိုလာ တံဆိပ်ပါ ကြော်ငြာ ကားများ ပါ နေရာ အသီးသီး ကို လှည့်လည်တာတွေ့ရပါတယ်။

 

Cola ၏ မီးရောင်စုံများဖြင့် ကြော်ငြာကားများလှည့်လည်ခြင်း

 

Coca Cola ကတော့ မီးရောင်စုံလင်းနေတဲ့ ခရစ်စမတ် theme ဖြင့် ကြော်ငြာကားများကို အင်္ဂလန်နိုင်ငံတွင်လှည့် လည်သွားလည်ပြီး နှစ်စဉ်လုပ်နေကျအတိုင်း Brand ကို Promote လုပ်တော့မှာပဲဖြစ်ပါတယ်။
ထို Coca Cola ကားများမှာ Coca Cola ၏ လက်ကမ်းကြော်ငြာများကို ဝေမည့်အပြင် ကိုကာကိုလာအအေးဗူးများကို promotion ဖြင့်ရောင်းချပေးမှာပဲဖြစ်ပါတယ်။
တချို့လူငယ်ကလေးများဟာ ထိုကြော်ငြာကားကြီးတွေ နဲ့ အမှတ်တရဓာတ်ပုံရိုက်ကြပါတယ်။ထိုကဲ့သို့ ကြော်ငြာကားများ လှည့်လည်နေခြင်းကိုလွန်ခဲ့တဲ့ ၉ နှစ်ကတည်းက ပြုလုပ်ခဲ့တာပါ။
The Mirror ရဲ့ အတည်ပြုချက်အရ Coca Cola ကြော်ငြာကားများ ဗြိတိန် တစ်ပြည်လုံးမှာ ခရီးဆန့်မယ်လို့ သိရှိရပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ မှစတင်ပြီး ၁၉ မြို့တိုင်တိုင် လှည့်လည်သွားလာနေတာ ဖြစ်ပါတယ်။

 

Coca Cola အကြောင်း

 

Cola ကအရသာကအချိုဘက်သွားတယ်။ဂတ်စ်ပါတဲ့အချိုရည်မျိုးကိုမှ ဗနီလာ , သစ်ကြံပိုးခေါက် , ရှောက်လိမ္မော်အရည် တို့၏ အနံ့အရသာများကိုပေါင်းစပ်ထုတ်လုပ်ထားတယ်လို့သိရပါတယ်။
Coca Cola ဟာအရောင်အားဖြင့် သကြား မီးဖုတ်ထားသော အရောင် ရှိပါတယ်။

 

Pepsi မှ အသစ်ထုတ်လုပ်ထားတဲ့ Pepsi cafe ကြော်ငြာ

 

Cola သမိုင်း အကျဉ်းချုပ်

 

၁၈၈၆ မေလ ၈ ရက်မှာ အက်တလန်ဒါးမှာရှိတဲ့ ဂျေးကွတ်ပ် ဆေးတိုက်ကနေ ကိုကာကိုလာ ကိုဖော်စပ် သူ John Pemberton က ပထမဦးဆုံး ကိုလာပုလင်းကို စတင်ရောင်းချခဲ့တယ်။

သူရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ကိုကာကိုလာ ပုလင်းများထုတ်လုပ်ခြင်းကိုအရောင်းမြင့်တင်ဖို့အတွက် ကိုကာကိုလာ ကြော်ငြာကို အက်တလန်းဒါး ဂျာနယ်မှာ ကြော်ငြာစတင်ထည့်ခဲ့တယ်

ကိုကာကိုလာကို ခေါင်းကိုက်တာတွေပင်ပန်းနွမ်းနယ်တာတွေပျောက်တဲ့ဆေးအဖြစ် သာ ကြော်ငြာခဲ့တယ်သိရပါတယ်။

ပထမဆုံးကိုကာကိုလာရဲ့စာစုမှာ ‘ အရသာရှိသည် ၊ ရင်ဖိုရသည် ၊ အားအင်ပြည့်တိုးစေသည်၊ လန်းဆန်းစေသည် ‘ စသဖြင့်ရေးသားထားသည်။

 

Coca Cola ခရစ်စမတ် အတွက် အသစ်ထုတ်လုပ်ထားသော Cola ရဲ့ အရောင်းမြှင့်တင်ရေးများ

 

‘ ခရစ်စမတ် ဆိုတာ နေရပ် အသီးသီး ရှိ လူအများ ပျော်ရတဲ့ ပွဲ တော် အချိန်အခါပါ ၊
ထိုအချိန်မှာ ကိုလာ သောက်သုံးသူ ပရိသတ် များအတွက် Coca Cola မှ ကြော်ငြာလေးတွေ နဲ့ ပိုမို ပျော်စေချင်တယ်လို့
ကိုကာကိုလာမှ ဈေးကွက် မြှင့်တင်ရေး ဒါရိုက်တာ ဖြစ်သူ Kris Robbens ကပြောပါတယ်။

ထ့ိုပြင် Coca Cola မှ Snap Chat နှင့်တွဲ ဖက် ကာ အရောင်းမြှင့်တင်ရေးတစ်ခုလုပ်ထားတာပါသေးတယ်။

 

ကိုလာ မှ အသစ် ထွက် ရှိထားတဲ့ကြော်ငြာ Campaign များတွင် What we share is stronger နှင့် Give Something Back This Christmas Recycle စတဲ့ စာစု လေး တွေကို ထည့်သွင်းထားပါတယ်

ထိုကြော်ငြာလေးတွေရဲ့ အသိ ပေးချင်တဲ့ သဘောတရားက ခရစ်စမတ် ကာလ အချိန်မှာ မျှ‌ေ၀ ခြင်းရှိ သင့်ကြောင်းကို ဖော်ပြထားတာပဲဖြစ်ပါတယ်။

 

ကဲ Coca Cola ရဲ့ ကြော်ငြာ အသစ်လေးတွေကိုကြည့် ကြရအောင် .......

What We Share Is Stronger Commercial

Give Something Back This Christmas Recycle Commercial

 

Ref ; The Drum

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)