-->
×
Warning
JUser: :_load: Unable to load user with ID: 29
Victoria’s Secret Fashion Show ကိုဘာကြောင့် ဆက်လက်မလုပ်ဖြစ်တော့တာလဲ
Victoria’s Secret Fashion Show ကိုဘာကြောင့် ဆက်လက်မလုပ်ဖြစ်တော့တာလဲ Google
Victoria’s Secret Fashion Show ဟာ ကြည့်ရှုသူ ၁၀ မီလီယံ ရှိပြီး ထိုကဲ့သို့ Show ပွဲ ကျင်းပ့ ခြင်းကတကယ့် လူစိတ်ဝင်စားမှုအများဆုံး Marketing Method တစ်ခု လို့ လူအများက
အသိအမှတ် ပြုခံခဲ့ရပါတယ်။
ပြီးခဲ့ တဲ့ နိုဝင်ဘာလ တုန်းက Victoria’s Secret ရဲ့ Executive vice president ဖြစ်သူ Stuart Burgdoerfer ရဲ့ ပြောကြားချက်အရ - ‘ အဆိုပါ Fashion Show ပွဲတွေက Brand ကို
သိက္ခာရှိဖို့ တည်ဆောက်ခြင်းနဲ့ ဒီစီးပွားရေးကြီးတစ်ခုလုံး ကို ကောင်းမွန်ဖို့အတွက် အင်မတန်မှ အရေး ပါပါတယ် ဒါပေမဲ့ အခုအချိန်မှာ ရပ်တန့် ရ တော့ မည်’ ဆိုကာ ပြောကြားသွားခဲ့ ပါတယ်။
ဟုတ်ပါတယ် နှစ်လဲ ကုန်ပြီမို့ 2019 ခုနှစ်ရဲ့ Victoria’s Secret Fashion Show ဟာ ကျင်းပါ့တော့မှာ မဟုတ်ပါဘူး ။ Victoria’s Secret ဟာ သူ့ Brand ရဲ့ Model ဖြစ်သူ Angel လေးတွေကိုလည်း တက်လက် ရွေးထုတ်တော့ မှာ မဟုတ်ပါဘူး။
Victoria’s Secret မှ Lingerie Brand ရဲ့ ဈေးကွက် သိပ်မတွင်ကျယ်မှု့ ပြဿနာတွေ ၊ ဝယ်ယူ နှုန်းကျဆင်းမှု့များ ကြောင့် Victoria’s Secret Fashion Show ကြည့်သူ အတော် များများ လျော့ကျသွားတာ လည်း ပါဝင်ပါတယ်။
Victoria’s Secret ၊ Bath & Body Works ၊ Pink စတဲ့ Brand များရဲ့ မိခင်လုပ်ငန်းစုဖြစ်တဲ့ L Brands ဟာ အခက်အခဲ နှင့် ရင်ဆိုင်နေရတယ်ဖြစ်ပြီး ၂၀၁၉ ထဲမှာ ဆိုင်ခွဲ ပေါင်း ကမ္ဘာ့ နေရာ အသီးသီး ၁၁၄၃ ဆိုင်ခွဲ ရှိတဲ့ အနက် ၅၃ ဆိုင်ကို ပိတ်ခဲ့ ရပါတယ်။
ဒါပေမဲ့ Victoria’s Secret ဟာ Marketing ပုံစံ ကို လုံးဝပြောင်းလဲ ပြစ်တော့မည် ဆိုတာတော့ ပြောလာပါတယ်။ဘယ်လိုပြောင်းလဲ မလဲ Fashion Show ထက် တခြား Marketing ပုံစံတွေ ဘက်ကိုပဲ လှည့်မလား စောင့်ကြည့်ရအုံးမှာပါ။
Victoria's Secret Fashion Show ရဲ့သမိုင်းကြောင်းတချို့
- Victoria’s Secret Show တွေရဲ့ပထမဆုံး Show ပွဲ ကို 1995 မှာစတင်ပြီးကျင်းပခဲ့တာဖြစ်ပါတယ်။
- ပထမအစောပိုင်း Show တွေကို Valentine's Day မှာသာကျင်းပလေ့ရှိပါတယ်။
- 2001 ခုနှစ်ကစပြီး Show တွေကို Christmas ရာသီပိတ်ရက်တွေမှာပြောင်းလဲကျင်းပခဲ့ပါတယ်။
- VS ရဲ့ပထမဆုံး Show ကို New York မှာရှိတဲ့ Plaza Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
- VS show တွေကို Miami,Los Angles,Cannes,Paris, London နဲ့ Shanghi မြို့တွေမှာအလှည့်ကျစီကျင်းပလေ့ရှိပါတယ်။
- Adriana Lima ဟာ VS show ရဲ့သမိုင်းတစ်လျှောက် Wings အများဆုံးဝတ်ဆင်ရတဲ့ Angel ဖြစ်ပြီး Wings စုစုပေါင်း 22 စုံကိုဝတ်ဆင်ခဲ့ပါတယ်။
- Alessandra Ambrosio ဟာ VS show ရဲ့သမိုင်းတစ်လျှောက်ဒုတိယမြောက် Wings အများဆုံးဝတ်ဆင်ရတဲ့ Angel ဖြစ်ပြီးစုစုပေါင်း 18 စုံဝတ်ဆင်ခဲ့ပါတယ်။
- 2000 ခုနှစ်ရဲ့ VS show ကို U.S ကနေ ပြင်သစ်သို့ပထမဆုံးအကြိမ်အဖြစ်ရွေ့ပြောင်းကျင်းပခဲ့ပါတယ်။
- 1996 ခုနှစ်မှာ Claudia Schiffer ဟာ ပထမဆုံး Fantasy bra ကိုဝတ်ဆင်ခဲ့ပြီး Dollar 1 million တန်ကြေးရှိပါတယ်။
- Gisele Bünchen ဟာ VS ရဲ့ Show သမိုင်းမှာဈေးအကြီးဆုံး Fantasy bra နှစ်စုံကိုဝတ်ဆင်ရတဲ့ Angel ဖြစ်ပြီး 15 millions နဲ့ 12.5 millions စီတန်ကြေးရှိပါတယ်။
-Heidi Klum နဲ့ Adriana Lima တို့ဟာ VS show သမိုင်းမှာ 3 ကြိမ်ဆက်တိုက် Fantasy bra ကိုဝတ်ဆင်ရတဲ့ Angel ဖြစ်ပါတယ်။
- Gisele Bünchen,Tyra Banks, Karolina Kurkovà နဲ့ Alessandra Ambrosio တို့ဟာတစ်ဦးကိုနှစ်ကြိမ်ဆီ Fantasy bra ကိုဝတ်ဆင်ဖူးသူတွေဖြစ်ကြပါတယ်။
- Fantasy bra ကို ဘရာဇီးသူ model များကအကြိမ်အများဆုံးဝတ်ဆင်ခဲ့တာဖြစ်ပြီး စုစုပေါင်းအကြိမ် 8 ကြိမ်အထိဝတ်ဆင်ခဲ့ပါတယ်။
- 2014 ခုနှစ်မှာပထမဆုံးအကြိမ်အဖြစ် Fantasy bra နှစ်စုံကိုဖန်တီးခဲ့ပြီး Alessandra Ambrosio နဲ့ Adriana Lima တို့ဝတ်ဆင်ပြီးအတူတကွလျှောက်လှမ်းခဲ့ကြပါတယ်။
- Alessadra Ambrosio ဟာ VS Show ရဲ့သမိုင်းတလျှောက် အလေးဆုံး Angel wings ကိုဝတ်ဆင်ခဲ့ပြီး Swarovski Crystals တွေနဲ့စီချယ်ထားပြီး pounds 40 ခန့်လေးပါတယ်တဲ့။
- Heidi Klum ဟာ VS Show ရဲ့သမိုင်းတစ်လျှောက်အကြီးမားဆုံး Wings ကိုဝတ်ဆင်ခဲ့ပြီး 12 ပေထိမြင့်ပါတယ်သိရပါတယ်။
Victoria's Secret ရဲ့ ကြေးကျ အများဆုံးဟာ Victoria’s Secret ရဲ့ Show ပွဲများပဲဖြစ်ပါတယ် ၊ သာမန်တီဗီ ကြော်ငြာတွေ ၊ Billboard တွေ ၊ မဂ္ဂဇင်းထဲ မှ ကြော်ငြာများဟာ အဆိုပါ Show ပွဲ တွေလောက် အကုန်အကျ မများဘူးလို့ သိရပါတယ်။
အဆိုပါ Show ပွဲ မှ Model တွေကို ငွေ ကြေးများစွာ အသုံးပြုရပါတယ်။ဘာလို့ဆို Victoria’s Secret ရဲ့ စင်အနောက်မှာ မိတ်ကပ်သမား 32 ယောက်, ဆံပင်အလှပညာရှင် 27 ယောက် , နောက်ပြီး
လက်သည်းခြေသည်း ဆိုးပေးတဲ့ သူ ၁၁ ယောက် ရှိကာ စင်အနောက်မှာတင် အမျိုးသမီး ၅၅ ယောက်ရှိပါတယ်။
Victoria's Secret model တစ်ယောက်ဖြစ်ဖို့ကလည်း Victoria's Secret  မှ Selection Model တွေကို အသုံးပြု ခဲ့တာပါ။
Victoria's Secret Angels လေးများ အနေဖြင့် -
- အသက် ၁၈ ကနေ ၃၀ အတွင်းဖြစ်ရပါမယ်။ (၃၀ကိုကျော်လွန်လဲအဆင်ပြေတာတွေ့ရပါတယ်)
-ကျန်းမာပြီးကောင်းမွန်တဲ့အချိုးအစားရှိတဲ့သူဖြစ်ရမယ်။(gym ကစားရပါမယ်)
-မိမိကိုယ်ကိုယ်ယုံကြည်မှု့ရှိနေရမယ်။
-လူအများနဲ့ လိုက်ရေညီထွေနေတတ်သူဖြစ်ရပါမယ်။]
-စာဖတ်ပြီးရည်ရွယ်ချက်ခပ်ကြီးကြီး အမျိုးသမီးတွေဆို ပိုပြီးရွေးချယ်လေ့ရှိခဲ့ပါတယ်။
-သွယ်လျှတဲ့ကိုယ်ခန္ဓာအချိုးအစားရှိပြီးသာမာန် runway model တွေထက်ပိုပြီးစွဲမက်ဖွယ်ကောင်းရပါမယ်။ (ဥပမာ- အပြုံး ၊ လမ်းလျှောက်ဟန် ၊ ကိုယ်နေဟန်ထား ၊ မျက်နှာအမူအရာ စသည်ဖြင့်)
-အမျိုးသမီးတစ်ယောက်မှာ ယေဘုယျအားဖြင့် 34-24-34 အချိုးအစားရှိရပါမယ်။ခြေတံသွယ်ပြီး Slim build ဖြစ်ရပါမယ်။
- အရပ် ၅ပေ၈ ကနေ ၆ပေအတွင်းဖြစ်ရပါမယ်။ ( ၆ပေထက်အနည်းငယ်ပိုလဲအဆင်ပြေပါသည်)
( အာရှတိုက်မှ Model များ ကို တော့ အရပ်အမြင့် ကို လျော့ ပေါ့ စဉ်းစားခဲ့တာတွေ့ ရမှာပါ )
-ရုပ်ရည်ချောမောလှပမှု့ကလဲတကယ့်ကိုအရေးကြီးပါတယ်။
Model များအနေနဲ့အရမ်းကြီးမချောတောင်သန့်သန့်ပြန့်ပြန့်နဲ့ကြည့်ကောင်းရပါမယ်။
အလှအပအနေနဲ့လဲတကယ့်ကိုအရေးပါပါတယ်တဲ့။
Model များအနေနဲ့အရမ်းကြီးမလှတောင်Classic ဆန်ဆန်နဲ့လှပနေပြီး fashion မကျတောင် အဝတ်အစားဝတ်စားပုံကအစတကယ့်ကိုသပ်သပ်ရပ်ရပ်ရှိဖို့လိုအပ်ပါတယ် ။
-လူမဲ၊အာရှတိုက်သူ၊western ဘက်က လူမျိုးများ ခွဲခြားထားခြင်းမရှိပါ။အကုန်ရွေးပါတယ်။ဖော်ပြပါအရည်အခြင်းနဲ့ပြည့်စုံခဲ့ရင်ပေါ့။
2019 ခုနှစ် လူစိတ်ဝင်စားမှု အများဆုံး Brand စာရင်း
အခုပြောပြသွားတဲ့အချက်လေးတွေကတော့ Victoria's Secret ရဲ့အခြေခံလိုအပ်ချက်လေးတွေပဲဒီတစ်ခါကတော့တကယ့်လိုအပ်တဲ့အရေးကြီးတဲ့အချက်တွေကို ရှင်းပြချင်ပါသေးတယ်။
- Get signed by a Major Agency
နာမည်ကြီး modeling agency တွေက modeling အလုပ်နဲ့ပက်သတ်ပြီးထောက်ခံထားတဲ့သူတွေကိုပဲ VS ကလက်ခံပါတယ်။(အလုပ်နဲ့ ပတ်သတ် နာမည်ပျက်ရှိဖူးသူဆိုလုံးဝလက်ခံတာမတွေ့ဖူးပါ)
VS model ဖြစ်လာဖို့ နာမည်ကြီး agency တွေနဲ့လက်မှတ်ထိုးထားဖို့လိုတယ်လည်းသိရပါတယ်။
- Attend a Victoria's Secret Casting
Fashion show တွေအားလုံးဟာပွဲမကျင်းပခင်မှာလူရွေးပဲကိုမဖြစ်မနေကျင်းပကြလေ့ရှိပါတယ် ။ ဆန္ဒပြင်းပြတဲ့ catwalker တွေနဲ့ လက်ရှိ VS model တွေကိုပါလူရွေးပွဲဝင်ဖို့ဖိတ်ခေါ်ပါတယ်။ သူတို့ဟာ producer တွေနဲ့ director တွေရှေ့မှာသူတို့ရဲ့လူမှု့ဆက်ဆံရေးကောင်းမွန်ပုံ နဲ့ ခန္ဓာကိုယ်အနေအထားလှပပုံစသည်တို့ကိုပြသကြရပါတယ်။ VS model တစ်ယောက်ဖြစ်လာဖို့ Casting လုပ်ရုံနဲ့ဖြစ်လာနိုင်ပေမဲ့ Angel တစ်ယောက်ဖြစ်ဖို့အတွက် casting နဲ့မလုံလောက်ပါဘူး။ VS ရဲ့လျှောက်လမ်းမပေါ်မှာတစ်နှစ်သို့မဟုတ်တစ်နှစ်ထက်ပိုပြီးလျှောက်ဖူးသူတွေ ၊ လျှောက်လမ်းမပေါ်မှာအကောင်းဆုံးလုပ်ပြနိူင်သူတွေသာ Angel တစ်ယောက်ဖြစ်လာလေ့ရှိပါတယ်။
Angelများအတွက်အထူးလိုအပ်ချက်များ
Angel တွေဟာ Company တွေရဲ့Brand ambassador တွေဖြစ်သလို show မကျင်းပခင်နဲ့ကျင်းပစဉ်ကာလတွေမှာ media တွေရဲ့အာရုံစိုက်ခံရဆုံးလူတွေဖြစ်တာကြောင့် လူမှု့ဆက်ဆံရေးသာမကအနေအထိုင်ပါအလွန်ဆင်ခြင်ရပါတယ်။
Angel တွေအနေနဲ့သည်းခံတက်မှု့၊ဖော်ရွေမှု့၊တာဝန်ခံမှု့ စတာတွေလဲအထူးလိုအပ်ပါတယ်။Angel တွေရဲ့နေ့စဉ်ဖြတ်သန်းမှု့၊ကျန်းမာအောင်နေမှု့၊active ဖြစ်မှု့စတာတွေကိုလဲ social media ပေါ်ကနေစောင့်ကြည့်လေ့ရှိပါတယ်တဲ့။
ထို့သို့ Brand ရဲ့ကို နာမည်ကိုထိန်းဖို့ဆိုတာVictoria's Secret မှ Model များကို ကြပ်ကြပ်မတ်မတ် ရှိစေဖို့ လုပ်ဆောင်ဖို့ရာမှာ အင်မတန်မှ ငွေကုန် ကြေးကျ များလွန်းပါတယ်ဒါ့ကြောင့်လဲ အဆိုပါ Show ပွဲ ကို L Brands လုပ်ငန်းစုမှ ရပ်ခဲ့တာဖြစ်ပါလိမ့်မည် …
သို့ ပေမဲ့ L Brands မှ အဆိုပါ Victoria's Secret Fashion ကို ခေတ္တ ရပ်တာလား ၊ လုံးဝ ရပ်တာ လားဆိုတာကိုတော့ အသေအခြာ ပြောပြ ထားခြင်းမရှိသေးပါဘူး။
ဆက်လက် စောင့်ကြည့်ရမှာ က  သူတို့ အနေနဲ့ သူတို့ ရဲ့ ကောင်းမွန်တဲ့ Marketing Method ကြီးကို လုံးဝ ရပ်တန့် ပြစ်ပါ့မလား ဒါက စိတ်ဝင်စားစရာပါပဲ။
<<< Unicode >>>
KOL Marketing အကြောင်းသိကောင်းစရာ