-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing ရဲ့အနက်အဓိပ္ပါယ်

ခင်ဗျားတို့ အရင်က Dictionary အဘိဓာန်တွေ သွားကြည့်ရင် Marketing ဆိုတဲ့ စကားလုံးကို တွေ့ရမှာ မဟုတ်ဘူး။

ခင်ဗျားတို့ Market ဈေးကွက်ဆိုတဲ့ စကားလုံးတော့ တွေ့ရလိမ့်မယ်။ အရင်က Marketing ဆိုတာ မရှိဘူး။ Marketing ဆိုတဲ့ စကားလုံးကို 1910 လောက်မှာမှ စသုံးလာကြတာ။

ဒီတော့ Marketing မရှိခင်တုန်းက အရင်က လူတွေ ဘယ်လို အလုပ်လုပ်ကြသလဲပေါ့။ Marketing မရှိခင် ခေတ်တွေတုန်းက လူတွေက P နှစ်ခုကိုပဲ အာရုံစိုက်တယ်။ Product ကုန်ပစ္စည်း နဲ့ Price ဈေးနှုန်းပဲ။ အဓိက ပိုကျတာက ဈေးနှုန်း။

လူတွေက ကိုယ့်ပစ္စည်းကို အကောင်းဆုံးနဲ့ အသက်သာဆုံးဖြစ်အောင် ကြိုးစားပြီးတော့ လုပ်ကြတယ်။ ကုန်ဈေးနှုန်းတွေ မကြီးအောင် သူတို့ စရိတ်တွေ လျှော့ချတယ်။ သူတို့ မကြော်ငြာဘူး။ Advertising စရိတ်တွေကို မသုံးဘူး။

ဒီတော့ စကားတစ်ခုတောင် ပေါ်လာသေးတယ်လေ။ ဘာတဲ့။ မင်းကုန်ပစ္စည်းကို ကြော်ငြာလို့ ကုန်သွားတဲ့ ငွေတွေကို မင်းပစ္စည်းပိုကောင်းအောင် လုပ်တဲ့နေရာမှာသာ သုံးခဲ့ရင် မင်းပစ္စည်းကို ကြော်ငြာနေစရာတောင် မလိုဘူး။ ဆိုတဲ့စကား။ ဆိုလိုတာ ပစ္စည်းကောင်းရင် ကြော်ငြာနေစရာ မလိုဘူးပေါ့။

 

ကြော်ငြာ အေဂျင်စီတစ်ခုမှ လူအားလုံး သြစတေးလျ တောမီးလောင်မှုအတွက် ကူညီနိုင်အောင်ဖန်တီးပေး

 

တကယ်တော့ ခင်ဗျားတို့လည်း သိတာပဲ။ အရည်အသွေးကောင်းတဲ့ ပစ္စည်းဆိုတာ ဈေးပေါပေါနဲ့ မရနိုင်ဘူးဆိုတာ။ ဒါပေမယ့် လူတွေက ဈေးပေါတာပဲ လိုချင်တယ်။ ဒီတော့ ပစ္စည်းကောင်းကောင်းတွေကို ဈေးကောင်းကောင်းနဲ့ ရောင်းလို့ မရနိုင်တော့ဘူးလား။

ဒီမေးခွန်းကို အဲ့ဒီခေတ်က အတော်ဆုံးဆိုတဲ့ အရောင်းသမားတွေကို အဖြေထုတ်ခိုင်းတယ်။ သူတို့ အဖြေမရှာနိုင်ဘူး။ ဒါပေမယ့် အရောင်းသမားတွေထဲကပဲ ဈေးရောင်းမကောင်းပေမယ့် ပိုပြီး အမြင်ကျယ်တဲ့သူတွေက ဒါကိုဖြစ်နိုင်တယ်လို့ လက်ခံတယ်။ သူတို့တွေက ဈေးရောင်းရတာမှာ အားမသန်ကြဘူး။ ဒါပေမယ့် ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ကြော်ငြာပေးရင် လူတွေပိုဝယ်မယ်ဆိုတာ သိတယ်။

အဲ့လိုနဲ့ ကြော်ငြာဘက်က လူတစ်ချို့ရယ် အရောင်းဘက်က လူတစ်ချို့ရယ်နဲ့ ပူးပေါင်းပြီး Marketing ဌာနတွေ ထူထောင်လာကြတယ်။

Marketing ဆိုတာ မင်းတို့ ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ချရောင်းစရာမလိုဘဲ ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရအောင် လုပ်ပေးတာကို ခေါ်တာပဲ။

 

<<< Zaw Gyi >>>

 

ခင္ဗ်ားတို႔ အရင္က Dictionary အဘိဓာန္ေတြ သြားၾကည့္ရင္ Marketing ဆိုတဲ့ စကားလံုးကို ေတြ႔ရမွာ မဟုတ္ဘူး။

ခင္ဗ်ားတို႔ Market ေစ်းကြက္ဆိုတဲ့ စကားလံုးေတာ့ ေတြ႕ရလိမ့္မယ္။ အရင္က Marketing ဆိုတာ မ႐ွိဘူး။ Marketing ဆိုတဲ့ စကားလံုးကို 1910 ေလာက္မွာမွ စသံုးလာၾကတာ။

ဒီေတာ့ Marketing မ႐ွိခင္တုန္းက အရင္က လူေတြ ဘယ္လို အလုပ္လုပ္ၾကသလဲေပါ့။ Marketing မ႐ွိခင္ ေခတ္ေတြတုန္းက လူေတြက P ႏွစ္ခုကိုပဲ အာရံုစိုက္တယ္။ Product ကုန္ပစၥည္း နဲ႔ Price ေစ်းႏႈန္းပဲ။ အဓိက ပိုက်တာက ေစ်းႏႈန္း။

လူေတြက ကိုယ့္ပစၥည္းကို အေကာင္းဆံုးနဲ႔ အသက္သာဆံုးျဖစ္ေအာင္ ႀကိဳးစားၿပီးေတာ့ လုပ္ၾကတယ္။ ကုန္ေစ်းႏႈန္းေတြ မႀကီးေအာင္ သူတို႔ စရိတ္ေတြ ေလွ်ာ့ခ်တယ္။ သူတို႔ မေၾကာ္ျငာဘူး။ Advertising စရိတ္ေတြကို မသံုးဘူး။

 

၂၀၂၀ ေနွာင္းပိုင္းမွာ ေခတ္စားေက်ာ္ၾကားလာနိုုင္တဲ႔ Podcast Advertising

 

ဒီေတာ့ စကားတစ္ခုေတာင္ ေပၚလာေသးတယ္ေလ။ ဘာတဲ့။ မင္းကုန္ပစၥည္းကို ေၾကာ္ျငာလို႔ ကုန္သြားတဲ့ ေငြေတြကို မင္းပစၥည္းပိုေကာင္းေအာင္ လုပ္တဲ့ေနရာမွာသာ သံုးခဲ့ရင္ မင္းပစၥည္းကို ေၾကာ္ျငာေနစရာေတာင္ မလိုဘူး။ ဆိုတဲ့စကား။ ဆိုလိုတာ ပစၥည္းေကာင္းရင္ ေၾကာ္ျငာေနစရာ မလိုဘူးေပါ့။

တကယ္ေတာ့ ခင္ဗ်ားတို႔လည္း သိတာပဲ။ အရည္အေသြးေကာင္းတဲ့ ပစၥည္းဆိုတာ ေစ်းေပါေပါနဲ႔ မရႏိုင္ဘူးဆိုတာ။ ဒါေပမယ့္ လူေတြက ေစ်းေပါတာပဲ လိုခ်င္တယ္။ ဒီေတာ့ ပစၥည္းေကာင္းေကာင္းေတြကို ေစ်းေကာင္းေကာင္းနဲ႔ ေရာင္းလို႔ မရႏိုင္ေတာ့ဘူးလား။

ဒီေမးခြန္းကို အဲ့ဒီေခတ္က အေတာ္ဆံုးဆိုတဲ့ အေရာင္းသမားေတြကို အေျဖထုတ္ခိုင္းတယ္။ သူတို႔ အေျဖမ႐ွာႏိုင္ဘူး။ ဒါေပမယ့္ အေရာင္းသမားေတြထဲကပဲ ေစ်းေရာင္းမေကာင္းေပမယ့္ ပိုၿပီး အျမင္က်ယ္တဲ့သူေတြက ဒါကိုျဖစ္ႏိုင္တယ္လို႔ လက္ခံတယ္။ သူတို႔ေတြက ေစ်းေရာင္းရတာမွာ အားမသန္ၾကဘူး။ ဒါေပမယ့္ ဘယ္ေနရာမွာ ဘယ္အခ်ိန္မွာ ဘယ္လိုပံုစံနဲ႔ ေၾကာ္ျငာေပးရင္ လူေတြပိုဝယ္မယ္ဆိုတာ သိတယ္။

အဲ့လိုနဲ႔ ေၾကာ္ျငာဘက္က လူတစ္ခ်ိဳ႕ရယ္ အေရာင္းဘက္က လူတစ္ခ်ိဳ႕ရယ္နဲ႔ ပူးေပါင္းၿပီး Marketing ဌာနေတြ ထူေထာင္လာၾကတယ္။

Marketing ဆိုတာ မင္းတို႔ ပစၥည္းေတြကို ေစ်းေပါေပါနဲ႔ ခ်ေရာင္းစရာမလိုဘဲ ေစ်းေကာင္းေကာင္းနဲ႔ ေရာင္းလို႔ရေအာင္ လုပ္ေပးတာကို ေခၚတာပဲ။

 

Source: Mr.marketing

 

Myanmar Advertising Directory

Read times
Rate this item
(0 votes)