-->
×

Warning

JUser: :_load: Unable to load user with ID: 29




 


 


 


 


 


 

Starbucks ရဲ့ LGBT ကြော်ငြာ

 


 


 


 


 


 


 


 

<<< Unicode >>>

 

အမေဇုန်ရဲ့ ဖြောင့်ချက်

-------------------

 

အမေဇုန်ဟာ သူတို့ရဲ့ ကြော်ငြာပလက်ဖောင်းမှာ အတွေ့အကြုံများတာမို့ ကြော်ငြာရှင်တွေဟာလည်း အမေဇုန်မှာ အလုအယက် ကြော်ငြာနေကြပါတယ်။

 

သို့ပေမဲ့ အမေဇုန်ဟာ ကြော်ငြာမယ်ဆိုရင် ကြော်ငြာအတွက်  ကြိုတင်ပေးချေရတာတွေရှိတာကြောင့် ကြော်ငြာရှင်တွေက ထွက်ခွာသွားတာလည်းရှိပါတယ်။

 

အမေဇုန်ဝက်ဆိုက်ပေါ်မှာဆို အမေဇုန်သုံးစွဲသူတွေဟာ အချိန်များစွာ ရှိနေကြတာပါ။

 

ကြော်ငြာရှင်တွေကလည်း ကြော်ငြာနဲ့ပတ်သက်ပြီး ရှေ့လုပ်ဆောင်မဲ့ အလားအလာတွေကို ကြည့်ပြီး အမေဇုန်ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုလာကြပါတယ်။  

 

မီဒီယာများနဲ့ အမေဇုန် နှစ်ခုလုံးကို ကြည့်ပြီး ကြော်ငြာရှင်တွေဟာလည်း  သူတို့အပေါ် အချိန်ပြည့် အားစိုက်လုပ်ပေးနိုင်တဲ့ သူတွေအပေါ်မှာပဲ ကြော်ငြာဖို့ အာရုံစိုက်လာကြပါတယ်

 

အမေဇုန်ဟာ သူတို့ရဲ့လုပ်ငန်းအပေါ် လူတွေပိုအာရုံစိုက်လာအောင်လည်း အခု စမ်းသပ်မှုတွေပြုလုပ်နေပါတယ်။  သူတို့ရဲ့ စာမျက်နှာမှာလည်း  အသွင်သစ်တွေကို လုပ်ဆောင်နေပြီး အမေဇုန်ကို မသိသူတွေတောင် ပိုအာရုံစိုက်လာစေရန်ဖြစ်ပါတယ်။

 

Xperience မှကြော်ငြာ လုပ်ငန်း တည်ထောင်သူ ကိုညီညီ နှင့် အင်တာဗျူး

 

အသစ်ဖန်တီးထားတဲ့ အရာတွေထဲမှာ အမေဇုန်ရဲ့ လက်ရှိလုပ်ကိုင်နေမှုတွေကိုလည်း မြင်နိုင်အောင် ထည့်သွင်းထားတယ်လို့ အမေဇုန်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

 

အမေဇုန်ကို လူတွေထဲထဲဝင်ဝင် သုံးလာအောင် အမေဇုန်က လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ အပတ်ကဆိုရင် ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေ လေးပုံတစ်ပုံ ရှိခဲ့တဲ့ အကြောင်း အမေဇုန် ရင်းနှီးမြှပ်နှံသူတွေကို ပြောခဲ့ပါတယ်။

 

အခြား ကုမ္မဏီများရဲ့ ထောက်ခံမှုကို ရဖို့ လူမှုကြော်ငြာတွေမှာ အမေဇုန်ကို ကြည့်ပြီး ကြိုးစား အားထုတ်ဖို့  ပြောခဲ့ပါတယ်။

 

 မကြာသေးမီက ဗီဒီယိုကြော်ငြာတွေ ပေးဆောင်ရတာ ပိုကြီးထွားလာတဲ့ အကြောင်း လေ့လာသုံးသပ်သူတွေက သတိပြုမိခဲ့တယ်။ ယခုတော့ ကိုယ်တိုင်ဝန်ဆောင်မှုနဲ့ ကြော်ငြာတွေကို သေချာလုပ်ဖို့ ပြောခဲ့ပါတယ်။

 

အမေဇုန်ဟာ ကြော်ငြာရှင်များကို အမှတ်တံဆိပ်အတွက် ဖန်တီးကြဖို့နဲ့ ရှေ့ အလားအလာကို မြင်ဖို့ပြောခဲ့ပါတယ်။

 

အမေဇုန်ဟာ ပြီးခဲ့တဲ့အပတ်ကဆိုရင်  လူတွေရဲ့ စိတ်ဝင်စားမှုကိုပိုရဖို့ နယူးယောက်မှာ ပွဲတစ်ခုတောင် ကျင်းပခဲ့တယ်။

 

အေဂျင်စီများနဲ့ အရောင်းကိုယ်စားလှယ်များကိုလည်း အမေဇုန်မှာ အရောင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေကို စဉ်းစားဖို့ ရိုးရှင်းပြီး အဓိကအကြောင်းအရာများကို ပြောခဲ့တယ်။

 

Myanmar Advertising Directory 

 

 

Read times
Rate this item
(0 votes)