-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုဗစ်ကြောင့် Brands တွေ အသက်ရှူကြပ်နေ

ကမာၻတစ္လႊား ခရစ္ယာန္ဘာသာ၀င္တို႔ အီစတာပြဲေတာ္အတြက္ ခါတိုင္းႏွစ္မ်ားနဲ႔မတူ တစ္မူေလးနက္စြာျဖင့္ ဘုရားသခင္ထံ ဆုေတာင္းေနၾကခ်ိန္မ်ဳိးမွာ Brands ေတြအဖို႔
ေရာင္းအားကေတာ့ က်ဆင္းေနဦးမွာပဲဆိုတာ ေသခ်ာေနတယ္။

အီစတာပြဲေတာ္ရက္ပိုင္းဟာ Brands ေတြအတြက္ ဘယ္လို အေရးပါေနသလဲ။


● ေရာင္းအား ပိုေကာင္းတယ္။ အီစတာရာသီမွာ သၾကားလုံးလို မုန္႔အခ်ဳိ ေရာင္းအားက ဗာလင္တိုင္းေဒး၊ ေဟာလို၀င္၊ ေဆာင္းရာသီခရစ္စမတ္ အားလပ္ရက္ရွည္တို႔မွာ ေရာင္းခ်ရတဲ့ ေရာင္းအားထက္ ပိုမ်ားေလ့ ရွိတယ္။


● လူေတြက မသိတဲ့ Brands ေတြကို မ၀ယ္ၾကဘူး။ သူတို႔ သိထားၿပီးသား Brands ေတြကိုပဲ ေရြး၀ယ္ၾကတယ္။


● Brands တခ်ဳိ႕က အီစတာအခါသမယမွာ ေဈးကြက္ထဲ စတင္မိတ္ဆက္ၿပီး ေနရာရဖို႔ ႀကိဳးပမ္းၾကတယ္။ ဒီတစ္ႏွစ္မွာ ၀ယ္ျဖစ္သြားရင္ ေနာက္ႏွစ္ေတြလည္း ဒီ Brands ေတြကိုပဲ ၀ယ္ၾကမယ့္ အစဥ္အလာေရစီးေၾကာင္းထဲ ဒိုင္ဗင္ထိုး၀င္ဖို႔ ႀကိဳးပမ္းၾကတယ္။

 

ထူးျခားေနတာက ဒီႏွစ္မွာ ခါတိုင္းႏွစ္ေတြလို Easter egg မပါၾကဘဲ ဆင္ႏႊဲၾကတာ ျဖစ္တယ္။ ၁၉၅၂ ခုႏွစ္ ေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ အေမရိကန္အစိုးရ အိမ္ျဖဴေတာ္မွာ Easter egg မပါတာကို ၾကံဳရတယ္။ ယူေကမွာလည္း ၀ွက္ထားတဲ့ Easter egg လိုက္ရွာတဲ့ပြဲေတြ မက်င္းပႏိုင္ေတာ့ဘူး။ အဲဒီ ဥဖြက္တမ္းကစားဖို႔ ဥေတြကို ေခ်ာကလက္ေတြ၊ အခ်ဳိလုံးေတြနဲ႔ ဖန္တီးထုတ္လုပ္ၿပီး ေရာင္းခ်ၾကတယ္။ယုတ္စြအဆုံး ဗာတီကန္ကိုေတာင္ ပိတ္ထားရတယ္။ ခရစ္ယာန္ဘုရားေက်ာင္းေတြလည္း ပိတ္ထားၾကရတယ္။


နိမိတ္ေနာက္ နမာလိုက္တယ္လို႔ ဆိုရမလား။ တိုက္ဆိုင္တာတစ္ခုက ၿဗိတိသွ် ေရာ့ခ္ဂီတအဖြဲ႕ Darkness က သူတို႔ရဲ႕ ေနာက္ဆုံးေတးစုကို “Easter Is Cancelled” လို႔ အမည္ေပးထားတယ္။ အဲဒီေတးစုအတြက္ ေျမာက္အေမရိက စင္တင္ေတးဂီတပြဲမ်ား ေျဖေဖ်ာ္ေရး ခရီးစဥ္ကို ဖ်က္သိမ္းလိုက္ရတယ္။ တကယ့္ကို Easter Is Cancelled ျဖစ္သြားတယ္။

 

၂၀၁၉ ခုႏွစ္ကို ျပန္ၾကည့္ရင္ အေမရိကန္ တစ္ႏိုင္ငံတည္းမွာေတာင္ အီစတာအခါသမယမွာ စားစရာ၊ လက္ေဆာင္၊ ပန္းစည္း၊ အလွဆင္ပစၥည္း စတာေတြကို ၀ယ္ၾကတာ အေမရိကန္ေဒၚလာ ၁၈ ဘီလ်ံေက်ာ္ ရွိတယ္လ္ို႔ အေမရိကန္ႏိုင္ငံမွ the National Retail Federation က ခန္႔မွန္းတယ္။

 

ေခ်ာကလက္နဲ႔ သၾကားလုံး ျပဳလုပ္တဲ့လုပ္ငန္းေတြအဖို႔ အီစတာဟာ အထူးတလည္ အေရးႀကီးတယ္။ အေမရိကန္ႏိုင္ငံမွ နာမည္ေက်ာ္ ေခ်ာကလက္လုပ္ငန္းေတြ ျဖစ္ၾကတဲ့ Hershey’s, Mars နဲ႔ Mondelez International တို႔ အဖြဲ႕၀င္ျဖစ္တဲ့ National Confectioners Association အဆိုအရ Easter 2019 မွာ အီစတာ ခါေတာ္မီ ထုတ္လုပ္တဲ့ ေခ်ာကလက္ေတြ ေရာင္းအားက ေဒၚလာ ၁.၆ ဘီလ်ံ ရွိခဲ့တယ္။ အီစတာအတြက္ ေခ်ာကလက္နဲ႔ လုပ္ထားတဲ့ ဥေတြ၊ ယုန္႐ုပ္ေတြ၊ ၾကက္ေပါက္စအ႐ုပ္ေတြ ေရာင္းေကာင္းတယ္။

 

အဲဒီလိုမ်ဳိး ခါေတာ္မီေတြ ထုတ္လုပ္ ေရာင္းခ်တာမွာ ဗာလင္တိုင္းေဒးမွာ ေရာင္းအားက ေဒၚလာ ၇၂၁ သန္းပဲ ရွိခဲ့ပါတယ္။ ေဟာလို၀င္မွာ ေဒၚလာ ၇၄၉ သန္း ရွိၿပီး ေဆာင္းရာသီအားလပ္ရက္ရွည္မွာ ေဒၚလာ ၁.၂ ဘီလ်ံ ရွိခဲ့ပါတယ္။
ပိတ္သိမ္းၾကတာေတြ ေနရာအႏွံ႔၊ စီးပြားေရး လုပ္ငန္းေတြ ရပ္ထားလို႔ ထိခိုက္ေနတာလည္း ေနရာတိုင္းမွာ ျဖစ္ေနခ်ိန္ အီစတာအခါသမယမွာ သုံးျဖဳန္းဖို႔ လက္တြန္႔ေနၾကတယ္။

 

ကို႐ိုနာဗိုင္းရပ္စ္က အာရွမွ ဥေရာပနဲ႔ အေမရိကန္ကို ပ်ံ႕ႏွံ႔ကူးစက္တယ္။ ပြဲေတာ္ဆိုတဲ့ ေပ်ာ္ရႊင္မႈ ဆိတ္သုန္းတယ္။ အိမ္တြင္းအက်ဥ္း႐ုံး က်င္းပတဲ့ပြဲ ျဖစ္သြားတယ္။ ေဆြမ်ဳိးေတြ Zoom လို ဗီဒီယိုဆက္သြယ္မႈ အက္ပ္ေတြ သုံးၿပီး က်င္းပၾကတဲ့ပြဲအသြင္ကို ခံယူတယ္။ တကယ္လို႔ အီစတာယုန္ကေလး Easter Bunny ပါ၀င္မယ္ဆိုရင္ သူ႔ႏႈတ္သီးမွာ မတ္စ္ ၀တ္ဆင္ထားလိမ့္မယ္။

 

 

<<< Unicode >>>

 

ကိုဗစ်ကြောင့် Brands တွေ အသက်ရှူကြပ်နေ

--------------------------

 

ကမ္ဘာတစ်လွှား ခရစ်ယာန်ဘာသာဝင်တို့ အီစတာပွဲတော်အတွက် ခါတိုင်းနှစ်များနဲ့မတူ တစ်မူလေးနက်စွာဖြင့် ဘုရားသခင်ထံ ဆုတောင်းနေကြချိန်မျိုးမှာ Brands တွေအဖို့
ရောင်းအားကတော့ ကျဆင်းနေဦးမှာပဲဆိုတာ သေချာနေတယ်။

 

အီစတာပွဲတော်ရက်ပိုင်းဟာ Brands တွေအတွက် ဘယ်လို အရေးပါနေသလဲ။


● ရောင်းအား ပိုကောင်းတယ်။ အီစတာရာသီမှာ သကြားလုံးလို မုန့်အချို ရောင်းအားက ဗာလင်တိုင်းဒေး၊ ဟောလိုဝင်၊ ဆောင်းရာသီခရစ်စမတ် အားလပ်ရက်ရှည်တို့မှာ ရောင်းချရတဲ့ ရောင်းအားထက် ပိုများလေ့ ရှိတယ်။

● လူတွေက မသိတဲ့ Brands တွေကို မဝယ်ကြဘူး။ သူတို့ သိထားပြီးသား Brands တွေကိုပဲ ရွေးဝယ်ကြတယ်။


● Brands တချို့က အီစတာအခါသမယမှာ ဈေးကွက်ထဲ စတင်မိတ်ဆက်ပြီး နေရာရဖို့ ကြိုးပမ်းကြတယ်။ ဒီတစ်နှစ်မှာ ဝယ်ဖြစ်သွားရင် နောက်နှစ်တွေလည်း ဒီ Brands တွေကိုပဲ ဝယ်ကြမယ့် အစဉ်အလာရေစီးကြောင်းထဲ ဒိုင်ဗင်ထိုးဝင်ဖို့ ကြိုးပမ်းကြတယ်။

 

ထူးခြားနေတာက ဒီနှစ်မှာ ခါတိုင်းနှစ်တွေလို Easter egg မပါကြဘဲ ဆင်နွှဲကြတာ ဖြစ်တယ်။ ၁၉၅၂ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အစိုးရ အိမ်ဖြူတော်မှာ Easter egg မပါတာကို ကြုံရတယ်။ ယူကေမှာလည်း ဝှက်ထားတဲ့ Easter egg လိုက်ရှာတဲ့ပွဲတွေ မကျင်းပနိုင်တော့ဘူး။

 

အဲဒီ ဥဖွက်တမ်းကစားဖို့ ဥတွေကို ချောကလက်တွေ၊ အချိုလုံးတွေနဲ့ ဖန်တီးထုတ်လုပ်ပြီး ရောင်းချကြတယ်။ ယုတ်စွအဆုံး ဗာတီကန်ကိုတောင် ပိတ်ထားရတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေလည်း ပိတ်ထားကြရတယ်။ 

 

နိမိတ်နောက် နမာလိုက်တယ်လို့ ဆိုရမလား။ တိုက်ဆိုင်တာတစ်ခုက ဗြိတိသျှ ရော့ခ်ဂီတအဖွဲ့ Darkness က သူတို့ရဲ့ နောက်ဆုံးတေးစုကို “Easter Is Cancelled” လို့ အမည်ပေးထားတယ်။ အဲဒီတေးစုအတွက် မြောက်အမေရိက စင်တင်တေးဂီတပွဲများ ဖြေဖျော်ရေး ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတယ်။ တကယ့်ကို Easter Is Cancelled ဖြစ်သွားတယ်။

 

၂၀၁၉ ခုနှစ်ကို ပြန်ကြည့်ရင် အမေရိကန် တစ်နိုင်ငံတည်းမှာတောင် အီစတာအခါသမယမှာ စားစရာ၊ လက်ဆောင်၊ ပန်းစည်း၊ အလှဆင်ပစ္စည်း စတာတွေကို ဝယ်ကြတာ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ရှိတယ်လို့ အမေရိကန်နိုင်ငံမှ the National Retail Federation က ခန့်မှန်းတယ်။

 

ချောကလက်နဲ့ သကြားလုံး ပြုလုပ်တဲ့လုပ်ငန်းတွေအဖို့ အီစတာဟာ အထူးတလည် အရေးကြီးတယ်။ အမေရိကန်နိုင်ငံမှ နာမည်ကျော် ချောကလက်လုပ်ငန်းတွေ ဖြစ်ကြတဲ့ Hershey’s, Mars နဲ့ Mondelez International တို့ အဖွဲ့ဝင်ဖြစ်တဲ့ National Confectioners Association အဆိုအရ Easter 2019 မှာ အီစတာ ခါတော်မီ ထုတ်လုပ်တဲ့ ချောကလက်တွေ ရောင်းအားက ဒေါ်လာ ၁.၆ ဘီလျံ ရှိခဲ့တယ်။

 

အီစတာအတွက် ချောကလက်နဲ့ လုပ်ထားတဲ့ ဥတွေ၊ ယုန်ရုပ်တွေ၊ ကြက်ပေါက်စအရုပ်တွေ ရောင်းကောင်းတယ်။ အဲဒီလိုမျိုး ခါတော်မီတွေ ထုတ်လုပ် ရောင်းချတာမှာ ဗာလင်တိုင်းဒေးမှာ ရောင်းအားက ဒေါ်လာ ၇၂၁ သန်းပဲ ရှိခဲ့ပါတယ်။ ဟောလိုဝင်မှာ ဒေါ်လာ ၇၄၉ သန်း ရှိပြီး ဆောင်းရာသီအားလပ်ရက်ရှည်မှာ ဒေါ်လာ ၁.၂ ဘီလျံ ရှိခဲ့ပါတယ်။


ပိတ်သိမ်းကြတာတွေ နေရာအနှံ့၊ စီးပွားရေး လုပ်ငန်းတွေ ရပ်ထားလို့ ထိခိုက်နေတာလည်း နေရာတိုင်းမှာ ဖြစ်နေချိန် အီစတာအခါသမယမှာ သုံးဖြုန်းဖို့ လက်တွန့်နေကြတယ်။

 

ကိုရိုနာဗိုင်းရပ်စ်က အာရှမှ ဥရောပနဲ့ အမေရိကန်ကို ပျံ့နှံ့ကူးစက်တယ်။ ပွဲတော်ဆိုတဲ့ ပျော်ရွှင်မှု ဆိတ်သုန်းတယ်။ အိမ်တွင်းအကျဉ်းရုံး ကျင်းပတဲ့ပွဲ ဖြစ်သွားတယ်။ ဆွေမျိုးတွေ Zoom လို ဗီဒီယိုဆက်သွယ်မှု အက်ပ်တွေ သုံးပြီး ကျင်းပကြတဲ့ပွဲအသွင်ကို ခံယူတယ်။ တကယ်လို့ အီစတာယုန်ကလေး Easter Bunny ပါဝင်မယ်ဆိုရင် သူ့နှုတ်သီးမှာ မတ်စ် ဝတ်ဆင်ထားလိမ့်မယ်။

 

Myanmar Advertising Directory 

 

 

 

Read times
Rate this item
(0 votes)