-->
×

Warning

JUser: :_load: Unable to load user with ID: 29


တောင်ပံတွေ မရလို့ ဒေါ်လာ ၁၃ သန်း လျော်ကြေးပေးရတဲ့ Red Bull ကြော်ငြာ

စွမ်းအားဖြည့် အချိုရည် Red Bull က 

“ Red Bull၊ သင့်ကိုတောင်ပံတွေပေးတယ်” 

“Red Bull. It gives you wings!”
ဆိုတဲ့ကြွေးကြော်သံဖြင့် ကြော်ငြာတယ်။
အဲဒီစာသားက စွမ်းရည်ပြည့်ဝသော ကဖိန်းဓာတ်ပါဝင်မှုကို ညွှန်ပြပြီး သောက်လိုက်ပြီးတဲ့အခါ ပေါ့ပါးပျံတက်သွားမယ့်သဘောကို ရည်ညွှန်းနေတယ်။ တကယ့်ကို လိမ္မာပါးနပ်တဲ့ စိတ်ကူးပဲလို့ ချီးကျူးစရာ ဖြစ်နေတယ်။ လက်တွေ့မှာတော့ အဲဒီစာသားကို အကြောင်းပြုပြီး တရားစွဲခံရလို့ Red Bull က လျော်ကြေးတွေ
ပေးခဲ့ရတယ်။

Red Bull website မှာ ဖော်ပြထားတာ Red Bull Energy Drink 250ml (8.4 oz) သံဘူးတစ်ဘူးမှာ ပါဝင်တဲ့ ကဖိန်းက ကော်ဖီတစ်ခွက်မှာ ပါတဲ့ပမာဏအတိုင်း ပါတယ်လို့ ဆိုထားတယ်။ အကြမ်းအားဖြင့် 80mg ပါဝင်တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ကနေဒါနိုင်ငံမှာ လူအများ ကိုယ်စားပြု တရားစွဲဆိုတာကို Red Bull ရင်ဆိုင်ရတယ်။ စာသားမှာ ပါတဲ့အတိုင်း တောင်ပံတွေ မရလို့ မကျေနပ်တဲ့သူတိုင်းကို အမေရိကန် ၁၀ ဒေါ်လာပေးလျော်ဖို့ တရားစွဲတယ်။

တောင်ပံတွေ ပေးတယ်ဆိုပြီး မပေးတဲ့အတွက် လှည့်စားသောစျေးကွက်ရှာဖွေရေး ဆိုတဲ့ စွပ်စွဲချက်ဖြင့် အမှုဖွင့်တယ်။ တကယ်တမ်းကျတော့ Red Bull သောက်လို့ တောင်ပံတွေ မပေးဘူး။ စွမ်းဆောင်ရည်လည်း တိုးတက်ကောင်းမွန်တဲ့ ရလဒ်လည်း မရဘူးဆိုတဲ့ သက်သေပြချက်ဖြင့် လျှောက်လဲချက် ပေးတယ်။
လျော်ကြေး ဒေါ်လာ ၈၅၀,၀၀၀ ပေးလိုက်ရတယ်။
အဲဒီပမာဏက မများဘူးလို့ ဆိုရမယ်။ ဘာလို့လဲဆိုတော့ ၂၀၁၃ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုမှာ အလားတူ တရားစွဲဆိုမှု ဖြစ်ပွားခဲ့ရာ Red Bull က ဒေါ်လာ ၁၃ သန်း လျော်ကြေး ပေးခဲ့ရတယ်။

thetakeout.com

ေတာင္ပံေတြ မရလို႔ ေဒၚလာ ၁၃ သန္း ေလ်ာ္ေၾကးေပးရတဲ့ Red Bull ေၾကာ္ျငာ

စြမ္းအားျဖည့္ အခ်ိဳရည္ Red Bull က
“ Red Bull၊ သင့္ကိုေတာင္ပံေတြေပးတယ္”
“Red Bull. It gives you wings!”
ဆိုတဲ့ေႂကြးေၾကာ္သံျဖင့္ ေၾကာ္ျငာတယ္။
အဲဒီစာသားက စြမ္းရည္ျပည့္ဝေသာ ကဖိန္းဓာတ္ပါဝင္မႈကို ၫႊန္ျပၿပီး ေသာက္လိုက္ၿပီးတဲ့အခါ ေပါ့ပါးပ်ံတက္သြားမယ့္သေဘာကို ရည္ၫႊန္းေနတယ္။ တကယ့္ကို လိမၼာပါးနပ္တဲ့ စိတ္ကူးပဲလို႔ ခ်ီးက်ဴးစရာ ျဖစ္ေနတယ္။ လက္ေတြ႕မွာေတာ့ အဲဒီစာသားကို အေၾကာင္းျပဳၿပီး တရားစြဲခံရလို႔ Red Bull က ေလ်ာ္ေၾကးေတြ
ေပးခဲ့ရတယ္။

Red Bull website မွာ ေဖာ္ျပထားတာ Red Bull Energy Drink 250ml (8.4 oz) သံဘူးတစ္ဘူးမွာ ပါဝင္တဲ့ ကဖိန္းက ေကာ္ဖီတစ္ခြက္မွာ ပါတဲ့ပမာဏအတိုင္း ပါတယ္လို႔ ဆိုထားတယ္။ အၾကမ္းအားျဖင့္ 80mg ပါဝင္တာ ျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ ဩဂုတ္လမွာ ကေနဒါႏိုင္ငံမွာ လူအမ်ား ကိုယ္စားျပဳ တရားစြဲဆိုတာကို Red Bull ရင္ဆိုင္ရတယ္။ စာသားမွာ ပါတဲ့အတိုင္း ေတာင္ပံေတြ မရလို႔ မေက်နပ္တဲ့သူတိုင္းကို အေမရိကန္ ၁၀ ေဒၚလာေပးေလ်ာ္ဖို႔ တရားစြဲတယ္။

ေတာင္ပံေတြ ေပးတယ္ဆိုၿပီး မေပးတဲ့အတြက္ လွည့္စားေသာေစ်းကြက္ရွာေဖြေရး ဆိုတဲ့ စြပ္စြဲခ်က္ျဖင့္ အမႈဖြင့္တယ္။ တကယ္တမ္းက်ေတာ့ Red Bull ေသာက္လို႔ ေတာင္ပံေတြ မေပးဘူး။ စြမ္းေဆာင္ရည္လည္း တိုးတက္ေကာင္းမြန္တဲ့ ရလဒ္လည္း မရဘူးဆိုတဲ့ သက္ေသျပခ်က္ျဖင့္ ေလွ်ာက္လဲခ်က္ ေပးတယ္။
ေလ်ာ္ေၾကး ေဒၚလာ ၈၅၀,၀၀၀ ေပးလိုက္ရတယ္။
အဲဒီပမာဏက မမ်ားဘူးလို႔ ဆိုရမယ္။ ဘာလို႔လဲဆိုေတာ့ ၂၀၁၃ ခုႏွစ္တုန္းက အေမရိကန္ျပည္ေထာင္စုမွာ အလားတူ တရားစြဲဆိုမႈ ျဖစ္ပြားခဲ့ရာ Red Bull က ေဒၚလာ ၁၃ သန္း ေလ်ာ္ေၾကး ေပးခဲ့ရတယ္။

thetakeout.com

Read times
Rate this item
(0 votes)