-->
×

Warning

JUser: :_load: Unable to load user with ID: 29


မမြင်သာသည့် ပြိုင်ဘက်

(unicode+ zawgyi)သင် လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းအမျိုးအစားတွင်

ပြိုင်ဖက်ရှိနေဖို့ ဖြစ်နိုင်ခြေ အလွန်များသည်။
ထိုလုပ်ငန်းက သင် ရောင်းချနေသည်ကို ရောင်းနေသည်။ သင်ရောင်းသည့် ဝန်ဆောင်မှုမျိုးကို သူကလည်း ရောင်းချနေသည်။
ထိုသူသည် သင့်ပြိုင်ဘက်ဟု မြင်သာနေသည်။
စဉ်းစားကြည့်ကြမည်။
စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးသည် မြို့တွင် အခြားစား သောက်ဆိုင် မရှိသဖြင့် မိမိဘာသာ အားရကျေနပ်နေမည်။ သို့သော် မြို့တွင် ရှိနေသည့် ရုပ်ရှင်ရုံသည် သူ့ပြိုင်ဘက်ဖြစ်နေသည်ကို သူ သတိမမူမိချေ။
မိသားစုတစ်ခုက ‘‘ဒီည အိမ်မှာ မနေဘဲ တစ်နေရာ ရာကို သွားကြရအောင်’’ ဟူသည့် စိတ်ကူးဖြင့် အပြင်ထွက်သည့်အခါ "စားသောက်ဆိုင်မှာ ညစာ အတူသွားစားကြမယ်" ဟု စိတ်ကူးမိလျှင် သူ့ စားသောက်ဆိုင်သို့ မိသားစု ရောက်ရှိလာမည်။
"ထမင်းစောစော စားထားကြမယ်။ ညကျ ရုပ်ရှင်သွားကြည့်မယ်" ဟု စိတ်ကူးမိလျှင် စားသောက်ဆိုင်သို့ မိသားသစု ရောက်လာကြတော့မည်မဟုတ်။ သူတို့ အပိုသုံးမည့်ငွေကို စားသောက်ဆိုင်မှ မရ။ ရုပ်ရှင်ရုံမှ ရသွားမည်။
တစ်နည်းဆိုရသော် စားသောက်ဆိုင် ရရှိမည့် ရပေါက်ရလမ်းကို ရုပ်ရှင်ရုံက ရသွားသည်။
သွယ်ဝိုက်သော နည်းအားဖြင့် ရုပ်ရှင်ရုံသည် စားသောက်ဆိုင်၏ ပြိုင်ဘက် ဖြစ်နေသည်။

zawgyi

စဉ်းစားကြည့်ကြမည်။

Read times
Rate this item
(1 Vote)