-->
×

Warning

JUser: :_load: Unable to load user with ID: 29


တန်ဖိုးဖြည့်ထည့်ခြင်းနှင့် တန်ဖိုးယုတ်လျော့ခြင်း

ရောင်းစရာတွင် တန်ဖိုးထပ်ဖြည့်ထည့်ခြင်း ပြုသည့်အခါ

သင်၏ ပြိုင်ဘက်များ ကြား၌ သင်၏ ရောင်းစရာသည် ထင်းထင်းပေါ်နေမည့် ဖြည့်စွက်ခြင်း၊ စားသုံးသူတို့ မျက်စိကျစရာ ဖြစ်နေစေမည့် ဖြည့်စွက် ခြင်းကို ရှာကြံပြီး ဖြည့်ထည့်ပေးရမည်။ သတိပြုရမည့်အချက်မှာ လူတစ်ဦးအဖို့ တန်ဖိုးတိုးခြင်း ဖြစ်သော်လည်း အခြားသူတစ်ဦးအဖို့ တန်ဖိုးယုတ်လျော့ခြင်း ဖြစ်နေတတ်သည်။

၁၉၆၅ ခုနှစ်တွင် ပီတာ ဘွိုင်ဇော့က ပီဇာအိပ်စ်ပရက်စ်ကို ထူထောင် လုပ်ကိုင်ခဲ့သည်။ ထိုစဉ်က အီတလီ အစားအစာ ပီဇာကို အခြားနိုင်ငံများ တွင် သိကြသူ အတော်နည်းပါးသည်။ လန်ဒန်မြို့တွင် ပီဇာဆိုင် ဟူ၍ တစ်ဆိုင်မှ မရှိချေ။ အစောကတည်းက ဘွိုင်ဇော့သည် တစ်ခုခုအပိုဆောင်း ပြီး ပေးရမည်ဟု စိတ်ကူးအကြံ ရှိထားနှင့်သည်။ သူ၏ ပီဇာဆိုင်များတွင် ဂျပ်ဇ်ဂီတဝိုင်းဖြင့် ဖြေဖျော်ပေးထားသည်။
လူသိများသော ဂျပ်ဇ်ဂီတ ပညာရှင် အများအပြားတို့သည် ပီဇာအိပ်စ်ပရက်စ်ဆိုင်တွင် ဖြေဖျော်ခြင်း ဖြင့် စတင်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ စားသောက်ဆိုင်များတွင် တီးဝိုင်းဖြင့် အခမဲ့ဖြေဖျော်ပေးခြင်းများ ရှိနေပြီဖြစ်သည်။ သို့သော် အများစုသည် ကြုံရာကျပန်း ဖြေဖျော်တင်ဆက်ပေးကြခြင်းသာ ဖြစ်နေ သည်။ မြတ်နိုးသော အနုပညာတစ်ရပ်ကို ပုံမှန်တင်ဆက်ပေးနေပြီး ၎င်းအနုပညာကို မွေ့လျော်ရန် လာရောက်စားသောက်ကြသူများကို ဆွဲ ဆောင်သော တန်ဖိုးထပ်ဖြည့်ခြင်းမျိုး မဟုတ်ကြချေ။

ပီဇာအိပ်စ်ပရက်စ်တွင် အဖွဲ့ဝင်ကလပ် ထားရှိသည်။ နှစ်စဉ်ကြေးမှာ တစ်နှစ်လျှင် ၄၅ ပေါင်ဖြစ်သည်။ အဖွဲ့ဝင်များသည် အခမဲ့ ရယူရန် စားစရာစာရင်းထဲမှ လေးခုကို အခမဲ့ မှာစားခွင့် ရှိသည်။ထို့အပြင် ဝိုင် တစ်ဖန်ခွက်ကိုလည်း အခမဲ့ ရယူခွင့် ရှိသည်။ ပီဇာအိပ်စ်ပရက် ဂျပ်ဇ်ကလပ်သို့ အဖွဲ့ဝင်အဖြစ် အခမဲ့ ဝင်ခွင့် ရှိသည်။ တစ်ဆယ်ကြိမ် ဝယ်စားပြီးတိုင်း ၁ဝ ပေါင် တန်ဖိုးရှိသည့် ဘောက်ချာလက်မှတ်တစ်စောင် ရရှိသည်။

ယခုလို အပိုဆောင်းတန်ဖိုးများ ထည့်ပေးထားခြင်းဖြင့် ပြိုင်ဘက်တို့ ကို တောင့်ခံနိုင်နေစေသည်။ အမေရိကန် ပီဇာဆိုင်ခွဲများ ဖွင့်လှစ်ရောင်း ချသည့် လုပ်ငန်းနယ်ပယ်တွင် ဆိုင်အရေအတွက် များများဖွင့်ပြီး နေရာ တိုင်းမှာ ရနိုင်အောင် လုပ်ထားခြင်းဖြင့် ရောင်းအားကို မြှင့်တင်ကြသည်။

ပီဇာအိပ်စ်ပရက်စ်သည် အခြားပီဇာလုပ်ငန်းများထက် စျေးပိုယူ၍ ရနေ စေသည်။ အကြောင်းမှာ ၎င်းမှ စီစဉ်ပေးထားသော တန်ဖိုးဖြည့်ထည့်ပေး ခြင်းများသည် တန်ဖိုးထားစရာ ထိုက်ထိုက်တန်တန်များ ဖြစ်နေသော ကြောင့် ဖြစ်သည်။ စျေးမြှင့်ထားခြင်းဖြင့် အရည်အသွေးကောင်းကောင်း ဖြင့် ထုတ်လုပ်ပေးနိုင်ပြီး အပေါစားပီဇာအညံ့စား ထုတ်လုပ်ရောင်းချခြင်း ကို စျေးကွက်ထဲမှ နှင်ထုတ်ပေးရာ ရောက်သည့် အကျိုးကျေးဇူးကိုလည်း ရရှိနေစေသည်။

သော့ချက်များ
======

မိမိပေးသည့် တန်ဖိုးထပ်ဖြည့်ခြင်းသည် မိမိ ပစ်မှတ်ထားသော စား သုံးသူအုပ်စုများအတွက်သာ ဆီလျော်လိမ့်မည်။

စျေးနှုန်းကို ဆီလျော်အောင် သတ်မှတ်ပါ။ လူအများတို့သည် ထိုက် ထိုက်တန်တန် ပိုရနေသည်ဆိုပါက စျေးနှုန်းကို ပိုပေးဖို့ ဝန်မလေး ကြမည် မဟုတ်ချေ။

ဖြည့်ထည့်ပေးသည့် တန်ဖိုးဖြင့် အရောင်းမြှင့်တင်ပါ။ ဖောက်သည်တို့ သည် သင် ရောင်းချသည့်အရာကို သိထားပြီးသားဖြစ်သည်။ သို့ဖြစ်ရာ ရောင်းချသည့်အရာအကြောင်းကို ကြော်ငြာခြင်းထက် ဖြည့်ထည့်ပေး တန်ဖိုးကို ကြော်ငြာပေးခြင်းဖြင့် ဆွဲဆောင်ပါ။

 

တန္ဖိုးျဖည့္ထည့္ျခင္းႏွင့္ တန္ဖိုးယုတ္ေလ်ာ့ျခင္း

ေရာင္းစရာတြင္ တန္ဖိုးထပ္ျဖည့္ထည့္ျခင္း ျပဳသည့္အခါ သင္၏ ၿပိဳင္ဘက္မ်ား ၾကား၌ သင္၏ ေရာင္းစရာသည္ ထင္းထင္းေပၚေနမည့္ ျဖည့္စြက္ျခင္း၊ စားသုံးသူတို႔ မ်က္စိက်စရာ ျဖစ္ေနေစမည့္ ျဖည့္စြက္ ျခင္းကို ရွာႀကံၿပီး ျဖည့္ထည့္ေပးရမည္။ သတိျပဳရမည့္အခ်က္မွာ လူတစ္ဦးအဖို႔ တန္ဖိုးတိုးျခင္း ျဖစ္ေသာ္လည္း အျခားသူတစ္ဦးအဖို႔ တန္ဖိုးယုတ္ေလ်ာ့ျခင္း ျဖစ္ေနတတ္သည္။

၁၉၆၅ ခုႏွစ္တြင္ ပီတာ ဘြိဳင္ေဇာ့က ပီဇာအိပ္စ္ပရက္စ္ကို ထူေထာင္ လုပ္ကိုင္ခဲ့သည္။ ထိုစဥ္က အီတလီ အစားအစာ ပီဇာကို အျခားႏိုင္ငံမ်ား တြင္ သိၾကသူ အေတာ္နည္းပါးသည္။ လန္ဒန္ၿမိဳ႕တြင္ ပီဇာဆိုင္ ဟူ၍ တစ္ဆိုင္မွ မရွိေခ်။ အေစာကတည္းက ဘြိဳင္ေဇာ့သည္ တစ္ခုခုအပိုေဆာင္း ၿပီး ေပးရမည္ဟု စိတ္ကူးအႀကံ ရွိထားႏွင့္သည္။ သူ၏ ပီဇာဆိုင္မ်ားတြင္ ဂ်ပ္ဇ္ဂီတဝိုင္းျဖင့္ ေျဖေဖ်ာ္ေပးထားသည္။
လူသိမ်ားေသာ ဂ်ပ္ဇ္ဂီတ ပညာရွင္ အမ်ားအျပားတို႔သည္ ပီဇာအိပ္စ္ပရက္စ္ဆိုင္တြင္ ေျဖေဖ်ာ္ျခင္း ျဖင့္ စတင္ခဲ့ၾကျခင္း ျဖစ္သည္။
ယခုအခါ စားေသာက္ဆိုင္မ်ားတြင္ တီးဝိုင္းျဖင့္ အခမဲ့ေျဖေဖ်ာ္ေပးျခင္းမ်ား ရွိေနၿပီျဖစ္သည္။ သို႔ေသာ္ အမ်ားစုသည္ ႀကဳံရာက်ပန္း ေျဖေဖ်ာ္တင္ဆက္ေပးၾကျခင္းသာ ျဖစ္ေန သည္။ ျမတ္ႏိုးေသာ အႏုပညာတစ္ရပ္ကို ပုံမွန္တင္ဆက္ေပးေနၿပီး ၎အႏုပညာကို ေမြ႕ေလ်ာ္ရန္ လာေရာက္စားေသာက္ၾကသူမ်ားကို ဆြဲ ေဆာင္ေသာ တန္ဖိုးထပ္ျဖည့္ျခင္းမ်ိဳး မဟုတ္ၾကေခ်။

ပီဇာအိပ္စ္ပရက္စ္တြင္ အဖြဲ႕ဝင္ကလပ္ ထားရွိသည္။ ႏွစ္စဥ္ေၾကးမွာ တစ္ႏွစ္လွ်င္ ၄၅ ေပါင္ျဖစ္သည္။ အဖြဲ႕ဝင္မ်ားသည္ အခမဲ့ ရယူရန္ စားစရာစာရင္းထဲမွ ေလးခုကို အခမဲ့ မွာစားခြင့္ ရွိသည္။ထို႔အျပင္ ဝိုင္ တစ္ဖန္ခြက္ကိုလည္း အခမဲ့ ရယူခြင့္ ရွိသည္။ ပီဇာအိပ္စ္ပရက္ ဂ်ပ္ဇ္ကလပ္သို႔ အဖြဲ႕ဝင္အျဖစ္ အခမဲ့ ဝင္ခြင့္ ရွိသည္။ တစ္ဆယ္ႀကိမ္ ဝယ္စားၿပီးတိုင္း ၁ဝ ေပါင္ တန္ဖိုးရွိသည့္ ေဘာက္ခ်ာလက္မွတ္တစ္ေစာင္ ရရွိသည္။

ယခုလို အပိုေဆာင္းတန္ဖိုးမ်ား ထည့္ေပးထားျခင္းျဖင့္ ၿပိဳင္ဘက္တို႔ ကို ေတာင့္ခံႏိုင္ေနေစသည္။ အေမရိကန္ ပီဇာဆိုင္ခြဲမ်ား ဖြင့္လွစ္ေရာင္း ခ်သည့္ လုပ္ငန္းနယ္ပယ္တြင္ ဆိုင္အေရအတြက္ မ်ားမ်ားဖြင့္ၿပီး ေနရာ တိုင္းမွာ ရႏိုင္ေအာင္ လုပ္ထားျခင္းျဖင့္ ေရာင္းအားကို ျမႇင့္တင္ၾကသည္။

ပီဇာအိပ္စ္ပရက္စ္သည္ အျခားပီဇာလုပ္ငန္းမ်ားထက္ ေစ်းပိုယူ၍ ရေန ေစသည္။ အေၾကာင္းမွာ ၎မွ စီစဥ္ေပးထားေသာ တန္ဖိုးျဖည့္ထည့္ေပး ျခင္းမ်ားသည္ တန္ဖိုးထားစရာ ထိုက္ထိုက္တန္တန္မ်ား ျဖစ္ေနေသာ ေၾကာင့္ ျဖစ္သည္။ ေစ်းျမႇင့္ထားျခင္းျဖင့္ အရည္အေသြးေကာင္းေကာင္း ျဖင့္ ထုတ္လုပ္ေပးႏိုင္ၿပီး အေပါစားပီဇာအညံ့စား ထုတ္လုပ္ေရာင္းခ်ျခင္း ကို ေစ်းကြက္ထဲမွ ႏွင္ထုတ္ေပးရာ ေရာက္သည့္ အက်ိဳးေက်းဇူးကိုလည္း ရရွိေနေစသည္။

ေသာ့ခ်က္မ်ား
======

မိမိေပးသည့္ တန္ဖိုးထပ္ျဖည့္ျခင္းသည္ မိမိ ပစ္မွတ္ထားေသာ စား သုံးသူအုပ္စုမ်ားအတြက္သာ ဆီေလ်ာ္လိမ့္မည္။

ေစ်းႏႈန္းကို ဆီေလ်ာ္ေအာင္ သတ္မွတ္ပါ။ လူအမ်ားတို႔သည္ ထိုက္ ထိုက္တန္တန္ ပိုရေနသည္ဆိုပါက ေစ်းႏႈန္းကို ပိုေပးဖို႔ ဝန္မေလး ၾကမည္ မဟုတ္ေခ်။

ျဖည့္ထည့္ေပးသည့္ တန္ဖိုးျဖင့္ အေရာင္းျမႇင့္တင္ပါ။ ေဖာက္သည္တို႔ သည္ သင္ ေရာင္းခ်သည့္အရာကို သိထားၿပီးသားျဖစ္သည္။ သို႔ျဖစ္ရာ ေရာင္းခ်သည့္အရာအေၾကာင္းကို ေၾကာ္ျငာျခင္းထက္ ျဖည့္ထည့္ေပး တန္ဖိုးကို ေၾကာ္ျငာေပးျခင္းျဖင့္ ဆြဲေဆာင္ပါ။

Read times
Rate this item
(0 votes)