-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရောင်းကုန်ကို အခမဲ့ပေးဝေတာ အဓိပ္ပာယ် ရှိလား

ရောင်းချရမည့် ရောင်းကုန်ကို အခမဲ့ပေးဝေခြင်းသည် အဓိပ္ပာယ်မရှိဟု

ထင်မြင်ရပေသည်။ သို့သော် အချို့ကိစ္စရပ်တို့တွင် စျေးကွက်အသစ်ထဲ ၌ နေရာရယူပြီး ထူထောင်ရန် ၎င်းနည်းလမ်းတစ်ခုသာ ရှိသည်။ ထုတ်ကုန်သည် တော်လှန်ပြောင်းလဲထားသောအရာမျိုး ဖြစ်နေပါက စမ်းသုံးကြည့်မည့်သူ အနည်းငယ်သာ ရှိမည်။ သို့ဖြစ်ရာ ငွေကြေးဖြင့် ရောင်းချပါက စမ်းသုံးကြည့်ဖို့ လက်တွန့်နေကြမည်ဖြစ်သဖြင့် ငွေချေ ခိုင်းခြင်းသည် အဟန့်အတားတစ်ခု ဖြစ်နေမည်။
အချို့ကိစ္စရပ်တို့ တွင် အခမဲ့ပေးဝေမှ ပိုအဆင်ပြေသည်။ ဆိုလိုသည်မှာ အခမဲ့ပေးဝေသော ရောင်းကုန် သည် နောက်နောင်လည်း အကြိမ်ကြိမ် ဝယ်ယူသုံးစွဲမည့်အရာမျိုး ဖြစ် ရမည်။ ကာလတိုအတွင်း ထပ်မံဝယ်သုံးရမည့်ပစ္စည်းမျိုး ဖြစ်ရမည်။
တစ်ကြိမ်တစ်ခါ အလကားပေးပြီးသောအခါ ဆက်လက်သုံးစွဲ လိုသဖြင့် အကြိမ်ကြိမ် ဝယ်ယူသုံးစွဲခြင်းကြောင့် စီးပွားလမ်းဖြောင့်ဖြူး နေစေမည်ဖြစ်သည်။
ယခုလို အခမဲ့ပေးသည့်ကျင့်ထုံးအတွက် ဥပမာများ အများအပြားရှိနေ သည်။ မူလစက်ကိရိယာကို စျေးသက်သက်သာသာဖြင့် ရောင်းချပေး ခြင်းဖြင့် ဝယ်ယူသုံးစွဲစေသည်။ ထိုစက်ကိရိယာအတွက် အရံပစ္စည်း များ၊ အချိန်အခါအလျောက် အသစ်လဲလှယ်တပ်ဆင်ရသည့် အပို ပစ္စည်း အစိတ်အပိုင်းများကို စျေးကောင်းကောင်းဖြင့် ရောင်းချကာ အမြတ်ရှာယူကြသည်။
စက်ရုံမှ ထွက်သမျှ ထုတ်ကုန်တိုင်းကို ရောင်းကုန်ဟု ပုံသေကားကျ မသတ်မှတ်သင့်ချေ။ မိတ်ဆက်သည့်အနေဖြင့် အခမဲ့ပေးသင့်ပါက ပေးရမည်။ အခမဲ့ပေးခြင်းဖြင့် စျေးကွက်တွင် အောင်မြင်မှုကို ရယူကြ သည်ကိုလည်း သတိမူရမည်ဖြစ်သည်။
နမူနာ ဖြစ်ရပ်မှန်တစ်ခုကို တင်ပြပါမည်။
ဓားမရှသော ဘေးကင်းသည့် မုတ်ဆိတ်ရိတ်တံကို ဂျီးလက်ကတီထွင် ခဲ့စဉ်က သူသည် ပုလင်းဖုံး ထုတ်လုပ်သည့်စက်ရုံတွင် အရောင်းသမား အဖြစ် လုပ်ကိုင်လျက် ရှိသည်။ သူသုံးစွဲလက်စဖြစ်သည့် သင်တုံးဓား သည် တုံးသွားတိုင်း ပြန်ပြန်သွေးနေရသည်။ သို့ဖြစ်ရာ တစ်ခါသုံးဓား ကို တီထွင်နိုင်လျှင် ဟန်ကျမည်ဟု စိတ်ကူးရရှိသည်။
သူက နာရီမှာ ပါရှိသည့် စပရိန်ခွေ သတ္တုသားကို ဘလိတ်ဓားအဖြစ် အသုံးပြုကာ မုတ်ဆိတ်ရိတ် တံကို တီထွင်နိုင်ခဲ့သည်။ သို့သော် ထုတ်လုပ်သည့်ပမာဏ အရွယ်အစား သည် ခုရေ သန်းချီပြီး ထုတ်လုပ်မှသာ တွက်ခြေကိုက်မည်။ အမြတ်ထွက် မည်။ ထိုသို့သော အရေအတွက် ထုတ်လုပ်ရောင်းချရန်အတွက် ဝယ်လို အားကလည်း သန်းချီပြီး ရှိဖို့လိုသည်။ လူအများအပြားတို့သည် သုံး နေကျဖြစ်သည့် သင်ဓုန်းဓားကို စွန့်ပယ်ပြီး သူထုတ်လုပ်သည့် မုတ်ဆိတ် ရိတ်တံကို ပြောင်းလဲသုံးစွဲကြခြင်း အချိန်တိုတိုအတွင်း ဖြစ်ပေါ်ဖို့ လိုသည်။
သို့ဖြစ်ရာ ဂျီးလက်က မုတ်ဆိတ်ရိတ်တံကို အစမ်းသုံးကြည့်ကြဖို့ အခမဲ့ပေးဝေရန် ဆုံးဖြတ်ချက် ချခဲ့သည်။
ဂျီးလက်က ထောင်ချီသော အရေအတွက်ရှိသည့် မုတ်ဆိတ်ရိတ်တံ များကို အလကား ပေးဝေသည်။ ဘလိတ်ဓားများကိုပါ လက်ဆောင် အဖြစ် တစ်ပါတည်း ထည့်ပေးလိုက်သေးသည်။ သူ့ကရိယာကို သုံးပြီး သူတိုင်းသည် သင်ဓုန်းဓားကို ပြန်သုံးဖြစ်တော့မည်မဟုတ်ဟု သူ သိနေ သည်။ ထိုသို့ ရိတ်ကြရင်း ရက်အတန်ကြာသည့်အခါ ဘလိတ်ဓား တုံး သွားသဖြင့် အသစ်ဝယ်ကြရတော့မည် ဖြစ်သည်။ ထိုအခါ၌ ဂျီးလက် သည် စျေးကွက်ကို သိမ်းပိုက်လိုက်တော့သည်။ အစမ်းသုံးကြည့်လိုသူများ များပြားလွန်းနေသဖြင့် အခမဲ့ပေးဝေရာ၌ ဘလိတ်ဓားများကို အလျဉ်မီ အောင် ထုတ်လုပ်နိုင်ခြင်း မရှိတော့ချေ။
စျေကွက်ထဲတွင် ရောင်းကုန်အသစ် ထူထူထောင်ထောင် ဖြစ်သော အခါ အစမ်းသုံးကြည့်ဖူးထားသူတို့က သုံးစွဲသည့်အတွက် အဆင်ပြေ သည့် အတွေ့အကြုံကို အသိမိတ်ဆွေတို့အား ပြောပြသည်။ ထိုအခါ သုံးစွဲသူဦးရေ တိုးလာသည်။ ထိုအခါ ဘလိတ်ဓားတို့ ရောင်းအား မြင့် တက်လာသည်။ ဂျီလက်က မုတ်ဆိတ်ရိတ်တံများကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် သက်သာသောစျေးနှုန်းဖြင့် အရှုံးခံပြီး ရောင်းချပေး သည်။ ဘလိတ်ဓားများကို အမြတ်တင်ပြီး ရောင်းချသည်။
ယခုအခါ ဂျီးလက်ထက် စျေးသက်သာသော ပလတ်စတစ်ဖြင့် ပြု လုပ်ထားသည့် တစ်ခါသုံး မုတ်ဆိတ်ရိတ်တံများကို ထုတ်လုပ်ရောင်းချ သူများ အမြောက်အမြား ရှိနေပြီဖြစ်သည်။ ရောင်းချရသည့် ပမာဏသည် လည်း ဂျီးလက်ထက် သာလွန်နေသည်။ သို့သော် ဂျီးလက်သည် ယနေ့ အထိ မုတ်ဆိတ်ရိတ်တံကို အခမဲ့ရောင်းချပြီး ဘလိတ်ဓားကတ်ကို အမြတ်တင်ပြီး ရောင်းချသည့် နည်းလမ်းကို သုံးနေဆဲဖြစ်ပြီး အလုပ်ဖြစ် နေဆဲဖြစ်သည်။

သော့ချက်များ
========
ရေရှည်တွင် အကြိမ်ကြိမ် ဝယ်ယူရမည့် ရောင်းကုန်မျိုးကို ဖော်ထုတ် သတ်မှတ်ရမည်။ အပိုပစ္စည်း၊ အရံပစ္စည်း၊ အသွားတုံးသဖြင့် အသစ် လဲလှယ်ရမည့် အစိတ်အပိုင်း စသဖြင့် ကြံဆသတ်မှတ်ရမည်။
မိမိ ပစ်မှတ်ထားသော စျေးကွက်ကို သတ်မှတ်ရမည်။ တွေ့သမျှလူ တိုင်းကို ရောင်းကုန်အား အခမဲ့ပေးခြင်း မပြုရ။ ပစ်မှတ်ထားသည့်သူ များကိုသာ အခမဲ့ ပေးရမည်။ သို့မှသာ နောက်နောင်တွင် မိမိမှ အကြိမ်ကြိမ် ထပ်မံရောင်းချရန် ရည်ရွယ်ထားသော ရောင်းကုန်ကို အခမဲ့ရရှိထားသူတို့က ဝယ်ယူကြမည် ဖြစ်သည်။
လိုအပ်ပါက မူပိုင်ခွင့်ကို မိမိလက်ဝယ် ရယူထားရမည်။ မိမိမှ အကြိမ်ကြိမ် ရောင်းချမည့်ရောင်းကုန်ကို တုပထုတ်လုပ်ကာ ပိုသက် သာသောစျေးနှုန်းဖြင့် လုပ်ကိုင်မည့်သူများ မလွဲမသွေ ပေါ်လာမည် ဖြစ်သဖြင့် မူပိုင်ခွင့်ဖြင့် တားဆီးရမည် ဖြစ်သည်။ ထိုသို့ တားဆီးရန် ရည်ရွယ်ထားကြောင်းကိုလည်း အစောကတည်းက လူသိရှင်ကြား ကြေညာပေးထားရမည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ထိရောက်အကျိုး ရှိသည်။

နောက်ဆက်တွဲ
=======
ယခုအခါ ဂျီးလက်၏ တစ်ခါသုံး မုတ်ဆိတ်ရိတ်တံကို ဈေးသက်သာသော နည်းလမ်းဖြင့် ထုတ်လုပ်ရောင်းချနေကြသည်။ ဓားလဲနေဖို့ မလို။ ဓားအသစ် လဲတပ်လို့ရအောင်လည်း စရိတ်အကုန်ခံပြီး လုပ်မထားချေ။ ဓားရော ရိတ်တံရော လွှင့်ပစ်၍ ရလောက်အောင် ဈေးပေါပေးထားသည်။
မူပိုင်ခွင့်သည် နိုင်ငံတိုင်း၌ သက်ရောက်ပေးနိုင်ခြင်း မရှိချေ။ တရားစွဲလျှင်လည်း စရိတ်ကြီးသည့်အပြင် အချိန်အတော်ကြာသည်။
မည်သို့ပြုသင့်သနည်း။ ကုန်ပစ္စည်းတို့တွင် ဈေးနှုန်းအရ အတန်းအစားများ ရှိနေပြီး အတန်းအစားအလိုက် အသုံးခံသည့်ကာလ ကွာသည့်အပြင် အရည်အသွေးလည်း ကွာသည်။ သို့ဖြစ်ရာ အမြင့်တန်းမှာ အောင်မြင်နေသဖြင့် ကျေနပ် မနေသင့်။ အနိမ့်တန်းတွင်လည်း နောက်ထပ် Brand များ မွေးထားပြီး အနိမ့်တန်းမှာ ပြိုင်ဘက်များကို တိုက်ခိုက်ပေးနေရမည်။ အကယ်၍ အလယ်အလတ်တန်း ရှိနေလျှင်လည်း အလားတူပင် လုပ်ကိုင်ပေးရမည် ဖြစ်တော့သည်။

 

zawgyi

ေရာင္းခ်ရမည့္ ေရာင္းကုန္ကို အခမဲ့ေပးေဝျခင္းသည္ အဓိပၸာယ္မရွိဟု ထင္ျမင္ရေပသည္။ သို႔ေသာ္ အခ်ိဳ႕ကိစၥရပ္တို႔တြင္ ေစ်းကြက္အသစ္ထဲ ၌ ေနရာရယူၿပီး ထူေထာင္ရန္ ၎နည္းလမ္းတစ္ခုသာ ရွိသည္။ ထုတ္ကုန္သည္ ေတာ္လွန္ေျပာင္းလဲထားေသာအရာမ်ိဳး ျဖစ္ေနပါက စမ္းသုံးၾကည့္မည့္သူ အနည္းငယ္သာ ရွိမည္။ သို႔ျဖစ္ရာ ေငြေၾကးျဖင့္ ေရာင္းခ်ပါက စမ္းသုံးၾကည့္ဖို႔ လက္တြန္႔ေနၾကမည္ျဖစ္သျဖင့္ ေငြေခ် ခိုင္းျခင္းသည္ အဟန္႔အတားတစ္ခု ျဖစ္ေနမည္။
အခ်ိဳ႕ကိစၥရပ္တို႔ တြင္ အခမဲ့ေပးေဝမွ ပိုအဆင္ေျပသည္။ ဆိုလိုသည္မွာ အခမဲ့ေပးေဝေသာ ေရာင္းကုန္ သည္ ေနာက္ေနာင္လည္း အႀကိမ္ႀကိမ္ ဝယ္ယူသုံးစြဲမည့္အရာမ်ိဳး ျဖစ္ ရမည္။ ကာလတိုအတြင္း ထပ္မံဝယ္သုံးရမည့္ပစၥည္းမ်ိဳး ျဖစ္ရမည္။
တစ္ႀကိမ္တစ္ခါ အလကားေပးၿပီးေသာအခါ ဆက္လက္သုံးစြဲ လိုသျဖင့္ အႀကိမ္ႀကိမ္ ဝယ္ယူသုံးစြဲျခင္းေၾကာင့္ စီးပြားလမ္းေျဖာင့္ျဖဴး ေနေစမည္ျဖစ္သည္။
ယခုလို အခမဲ့ေပးသည့္က်င့္ထုံးအတြက္ ဥပမာမ်ား အမ်ားအျပားရွိေန သည္။ မူလစက္ကိရိယာကို ေစ်းသက္သက္သာသာျဖင့္ ေရာင္းခ်ေပး ျခင္းျဖင့္ ဝယ္ယူသုံးစြဲေစသည္။ ထိုစက္ကိရိယာအတြက္ အရံပစၥည္း မ်ား၊ အခ်ိန္အခါအေလ်ာက္ အသစ္လဲလွယ္တပ္ဆင္ရသည့္ အပို ပစၥည္း အစိတ္အပိုင္းမ်ားကို ေစ်းေကာင္းေကာင္းျဖင့္ ေရာင္းခ်ကာ အျမတ္ရွာယူၾကသည္။
စက္႐ုံမွ ထြက္သမွ် ထုတ္ကုန္တိုင္းကို ေရာင္းကုန္ဟု ပုံေသကားက် မသတ္မွတ္သင့္ေခ်။ မိတ္ဆက္သည့္အေနျဖင့္ အခမဲ့ေပးသင့္ပါက ေပးရမည္။ အခမဲ့ေပးျခင္းျဖင့္ ေစ်းကြက္တြင္ ေအာင္ျမင္မႈကို ရယူၾက သည္ကိုလည္း သတိမူရမည္ျဖစ္သည္။
နမူနာ ျဖစ္ရပ္မွန္တစ္ခုကို တင္ျပပါမည္။
ဓားမရွေသာ ေဘးကင္းသည့္ မုတ္ဆိတ္ရိတ္တံကို ဂ်ီးလက္ကတီထြင္ ခဲ့စဥ္က သူသည္ ပုလင္းဖုံး ထုတ္လုပ္သည့္စက္႐ုံတြင္ အေရာင္းသမား အျဖစ္ လုပ္ကိုင္လ်က္ ရွိသည္။ သူသုံးစြဲလက္စျဖစ္သည့္ သင္တုံးဓား သည္ တုံးသြားတိုင္း ျပန္ျပန္ေသြးေနရသည္။ သို႔ျဖစ္ရာ တစ္ခါသုံးဓား ကို တီထြင္ႏိုင္လွ်င္ ဟန္က်မည္ဟု စိတ္ကူးရရွိသည္။
သူက နာရီမွာ ပါရွိသည့္ စပရိန္ေခြ သတၱဳသားကို ဘလိတ္ဓားအျဖစ္ အသုံးျပဳကာ မုတ္ဆိတ္ရိတ္ တံကို တီထြင္ႏိုင္ခဲ့သည္။ သို႔ေသာ္ ထုတ္လုပ္သည့္ပမာဏ အ႐ြယ္အစား သည္ ခုေရ သန္းခ်ီၿပီး ထုတ္လုပ္မွသာ တြက္ေျခကိုက္မည္။ အျမတ္ထြက္ မည္။ ထိုသို႔ေသာ အေရအတြက္ ထုတ္လုပ္ေရာင္းခ်ရန္အတြက္ ဝယ္လို အားကလည္း သန္းခ်ီၿပီး ရွိဖို႔လိုသည္။ လူအမ်ားအျပားတို႔သည္ သုံး ေနက်ျဖစ္သည့္ သင္ဓုန္းဓားကို စြန္႔ပယ္ၿပီး သူထုတ္လုပ္သည့္ မုတ္ဆိတ္ ရိတ္တံကို ေျပာင္းလဲသုံးစြဲၾကျခင္း အခ်ိန္တိုတိုအတြင္း ျဖစ္ေပၚဖို႔ လိုသည္။
သို႔ျဖစ္ရာ ဂ်ီးလက္က မုတ္ဆိတ္ရိတ္တံကို အစမ္းသုံးၾကည့္ၾကဖို႔ အခမဲ့ေပးေဝရန္ ဆုံးျဖတ္ခ်က္ ခ်ခဲ့သည္။
ဂ်ီးလက္က ေထာင္ခ်ီေသာ အေရအတြက္ရွိသည့္ မုတ္ဆိတ္ရိတ္တံ မ်ားကို အလကား ေပးေဝသည္။ ဘလိတ္ဓားမ်ားကိုပါ လက္ေဆာင္ အျဖစ္ တစ္ပါတည္း ထည့္ေပးလိုက္ေသးသည္။ သူ႔ကရိယာကို သုံးၿပီး သူတိုင္းသည္ သင္ဓုန္းဓားကို ျပန္သုံးျဖစ္ေတာ့မည္မဟုတ္ဟု သူ သိေန သည္။ ထိုသို႔ ရိတ္ၾကရင္း ရက္အတန္ၾကာသည့္အခါ ဘလိတ္ဓား တုံး သြားသျဖင့္ အသစ္ဝယ္ၾကရေတာ့မည္ ျဖစ္သည္။ ထိုအခါ၌ ဂ်ီးလက္ သည္ ေစ်းကြက္ကို သိမ္းပိုက္လိုက္ေတာ့သည္။ အစမ္းသုံးၾကည့္လိုသူမ်ား မ်ားျပားလြန္းေနသျဖင့္ အခမဲ့ေပးေဝရာ၌ ဘလိတ္ဓားမ်ားကို အလ်ဥ္မီ ေအာင္ ထုတ္လုပ္ႏိုင္ျခင္း မရွိေတာ့ေခ်။
ေစ်ကြက္ထဲတြင္ ေရာင္းကုန္အသစ္ ထူထူေထာင္ေထာင္ ျဖစ္ေသာ အခါ အစမ္းသုံးၾကည့္ဖူးထားသူတို႔က သုံးစြဲသည့္အတြက္ အဆင္ေျပ သည့္ အေတြ႕အႀကဳံကို အသိမိတ္ေဆြတို႔အား ေျပာျပသည္။ ထိုအခါ သုံးစြဲသူဦးေရ တိုးလာသည္။ ထိုအခါ ဘလိတ္ဓားတို႔ ေရာင္းအား ျမင့္ တက္လာသည္။ ဂ်ီလက္က မုတ္ဆိတ္ရိတ္တံမ်ားကို ထုတ္လုပ္မႈ ကုန္က်စရိတ္ထက္ သက္သာေသာေစ်းႏႈန္းျဖင့္ အရႈံးခံၿပီး ေရာင္းခ်ေပး သည္။ ဘလိတ္ဓားမ်ားကို အျမတ္တင္ၿပီး ေရာင္းခ်သည္။
ယခုအခါ ဂ်ီးလက္ထက္ ေစ်းသက္သာေသာ ပလတ္စတစ္ျဖင့္ ျပဳ လုပ္ထားသည့္ တစ္ခါသုံး မုတ္ဆိတ္ရိတ္တံမ်ားကို ထုတ္လုပ္ေရာင္းခ် သူမ်ား အေျမာက္အျမား ရွိေနၿပီျဖစ္သည္။ ေရာင္းခ်ရသည့္ ပမာဏသည္ လည္း ဂ်ီးလက္ထက္ သာလြန္ေနသည္။ သို႔ေသာ္ ဂ်ီးလက္သည္ ယေန႔ အထိ မုတ္ဆိတ္ရိတ္တံကို အခမဲ့ေရာင္းခ်ၿပီး ဘလိတ္ဓားကတ္ကို အျမတ္တင္ၿပီး ေရာင္းခ်သည့္ နည္းလမ္းကို သုံးေနဆဲျဖစ္ၿပီး အလုပ္ျဖစ္ ေနဆဲျဖစ္သည္။

ေသာ့ခ်က္မ်ား
========
ေရရွည္တြင္ အႀကိမ္ႀကိမ္ ဝယ္ယူရမည့္ ေရာင္းကုန္မ်ိဳးကို ေဖာ္ထုတ္ သတ္မွတ္ရမည္။ အပိုပစၥည္း၊ အရံပစၥည္း၊ အသြားတုံးသျဖင့္ အသစ္ လဲလွယ္ရမည့္ အစိတ္အပိုင္း စသျဖင့္ ႀကံဆသတ္မွတ္ရမည္။
မိမိ ပစ္မွတ္ထားေသာ ေစ်းကြက္ကို သတ္မွတ္ရမည္။ ေတြ႕သမွ်လူ တိုင္းကို ေရာင္းကုန္အား အခမဲ့ေပးျခင္း မျပဳရ။ ပစ္မွတ္ထားသည့္သူ မ်ားကိုသာ အခမဲ့ ေပးရမည္။ သို႔မွသာ ေနာက္ေနာင္တြင္ မိမိမွ အႀကိမ္ႀကိမ္ ထပ္မံေရာင္းခ်ရန္ ရည္႐ြယ္ထားေသာ ေရာင္းကုန္ကို အခမဲ့ရရွိထားသူတို႔က ဝယ္ယူၾကမည္ ျဖစ္သည္။
လိုအပ္ပါက မူပိုင္ခြင့္ကို မိမိလက္ဝယ္ ရယူထားရမည္။ မိမိမွ အႀကိမ္ႀကိမ္ ေရာင္းခ်မည့္ေရာင္းကုန္ကို တုပထုတ္လုပ္ကာ ပိုသက္ သာေသာေစ်းႏႈန္းျဖင့္ လုပ္ကိုင္မည့္သူမ်ား မလြဲမေသြ ေပၚလာမည္ ျဖစ္သျဖင့္ မူပိုင္ခြင့္ျဖင့္ တားဆီးရမည္ ျဖစ္သည္။ ထိုသို႔ တားဆီးရန္ ရည္႐ြယ္ထားေၾကာင္းကိုလည္း အေစာကတည္းက လူသိရွင္ၾကား ေၾကညာေပးထားရမည္။ ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ပိုမို ထိေရာက္အက်ိဳး ရွိသည္။

ေနာက္ဆက္တြဲ
=======
ယခုအခါ ဂ်ီးလက္၏ တစ္ခါသုံး မုတ္ဆိတ္ရိတ္တံကို ေဈးသက္သာေသာ နည္းလမ္းျဖင့္ ထုတ္လုပ္ေရာင္းခ်ေနၾကသည္။ ဓားလဲေနဖို႔ မလို။ ဓားအသစ္ လဲတပ္လို႔ရေအာင္လည္း စရိတ္အကုန္ခံၿပီး လုပ္မထားေခ်။ ဓားေရာ ရိတ္တံေရာ လႊင့္ပစ္၍ ရေလာက္ေအာင္ ေဈးေပါေပးထားသည္။
မူပိုင္ခြင့္သည္ ႏိုင္ငံတိုင္း၌ သက္ေရာက္ေပးႏိုင္ျခင္း မရွိေခ်။ တရားစြဲလွ်င္လည္း စရိတ္ႀကီးသည့္အျပင္ အခ်ိန္အေတာ္ၾကာသည္။
မည္သို႔ျပဳသင့္သနည္း။ ကုန္ပစၥည္းတို႔တြင္ ေဈးႏႈန္းအရ အတန္းအစားမ်ား ရွိေနၿပီး အတန္းအစားအလိုက္ အသုံးခံသည့္ကာလ ကြာသည့္အျပင္ အရည္အေသြးလည္း ကြာသည္။ သို႔ျဖစ္ရာ အျမင့္တန္းမွာ ေအာင္ျမင္ေနသျဖင့္ ေက်နပ္ မေနသင့္။ အနိမ့္တန္းတြင္လည္း ေနာက္ထပ္ Brand မ်ား ေမြးထားၿပီး အနိမ့္တန္းမွာ ၿပိဳင္ဘက္မ်ားကို တိုက္ခိုက္ေပးေနရမည္။ အကယ္၍ အလယ္အလတ္တန္း ရွိေနလွ်င္လည္း အလားတူပင္ လုပ္ကိုင္ေပးရမည္ ျဖစ္ေတာ့သည္။

Read times
Rate this item
(0 votes)