-->
×

Warning

JUser: :_load: Unable to load user with ID: 29


သတင်းအတွက် ကြော်ငြာဝင်ငွေမျှဝေရန် Facebook ငြင်းပယ်

Facebook မှကြော်ငြာဝင်ငွေများကို သတင်းအဖွဲ့အစည်းများနှင့် မျှဝေရန်


Australian Competition and Consumer Commission ( ACCC ) ၏ အဆိုပြုချက်ကို ငြင်းပယ်လိုက်ပြီး အကယ်၍ သတင်းများ ဝေမျှခြင်းကို လုံးဝရပ်တန့်ပါကလည်း ၎င်း၏စီးပွားရေးအပေါ် သိသာထင်ရှားသောသက်ရောက်မှုရှိလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

 

ဩစတေးလျတွင် သတင်းဌာနများသည် ကိုဗစ်ကာလအတွင်း ဝန်ထမ်းအင်အား လျှော့ချရခြင်း၊ လုပ်ငန်းပိတ်သိမ်းရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး Facebook နှင့် Google တို့တွင် ၎င်းတို့၏ သတင်းများ အခမဲ့ဖော်ပြပေးနေခြင်းကြောင့် Facebook နှင့် Google တို့တွင် သုံးစွဲသူများ ရှိနေစေပြီး ၎င်းသုံးစွဲသူများကို ကြော်ငြာများ ပြသခြင်းဖြင့် ရရှိသည့် ဝင်ငွေမှ တစ်စိတ်တစ်ပိုင်းကို သတင်းဌာနများအား ပေးသင့်သည်ဟု ACCC က အဆိုပြုခဲ့သည်။

 

Facebook နှင့် Google တို့က ယခင်ကတည်းက သတင်းများ သုံးစွဲဖော်ပြနေခြင်းအတွက် ငွေပေးဖို့ မလိုအပ်ကြောင်း ငြင်းပယ်ထားပြီးပြီ ဖြစ်ပြီး ယခု Facebook က ထပ်မံငြင်းပယ်ခြင်း ဖြစ်သည်။

 

Facebook က သတင်းများ လုံးဝ ဖယ်ရှားထားနိုင်ပြီး ၎င်း၏ လုပ်ငန်းအပေါ် သိသိသာသာ ထိခိုက်မှု ရှိမည် မဟုတ်ဟု ဆိုသည်။


"ကျွန်ုပ်တို့ရဲ့ News Feed မှာ ဘာတွေ ဘယ်လို ဖော်ပြမလဲဆိုတာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက ပြောင်းထားခဲ့ပြီးပါပြီ။ အဲဒီအပြောင်းအလဲကြောင့် လူအများကို ပြသတဲ့ သတင်းဌာနတွေရဲ့ စာမျက်နှာတွေ အပါအဝင် စာမျက်နှာတွေအားလုံးကို သုံးစွဲသူတွေ မြင်အောင် ပြသတာ လျှော့ချထားပါတယ်။ မိသားစုနဲ့ မိတ်ဆွေတွေ တင်ကြတဲ့ ပို့စ်တွေကို ပိုများများ မြင်ရအောင် လုပ်ထားပြီးသား ဖြစ်ပါတယ်"


"ဩစတေးလျမှာ Facebook က သတင်းဌာနစာမျက်နှာတွေရဲ့ သတင်းတွေကို မဖော်ပြတဲ့အတွက် သုံးစွဲသူ ပရိသတ်နဲ့ ဝင်ငွေ သိသိသာသာ ထိခိုက်မှာ မဟုတ်ဘူး"
ဟု Facebook က တုံ့ပြန်ပြောကြားသည်။

 

theguardian

 

သတင္းအတြက္ ေၾကာ္ျငာဝင္ေငြမွ်ေဝရန္ Facebook ျငင္းပယ္

---------------------------------------------------------------------------


Facebook မွေၾကာ္ျငာဝင္ေငြမ်ားကို သတင္းအဖြဲ႕အစည္းမ်ားႏွင့္ မွ်ေဝရန္ Australian Competition and Consumer Commission ( ACCC ) ၏ အဆိုျပဳခ်က္ကို ျငင္းပယ္လိုက္ၿပီး အကယ္၍ သတင္းမ်ား ေဝမွ်ျခင္းကို လုံးဝရပ္တန႔္ပါကလည္း ၎၏စီးပြားေရးအေပၚ သိသာထင္ရွားေသာသက္ေရာက္မႈရွိလိမ့္မည္မဟုတ္ဟု ေျပာၾကားခဲ့သည္။

 

ဩစေတးလ်တြင္ သတင္းဌာနမ်ားသည္ ကိုဗစ္ကာလအတြင္း ဝန္ထမ္းအင္အား ေလွ်ာ့ခ်ရျခင္း၊ လုပ္ငန္းပိတ္သိမ္းရျခင္းမ်ား ျဖစ္ေပၚခဲ့ၿပီး Facebook ႏွင့္ Google တို႔တြင္ ၎တို႔၏ သတင္းမ်ား အခမဲ့ေဖာ္ျပေပးေနျခင္းေၾကာင့္ Facebook ႏွင့္ Google တို႔တြင္ သုံးစြဲသူမ်ား ရွိေနေစၿပီး ၎သုံးစြဲသူမ်ားကို ေၾကာ္ျငာမ်ား ျပသျခင္းျဖင့္ ရရွိသည့္ ဝင္ေငြမွ တစ္စိတ္တစ္ပိုင္းကို သတင္းဌာနမ်ားအား ေပးသင့္သည္ဟု ACCC က အဆိုျပဳခဲ့သည္။

 

Facebook ႏွင့္ Google တို႔က ယခင္ကတည္းက သတင္းမ်ား သုံးစြဲေဖာ္ျပေနျခင္းအတြက္ ေငြေပးဖို႔ မလိုအပ္ေၾကာင္း ျငင္းပယ္ထားၿပီးၿပီ ျဖစ္ၿပီး ယခု Facebook က ထပ္မံျငင္းပယ္ျခင္း ျဖစ္သည္။

Facebook က သတင္းမ်ား လုံးဝ ဖယ္ရွားထားႏိုင္ၿပီး ၎၏ လုပ္ငန္းအေပၚ သိသိသာသာ ထိခိုက္မႈ ရွိမည္ မဟုတ္ဟု ဆိုသည္။


"ကြၽႏ္ုပ္တို႔ရဲ႕ News Feed မွာ ဘာေတြ ဘယ္လို ေဖာ္ျပမလဲဆိုတာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလကတည္းက ေျပာင္းထားခဲ့ၿပီးပါၿပီ။ အဲဒီအေျပာင္းအလဲေၾကာင့္ လူအမ်ားကို ျပသတဲ့ သတင္းဌာနေတြရဲ႕ စာမ်က္ႏွာေတြ အပါအဝင္ စာမ်က္ႏွာေတြအားလုံးကို သုံးစြဲသူေတြ ျမင္ေအာင္ ျပသတာ ေလွ်ာ့ခ်ထားပါတယ္။ မိသားစုနဲ႔ မိတ္ေဆြေတြ တင္ၾကတဲ့ ပို႔စ္ေတြကို ပိုမ်ားမ်ား ျမင္ရေအာင္ လုပ္ထားၿပီးသား ျဖစ္ပါတယ္"


"ဩစေတးလ်မွာ Facebook က သတင္းဌာနစာမ်က္ႏွာေတြရဲ႕ သတင္းေတြကို မေဖာ္ျပတဲ့အတြက္ သုံးစြဲသူ ပရိသတ္နဲ႔ ဝင္ေငြ သိသိသာသာ ထိခိုက္မွာ မဟုတ္ဘူး"
ဟု Facebook က တုံ႔ျပန္ေျပာၾကားသည္။

 

theguardian

Read times
Rate this item
(0 votes)