-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရုပ်ရှင်ကြော်ငြာ Trailer မှာပါတဲ့ ဇာတ်ကွက် ရုပ်ရှင်မှာ ဘာလို့ ပါမလာတာလဲ

အခုအချိန်မှာကိုဗစ်ဖြစ်လို့ လူတွေအနေနဲ့ရုပ်ရှင်တွေကို ရုပ်ရှင်ရုံတွေမှာ မကြည့်ကြရဘူး သို့ပေမယ့်တစ်ချို့တစ်လေကြတော့ ရုပ်ရှင်တွေကို ရုံမှာကြည့်ဖို့တောင် စိတ်ထဲသိပ်မရှိကြတော့ဘူး ဘာကြောင့်ဆို သူတို့စိတ်တွေထဲမှာ ရုပ်ရှင် ထွေလာ ကြော်ငြာ တွေက ရုပ်ရှင်တစ်ခုလုံးရဲ့ ဇာတ်လမ်းကို ပြောပြ လိုက်သလိုပဲလို့ ခံစားနေရလို့ပါ။

တစ်ခါတစ်လေရောက်ရင်ထိုအရာတွေကလဲ ပြဿနာရှိတယ်ပြောရမယ် ဘာလို့ဆို မာဗယ်ယူနီဘတ်က အောင်မြင်မှု့သရဖူဆောင်းနိုင်ခဲ့တယ် သို့ပေမယ့် သူတို့သတိထားနေရတာ သူတို့ရဲ့ ရုပ်ရှင်ကြော်ငြာပဲ။မာဘယ်ရဲ့ ပင့်ကူလူသား ထွေလာကို ကြည့်လိုက်မယ်ဆိုရင် ရုပ်ရှင်နဲ့ ကွာပြားတာတွေ့ရမယ်။

ရုပ်ရှင်ရဲ့ကြော်ငြာ မှာ အတည်ပေါက်ပြသွားခဲ့ရင်သူ့ ပရိသတ်တွေအတွက် စပွိုင်းလာ ( ဇာတ်ကို ကြိုရိပ်ကဲမိခြင်း ) ဖြစ်မယ် လူတွေ စိတ်အနှောက်အယှက်ဖြစ်ကြရလိမ့်မယ် တကယ်တန်းမှာ စူပါဟီးရိုး ပရိသတ်တွေဟာစပွိုင်းမိမှာကိုသိပ်ကြောက်ကြတယ် ။

ဒါကြောင့်မို့ မားဘယ်က လူတွေက လည်ကြတယ်ရုပ်ရှင်ထဲမှာ မပါတဲ့ ဇာတ်ဝင်ခန်းတွေကို ဂရပ်ဖစ်အကြမ်းစားတွေသုံးပြီး ရုပ်ရှင်ကြော်ငြာ တွေထည့်ကြတယ် ရုပ်ရှင်ထဲမှာ မပါတဲ့ အခန်းတွေပေါ့ ဒါတွေက ပရိသတ်ကို ဆွဲဆောင်ဖို့ အဓိက နည်းလမ်းပဲဖြစ်တယ်။

သူတို့ရုပ်ရှင် ကြော်ငြာတွေကို ရုပ်ရှင်မပြီးခင်မှာ ပရိသတ်ကို ပြတာများတယ်။ဒီလို ကြော်ငြာ ကိစ္စတွေကို ယခင်ခေတ်တွေတုန်းက လုပ်ခဲ့တဲ့သူကတော့ Hollywood က Classic Director ကြီး Alfred Hitchcock ပေါ့။

သူ့ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Psycho ဇာတ်ကားရဲ့ ရုပ်ရှင်ထွေလာကို ယခုကဲ့သို့ ထွေလာကို ပါးနပ်စွာ ပြခဲ့တာတွေ့ရတယ် Alfred ပြသခဲ့တာကတော့ မော်တယ်ကြီးကို ခြောက်ခြားဖွယ်ရိုက်ပြပြီး ၊ စက်ဆုတ်ယွံရှာဖွယ်ကောင်းတဲ့ အိမ်အိုကြီးတစ်လုံးကို ပြသခဲ့တာသိရတယ်။

ထိုဇာတ်ကားကြော်ငြာ ထဲမှာ Alfred က ဇာတ်ဆောင် ရေချိုးနေတဲ့ အခန်းနောက်က ရေချိုးခန်း လိုက်ကာကို ဆွဲပြီးပြသခဲ့တယ် Janet Leigh ဘာမှမလုပ်ခဲ့ကြောင်း မင်းသမီးရဲ့ ညီမ ဖြစ်သူသာလုပ်ခဲ့ကြောင်းပေါ့။

တကယ်တန်းမှာ ရုပ်ရှင်ထဲမှာတော့ ထို ကြော်ငြာ ထွေလာထဲကလို ဇာတ်လည်းမဟုတ်ခဲ့ဘူး သက်သက်လှည့်ထားရုံသာဖြစ်တယ်သိရပါတယ်။ထို့အပြင် ရုပ်ရှင်ထွေလာရဲ့သီချင်းဟာ အခြားထွေလာရဲ့ သီချင်းကို ထည့်ထားတာတွေ့ရပြီး ရုပ်ရှင်ဖျက်တဲ့ အခန်းတွေကို သဲထိတ်ရင်ဖို အံသြစရာကောင်းအောင်ဖြတ်ထားတာတွေ့ရတယ်။

ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Robert Zemeckis ပြောတဲ့ စကားအရဆိုရင် မင်းသားကြီး Tom Hanks ရဲ့ Castaway ရုပ်ရှင်ဇာတ်ကားအရဆိုရင် ဇာတ်ကားရဲ့ ကြော်ငြာထွေလာမှာ Tom Hank ကို ကျွန်းထဲမှာ မတွေ့ရပဲ သာမန် ရိုက်ပြထားတာတွေ့ရပါတယ်။မာဘယ်က သေချာပါတယ် ၎င်းတို့ အနေနဲ့ ထွေလာကို အကွက်ဆင်ငွေသိမ်းကျုံးယူတော့မယ်ဆိုတာပါပဲ။

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------

 


 


 


 


 


 


 


 


 


 

Ref Showbiz 

Read times
Rate this item
(1 Vote)