-->
×

Warning

JUser: :_load: Unable to load user with ID: 29


Black Friday ကြော်ငြာများနှင့် ကျေးဇူးတော်နေ့ ကြော်ငြာများအကြောင်း

နိုဝင်ဘာလ ၂၈ ရက်နေ့ကို အမေရိကန် ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ အဖြစ် ပွဲတော်ဆင်နွဲ ကြပါတယ်။အမေရိကန်တွေဟာ ၄ ပတ် မြှောက် ကြာသပတေးနေ့ကို ကျေးဇူးတော်နေ့ အဖြစ်သတ်မှတ်ကြပါသည်။ ကျေးဇူးတော်နေ့ ကိုဖော်ညွှန်းတဲ့ ကြော်ငြာတွေမှာ ဘာလို့ ကြက်ဆင် သားအကင် ပုံတွေပါတာလဲ ဟုတ်ပါတယ်။ ကျေးဇူးတော်နေ့မှာ မိသားစု ဝင်တိုင်းအထိမ်းအမှတ်အဖြစ်ကြက်ဆင်သားစားကြပါတယ်။

 

ထို့အတွက်ကြောင့် Wholesale အရောင်းစင်တာ တွေအနေနဲ့ ကြက်ဆင်ပုံနဲ့ ကြော်ငြာတွေကို ကျေးဇူးတော်နေ့ မတိုင်ခင် ရက်သတ္တပတ် အနည်း ငယ်ကြိုတင်ကာ လှလှပပ ဖန်တီးကြပါတယ်။

 

ကျေးဇူးတော်နေ့မှာဘာလို့ ကြက်ဆင်သားနဲ့ ဖရုံသီးအစာသွပ် ကိုစားကြတာလဲ ….

---------------------------------------------------------------------------------------------

 

William Bradford ရဲ့ စာအုပ်ထဲမှာ ရေးသား ထားတာတွေ့ရတာကတော့ ကြက်ဆင်တွေဆိုတာ မြှောက်အမေရိကရဲ့ ငှက်မျိုးစိပ်တွေထဲက တစ်မျိုးပါ။လူနီ အင်ဒီးယန်းတွေဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် အမေရိကန်တွေကို ကူညီ တယ်လို့ အမေရိကန်တွေက မှတ်ယူပြီး လူနီ အင်ဒီးယန်းတွေကို ညစာ ကျွေးမွေးဧည့်ခံရာမှ စတယ်ပြောရမယ်။

 

ပြောရရင်တော့ အမေရိကန်လူမျိုးနယ်သစ်မှာ အခြေချတဲ့ လူတွေက လူနီ အင်ဒီယန်းတွေကို ညစာကို ကြက် ဆင်သား နဲ့ အမဲသားဟင်းကြွေးမွေးရာမှ စတင် အစွဲရှိလာတာပါ။ Edward Winslow ရေးတဲ့ စာတမ်းထဲမှာဆိုလျှင် ရှေးအမေရိကန်တွေဟာ ကျေးဇူးတော်နေ့ ညစာမစားခင် ကြက်ဆင်များကို အမဲလိုက်ကြပါသတဲ့ ပြီးတဲ့အခါ အိမ်ရှိ ဇနီးမယားအားချက်ပြုတ် စေသတဲ့။

 

တကယ်တော့ အမေရိကန်လူမျိုးတွေက ကျေးဇူးတရားသိတတ်တဲ့ လူမျိုး ဆိုတာ ပေါ်လွင်အောင် သူတို့ရဲ့ ကျေးဇူးတော်နေ့အတွက် ဖန်တီးထားတဲ့ ကြော်ငြာ တွေထဲမှာ အမြဲထည့်သွင်းတာပေါ့။ခေတ်ကာလက ပြောင်းလဲလာတဲ့အချိန် မှာ ကျေးဇူးတော်နေ့မှာ အမေရိကန်တွေဟာ အိမ်နီးချင်းတွေကိုဖိတ်ပြီး ညစာ ကို ကြက်ဆင်သားကင်နှင့် ဖရုံသီးအစာသွပ်ဟင်းနဲ့ ဧည့်ခံကျွေးမွေးခဲ့ကြတယ်။

 

ကျေးဇူးတော်နေ့ရဲ့ မိသားစု စားသောက်ပွဲတွေမှာဆိုလဲ ကြက်ဆင်ဟင်းကမပါမဖြစ်ပဲလေ ဘာလို့ဆို သူတို့က သူတို့မိသားစု ဝင်ရဲ့ ဖြစ်တည်မှု့ကို ကျေးဇူးတင်နေကြတယ်လို့ဆိုပါတယ်။ဒါကြောင့် ကျေးဇူးတော်နေ့ ကြော်ငြာတွေမှာ သင်တို့ ကြက်ဆင်သားကင်တွေ အမြဲတွေ့နေရတာပေါ့။

 

Black Friday ဆိုတာကတော့ ကျေးဇူးတော်နေ့ အပြီးနောက်တစ်ရက်ကိုဆိုလိုပါတယ် .....

-----------------------------------------------------------------------------------------------------

 

ပွဲတော်ရက်တွေရဲ့ အစ ပိတ် ရက်ဖြစ်တာမို့ လမ်းတွေပိတ်၊ လူစည်ကားရာမှာ လမ်းပိတ်ရာမှ စတာပါတဲ့ လမ်းပိတ်ခြင်းကို (Blackout) လို့ သုံးနှုန်းပါတယ်။ထိုအသုံးအနှုန်းမှတစ်ဆင့် Black Friday ဖြစ်ပေါ်လာတာပါ။

 

Black Friday ဟာလည်းပဲ ကျေးဇူးတော်နေ့ ကြောင့် စျေးချတာ ဖြစ်ပြီး သူ့ကြော်ငြာ တွေကို အနက် လှိုင်င်လှိုင်သုံးကြတာ သဘာ၀မှာ တကယ်တမ်းမှာ ကြော်ငြာ တွေရဲ့ အရောင်တွေမှာ လည်း အဓိပ္ပါယ် ရှိနေပါတယ် ဘာလို့ဆို BlackFriday မှာ အနက်ရောင်သုံးခြင်းက Blackout ဖြစ်တာကို ပြနေတာပါ။

 

ထို့ အပြင်တချို့ နာမည်ကြီး ကြော်ငြာ ရေး ရာ အေဂျင်စီတွေ လုပ်တဲ့ BlackFriday ကြော်ငြာ တွေမှာ ဆို စာတွေကို ပြွတ်သိပ်ကျပ်ညပ်စွာရေး သားထာတွေ့ရမှာပါ အဲ့တာကလည်း Black Friday ရဲ့ အစဉ်လာအရ Black Out ဖြစ်တာကို ရည်ညွှန်းချင်တာ ပါ။ Black Friday မှာ Gucci , MK , Burberry စတဲ့ နာမည်ကြီး Brand တွေက တစ်ခုဝယ် ၊ တစ်ခုယူအနေနဲ့တောင်ရောင်းချ ပေးသတဲ့ မြန်မာနိုင်ငံတွင်လဲ ခေတ်မှီတဲ့ Brand များ က Discount တွေ ချပေးပါသတဲ့ ။

 

မြန်မာလူမျိုးတွေ အနေနဲ့ကတော့ ကျေးဇူးတော်နေ့နဲ့ Black Friday ကို သိပ်မရင်နှီးနိုင်ပေမဲ့ တကယ်တန်းမှာ ကြားတော့ကြားဖူး ကြမှာပါ။ မြန်မာပြည်မှာတော့ အစိုးရ ပိတ်ရက်အဖြစ်ကျေးဇူးတော်နေ့ကို သတ်မှတ်ထားခြင်းမရှိပါ။

Read times
Rate this item
(0 votes)