-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကတ်တင်းရဲ့ စီလေးလုံး

မားကတ်တင်းရဲ့ 4 c ဆိုတာစားသုံးသူရှုထောင့်က ကြည့်ခြင်းကိုဆိုလိုပြီး ၎င်းတွင် Consumer wants and needs ( စားသုံးသူရဲ့ လိုအပ်ချက် ) , Cost ( တန်ဖိုး ), Convenience ( လွယ်ကူစွာရယူနိုင်ခြင်း )နှင့် Communication ( မိတ်ဆက်ခြင်း ) ကိုဆိုလိုခြင်းဖြစ်ပါတယ်။

 

Consumer wants and needs ( စားသုံးသူရဲ့ လိုအပ်ချက် ) က Product နဲ့ တိုက်ရိုက်အချိုးကျတယ်။ထိုအချင်းအရာက စားသုံးသူစိတ်ထဲမှာဖြစ်လာတဲ့ ခံစားချက်တစ်ခု ( သူကဘာလိုချင်လဲ ဘာအလိုရှိတာလဲပေါ့ )

 

Cost ( တန်ဖိုး ) က Price ( နှုန်းထား ) နဲ့ တိုက်ရိုက်အချိုးကျတယ် ဒီပစ္စည်းက အခု ယူထားတဲ့ ဈေးနဲ့ တန်ရဲ့လားဆိုတာမျိုးပေါ့ သူ့ အရည်အသွေးက ကောင်းရဲ့လား အခြား ဘယ်ပစ္စည်းတွေထက်ဈေးများနေလဲ အစ ရှိသဖြင့်ပေါ့။

 

Convenience ( လွယ်ကူစွာရယူနိုင်ခြင်း) က တော့ Place ( နေရာ ) နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ သင့် Product ကို လူတစ်ယောက်က စိတ်ပါပြီးဝယ်ချင်လို့ နေရာ ဆိုင်တစ်ဆိုင်သွားမေးမယ် အဆိုပါဆိုင်မှာ သင့် Product က ရှိမနေဘူး ဆိုရင် သင့်အနေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး ဒီတော့ သင်က နေရာစုံအောင်ဖြန့်ချီထားရမယ်ဆိုတာပါပဲ။Distribution ( ဖြန့်ချီခြင်း ) က တကယ့် အရေးပါတဲ့ အကြောင်းပြချက်တစ်ခုပါ။

 

Communication ( မိတ်ဆက်ခြင်း ) ဒါကတော့ Promotion ( အရောင်းမြှင့်တင်ခြင်း ) နဲ့ တိုက်ရိုက်အချိုးကျပါတယ်။သင့် Product ကို လူတွေ သိလာအောင်ကြော်ငြာ မှ လူတွေသိမယ် အရောင်းမြှင့်တင်မှု့တွေ ပြု လုပ်မှ လူတွေသိမယ်ဆိုတာပေါ့။

 

Consumer wants and needs မှာ သင်က စားသုံးသူဆိုပါတော့ လိုအပ်နေတဲ့ ပစ္စည်းကို ဝယ်မယ် သို့ပေမဲ့ သင့်အနေနဲ့ Brand ရှိပြီးသား ကို ပဲ သင်ယုံကြည်မယ် ဒါပါပဲ။

 

Cost မှာကျ လူတွေ အထူးသဖြင့် ဈေးနှုန်းကို ဈေးကြီးပေးဝယ်ရတာထက် တန်တာကို ပိုမက်ကျတယ် အကယ်လို့ ရေမွှေးပုလင်းတစ်ခုဆိုပါတော့ ရေမွှေး ၁၀၀ မီလီကို ဒေါ်လာ ၁၀၀ ပဲထား ၂၀၀ မီလီကို ၁၅၀ ဆိုပါတော့ လူတွေက တန်တဲ့ ၂၀၀ မီလီ ဝယ်ကျပါလိမ့် မယ်။

 

Convenience ( လွယ်ကူစွာရယူနိုင်ခြင်း) သင်လိုအပ်တဲ့ အရာ တစ်ခုက သင်လိုတဲ့ အချိန်မရဘူးဆို သင့်အနေနဲ့ အဆင်ပြေနိုင်ပါ့အုံံးမလား အဲ့ လိုပဲ စားသုံးသူ ရဲ့ စိတ်ထဲမှာ လွယ်ကူစွာ မရနိုင်ရင် ဝယ်တော့မှာမဟုတ်ပါဘူး။

 

Communication ( မိတ်ဆက်ခြင်း ) ဒီအရာမှာတော့ လူတွေရဲ့ အတွေးက သူတို့ နဲ့ အကျွမ်းတဝင်ရှိတာကိုသာ သူတို့ သုံးစွဲချင်ကြတာပါ ဒါကြောင့်ဈေးကွက်ထဲ သိပ်မတွေ့ရတဲ့ သင့် ပစ္စည်းကို ရွေးချယ်ပါလိမ့်မယ်။

 

တကယ်တန်း မားကတ်တင်းမှာ 4 p နဲ့ 4 c က တိုက်ရိုက်အချိုးကျလို့ နေပါတယ် သင်နဲ့ သင့် စားသုံးသူ side ကို ရှင်းလင်းစွာ ပြသထားမှု့ တစ်ခု သီးသန့်ပါ။

 

Ref : Marketing Forum

Read times
Rate this item
(1 Vote)