-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဈေးနှိမ်ရောင်းစရာမလိုပဲ ဝယ်သူများလာစေမဲ့ နည်းလမ်း

အရောင်းတစ်ခု စဖွင့်တော့မယ်ဆိုရင် market price ကိုအရင်လေ့လာပါ၊ ကိုကရောင်းချင်ဇောနဲ့သိပ်ဈေးနှိမ်ရောင်းတာမျိုးတော့မလုပ်ပါနဲ့၊ ဈေးကွက်ပျက်ပြီးဘယ်သူမှအကျိုးမရှိဖြစ်သွားပါမယ်။

ကို့ဈေးကွက်ဝေစုကိုလိုခြင်ရင်သူများနဲ့ဈေးယှဉ်နိုင်တဲ့ quality, service တစ်ခုကိုဖော်ဆောင်နိုင်ရပါမယ်။ Market မှာ standard quality တစ်ခုမဖြစ်ပဲမရောင်းပါနဲ့။သင်ကိုယ်တိုင်ရော သင့်ထုတ်ကုန်ပစ္စည်းရောတန်ဖိုးကျသွားပါလိမ့်မယ်။

 

ဘယ်လိုလုပ်ရင် ကို့ ပစ္စည်းလေးတွေ အရောင်းတက်မလဲ။

 

သင့်မှာဈေးကွက်ပြိုင်ဆိုင်နိုင်တဲ့အင်အားတစ်ခုရှိပြီဆိုရင် BEP(အရင်းကျေမှတ်)ကိုစတင်ချမှတ်ပါ။ဒါကတော့လုပ်ငန်းသဘာဝအပေါ်မူတည်ပြီးကွဲပြားပါတယ်။ပြီးရင် sale target တွေချမှတ်ပါ လစဉ် နှစ်စဉ် တိုးလာဖို့လိုပါတယ်။



Sale Force လုပ်တဲ့အခါ customer ကိုသိပ်ထိုးရောင်းတာမျိုးမလုပ်ပဲ အလိုလျောက်ဝယ်ချင်လာမယ့် နည်းလမ်းတွေကို အသုံးပြုရပါမယ်။ ဥပမာ discount တွေချပေးတာ ၊ Happy Hour လေးတွေသတ်မှတ်ပေးတာမျိုး၊ ဘာရွေးရမှန်းမသိတဲ့အခါကိုကကူညီရွေးချယ်ပေးလိုက်တာမျိုးပေါ့။

 

Selling is Helping People ပါ

 

ကူညီရင်းရောင်းတတ်ဖို့လိုပါတယ် သင်ကိုယ်တိုင်လည်းနေ့တိုင်းဝယ်ယူသုံးစွဲနေရတဲ့ customer တစ်ယောက်ပါ သင့်ကို အတင်းအကျပ်ရောင်းနေရင်ဘယ်လိုလုပ်မလဲ သင်ဝယ်မလား?ဒါကတော့ရိုးရိုးရှင်းရှင်းလေးနဲ့ ဝယ်သူရောင်းသူ နှစ်ဦးစလုံးစိတ်ချမ်းသာစေမဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

 

Myanmar Advertising Directory

Read times
Rate this item
(1 Vote)