-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကတ်တင်း ကတော့ခုံးနဲ့ မားကတ်တင်း ဖလိုင်းဝီး ကွဲပြားခြားနားမှု

မားကတ်တင်း ကတော့ခုံး ( Marketing Funnel ) ကို ဈေးကွက်ရှာဖွေရေးလောကမှာ တော်တော်များများအသုံးပြုကြတာ ၁၂၂ နှစ်လောက်တော်ရှိခဲ့ပါပြီ။ပထမဆုံး မားကတ်တင်း ကတော့ခုံး ကို လုပ်ငန်းနဲ့ တွဲသုံးခဲ့သူကတော့ အေဂျင်စီတစ်ခုမှ အမှုဆောင်အရာရှိ ဖြစ်သူ Elias St. Elmo ဖြစ်ပြီး သူအသုံးပြုခဲ့ချိန်ကတော့ ၁၈၉၀ နောင်းပိုင်းကာလမှာပါတဲ့။

 

 

အဆိုပါ မားကတ်တင်း ကတော့ခုံး ကတော့ ဈေးကွက်ရှာဖွေရေး သမားတွေ အတွက် သူတို့ စားသုံးသူရဲ့ ဝယ်ယူမှုဖြစ်စဉ်ဖြစ်တည်တဲ့ ခရီးလမ်းတစ်ခုလုံးကို မီးမောင်းထိုးပြပါတယ်။နောက်ဆယ်စုနှစ်တစ်ခုအတွင်းမှာ B2B ( Business to Business ) ကိစ္စရပ်တွေ ထွန်းကားလာချိန်မှာတော့ အသစ်သစ်သော အသိအမြင် တွေလဲတိုးများလာကြပါတယ်။

 

သည့်အပြင် ဈေးကွက်ရှာဖွေရေး ကျွမ်းကျင်သူများအနေဖြင့် မားကတ်တင်း ကတော့ခုံး ထက် ပိုမိုပြီး နယ်လွန်စဉ်းစားလာကြတယ် ထို့နောက်ဝယ်ယူမှုဖြစ်စဉ်တစ်ခုလုံးကို အခြားနည်းလမ်းတွေနဲ့ တွေးတောလာကြတယ်။

 

HubSpot လုပ်ငန်းစု ရဲ့ ဒုတိယ တည်ထောင်သူ Brian Halligan 2018 ခုနှစ်မှာ ပြောကြားချက်အရ မားကတ်တင်း ဖလိုင်းဝီး က အတော်လေး လျင်မြန်စွာ ဈေးကွက်ရှာဖွေရေးလောက မှာနေရာရလာတာဖြစ်ပြီးအဆိုပါ မားကတ်တင်း ဖလိုင်းဝီး တွေးခေါ်မှု ပုံစံက ဈေးကွက်ရှာဖွေရေး သမားတွေကို သူတို့စီးပွားရေးနဲ့ စားသုံးသူတွေကြားမှာ တိုးတက်စေဖို့လှုံဆော်ပေးတာတွေ့ရပါတယ်တဲ့။

 

မားကတ်တင်း ကတော့ခုံး ကိုကြည့်မယ်ဆို သူ့ အလုပ်လုပ်ပုံက ဝယ်ယူသူပေါ်မှာ အခြေခံတယ် သူ့ရဲ့ အဓိက အကျဆုံး အချက်ကတော့ အပေါ်ဆုံးက ဖြစ်နိုင်ခြေများတာတွေကို ထားပြီးအောက်ဆုံးမှာ ကတော့ပုံအတိုင်း ဖြစ်နိုင်ခြေနည်းတာကို ထားကြတယ်။ထိုအရာတွေအားလုံးက ဝယ်ယူမှုဖြစ်စဉ်တစ်ခုလုံးပါပဲ တကယ်တန်းမှာ လှည့်လည်နေတဲ့ လှည်းဘီးတစ်ခုလိုပဲ ဒီတော့ မားကတ်တင်း ဘီးပျံကို သုံးရင် သင့်လုပ်ငန်းအတွက် အမြန်ဆုံးနဲ အထိ ရောက်ဆုံးနည်းလမ်းတွေကို ရစေမှာပါ။

 

အကယ်၍သင့်အသင်းအဖွဲ့ထဲမှ တစ်စုံတစ်ယောက်က မားကတ်တင်း ကတော့ခုံးတွေးခေါ်ပုံနဲ့ အလုပ်လုပ်နေမယ်ဆို သင့်အနေနဲ့ ထိုသူကို မားကတ်တင်း ဖလိုင်းဝီး ပြောင်းသုံးဖို့ တိုက်တွန်းသင့်ပါတယ်။ဘာကြောင့်လဲဆိုတဲ့ အသေးစိတ် အချက် အလက်တွေကို အောက်မှာ သီးသန့် ဆက်လက် ဆွေးနွေးသွားပါမယ်။

 

မားကတ်တင်း ကတော့ခုံး ရဲ့ ပြဿနာ

----------------------

 

တကယ်တန်းမှာ ရှေးယခင် ဈေးကွက် ရှာဖွေရေးတွင်အသုံး ပြုခဲ့သော မားကတ်တင်းကတော့ခုံး တွေးခေါ်ပုံကလည်းအတော်လေး အသုံးဝင်ခဲ့တယ်ဆိုတာ လူတိုင်းနားလည်ကြတယ်လို့ HubSpot မှ ပြောကြားပါတယ်။သို့ပေမည့် အရာအားလုံးက ပြောင်းလဲနေတဲ့ အချိန်မှာ မားကတ်တင်းရေးရာမှာလည်း ယနေ့ခေတ်နဲ့ လိုက်ဖက်အောင်အပြောင်းအလဲတစ်ခု လုပ်သင့်ပါတယ်။

 

ကတော့ခုံး မှာ သတိထားမိတဲ့အခန်းကိစ္စပြီးသွားလျှင် ထည့်သွင်း စဉ်းစားတဲ့ ကိစ္စကို ရောက်သွားပြီးနောက်ဆုံးမှာမှ ဆုံးဖြတ်ချက်ချတဲ့ ကိစ္စရပ်ကိုရောက်တာပါပြီးမှာသာ ဝယ်ယူမှုကို ရောက်ပါတယ်။မားကတ်တင်း ဖလိုင်းဝီး မှာကြတော့ မသေချာတဲ့ ကိစ္စတွေကို ဦးစားမပေးထားပဲ ဝယ်သူတွေအနေနဲ့ ကုန်ပစ္စည်းကို လေ့လာကိစ္စပြီးတာနဲ့ ကျန်တာတွေကို လိုက်ရောညီထွေစွာပြုလုပ်ထားတာတွေ့ရပါတယ် ဒါဟာ အခုလက်ရှိ ဒီဂျစ်တယ်ခေတ်နဲ့ အတော်လေးအဆင်ပြေပါတယ်။

 

အင်တာနက်မှာ အမြဲ သူတို့လိုတာကို ရှာလို့ရနိုင်နေတာဖြစ်တဲ့ အပြင် မလိုအပ်တာတွေလဲတွေ့နေရတာမို့ တကယ်တန်းမှာ သတိထားမိတဲ့ ကိစ္စကို လိုကို မလိုတာပါ။ဒီတော့ အရင်လို အရောင်းသမားတစ်ယောက်အနေနဲ့ ဝယ်သူကို ဝယ်ဖို့လိုက်ပြောနေစရာကိုမလိုတော့ပါဘူး။

 

တကယ်တန်းမှာ မားကတ်တင်း ကတော့ခုံး ယူဆချက်က ဝယ်သူကို မဝယ်ခင်အချိန်အတွင်း သာ အဆင်ပြေစေတာပါ ဝယ်ပြီးသွားရင်ပြီးပြီဆိုပြီး လုပ်ထားတဲ့ တွေးခေါ်ပုံပါ။ဒီလို မဝယ်ခင်မှာ စျေးကွက်ရှာဖွေရေးသမားတွေ အနေနဲ့ ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ဒီတော့ ဝယ်ယူသူတွေ ဝယ်ပြီးတာနဲ့ ပြီးပြီဆို ဘယ်ဟုတ်ပါ့မလဲ။

 

မားကတ်တင်း ဖလိုင်းဝီး ရဲ့ အကျိုးအမြတ်များ

--------------------------

 

မားကတ်တင်း ဖလိုင်းဝီး ကတော့ ယနေ့ခေတ် အနေအထားနဲ့ ဆို အတော်လေးအဆင်ပြေပါတယ်။တစ်ခဏအတွက်ပဲမဟုတ်ဘူး သို့ပေမယ့် သင့် ကုန်အမှတ်တံဆိပ်ကို လည်း အင်အား ကြီးစေတယ်လို့ပြောနိုင်တယ်။

 

မားကတ်တင်း ဖလိုင်းဝီး ရဲ့ ယူဆချက်က ရှင်းလင်းတယ် သူက ဘီးတစ်လုံးလိုပဲ အလုပ်လုပ်မယ် သင့်အနေနဲ့ အားစိုက်ထည့်မှုများရင် အကျိုးအမြတ်များများခံစားရမယ် အစကနေ ပြန်ပြန်စ စရာမလိုဘူး သူ့အရွေ့နဲ့သူရှိတယ် ဒီတော့ သင့်လုပ်ငန်းကို ကောင်းတဲ့ နေရာရောက်အောင် သင်လုပ်နိုင်မယ်ဆိုပါတော့။

 

သင့်အနေနဲ့ တဖြေးဖြေးပြောင်းသင့်တယ်

----------------------------

 

အပြောင်းအလဲတွေကို ကြိုက်တဲ့ သူဆိုရင်တော့ အကျိုးစီးပွားအတွက်ရော အသစ်အဆန်းအတွက်ပါ ကတော့ခုံးနေရာမှာ ဖလိုင်းဝီး ကို သုံးသင့်တယ်။ဒီတော့ သင့်အနေနဲ့ စားသုံးသူကို ရယူနိုင်မယ် သူတို့နဲ့ လက်တွေ့ကျကျ ထိတွေ့နိုင်လာမယ်ဆိုတာမျိုးပေါ့။

 

တဖြေးဖြေးနဲ့ မားကတ်တင်း ဖလိုင်းဝီး က လက်ရှိ ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျမှုရှိလာမယ် ။ စျေးကွက် ရှာဖွေရေး သမားတွေအနေနဲ့ ဝယ်သူသွားမည့်ခရီးကို ပိုရောက်အောင်ပို့နိုင်ဖို့သေချာလာမယ် သင့်အနေနဲ့ စိတ်လှုပ်ရှား စရာအချိန်တွေကို ပိုင်ဆိုင်နိုင်လာမှာပါ။

 

Ref : Forbes

 

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)