-->
×

Warning

JUser: :_load: Unable to load user with ID: 29


Just do it စာသားနောက်ကွယ်မှ သိကောင်းစရာ

ခုချိန်မှာ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုလည်းဖြစ် ပစ္စည်းအမျိုးအစားပေါင်းများစွာ ထုတ်လုပ်ပြီး အရမ်းအောင်မြင်နေတဲ့ Nike ဟာ ဟိုးအရင်တစ်ချိန်က သူ့ရဲ့ ပစ္စည်းတော်တော်များများကို မာရသွန်အပြေးသမားတွေအတွက် ဦးတည်ထုတ်လုပ်ခဲ့တာပါ။

၁၉၈၀ နောက်ပိုင်းနှစ်တွေမှာ သူတို့ရဲ့ ပြိုင်ဖက် Reebok က သူတို့ထက် ရောင်းအား အများကြီး ကောင်းနေပါတယ်။ လူတွေကြားမှာ အားကစားဆိုတာ ရေပန်းစားလာပေမယ့် Nike ရဲ့ ရောင်းအားက သိသိသာသာ တက်မလာပါဘူး။ နောက်ပိုင်း ကျန်းမာကြံ့ခိုင်ရေးတွေ အားကစားတွေဟာ လူတွေကြားမှာ ပိုပြီး ခေတ်စားလာတဲ့အခါမှာတော့ သူ့ရဲ့အရောင်းပိုင်းအဖွဲ့သားတွေက သူတို့ရဲ့ရောင်းအား တိုးတက်ဖို့ တစ်ခုခုလုပ်ဖို့ လိုနေပြီဆိုတာသိလာပါတယ်။

 

Nike က အောင်မြင်တဲ့ လုပ်ဆောင်ချက်စီမံကိန်းမျိုးဖြစ်ဖို့ ဘယ်လို ဖန်တီးရမလဲ၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကုန်ပစ္စည်းတွေက ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးနိုင်မလဲဆိုတာ အမြဲစဉ်းစားနေခဲ့ပါတယ်။ သူ့တို့ ပြိုင်ဖက်က သူတို့ထက် ပိုပြီး ရောင်းအားကောင်းနေတဲ့ အချိန်မှာ သူတို့ ဘာတွေလိုအပ်နေသလဲ ပြဿနာက ဘာလဲဆိုတာကို သေချာလေ့လာသုံးသပ်ပါတယ်။ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ပြဿနာက ဘာလဲဆိုတာ အရင်ရှာတာပါ။ ပြဿနာဘာလဲဆိုတာ မသိရင်တော့ အဖြေမှန်လည်း ရမှာ မဟုတ်ပါဘူး။

 

သူတို့ရဲ့ ကြော်ငြာ အေဂျင်စီက ဝယ်သူတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ထိရောက်တဲ့ နည်းလမ်းမဟုတ်ဘူး လို့ သိခဲ့တော့ အဲ့ဒါနဲ့ ပတ်သက်ပြီး သုတေသနတွေ ပြုလုပ်ပါတယ်။ အားကစားက လူတွေ တစ်ယောက်ချင်းစီရဲ့ ဘဝမှာ ဘယ်လိုပါဝင်သလဲ၊ လူတွေ ဘာလို့ အားကစားမှာ ပါဝင်ကစားကြလဲ၊ အမှတ်တံဆိပ်တွေကို လူတွေ ဘယ်လိုမြင်လဲ၊ ကြော်ငြာတွေကိုဘယ်လိုမြင်လဲ၊ ဘယ်လိုဘာသာစကားတွေ ပုံတွေကို သုံးရင် ပိုနှစ်သက်လဲ၊ ဝယ်ယူတဲ့အခါမှာ ဘယ်လို တန်ဖိုးတွေကို ရဖို့ မျှော်လင့်ကြသလဲ စတဲ့ မေးခွန်းတွေကို အဖြေရှာပြီးမှ လုပ်ဆောင်ချက်တွေ စီစဉ်ခဲ့ပါတယ်။

 

Nike ဟာ Just do it ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ဆောင်ချက်အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒီ Just do it ဆိုတာကို Wieden+Kennedy ဆိုတဲ့ ကြော်ငြာအေဂျင်စီ က Nike အတွက် ပြုလုပ်ပေးခဲ့တာပါ။ အရမ်း အောင်မြင်တဲ့ စီမံကိန်း တစ်ခုဖြစ်ပါတယ်။ဒီ စီမံချက်ကို လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ Nike ရဲ့ ရောင်းအားဟာ သိသိသာသာ တိုးတက်လာပါတယ်။ ဒီ လုပ်ဆောင်ချက်ဟာ Nike ရဲ့ ပုံရိပ်ကို ဆန်းသစ်တီထွင်မှုရှိတဲ့ ပုံစံဖြစ်စေပြီး အမေရိကန်ရဲ့ အမွှန်းတင်ခံရတဲ့ အမှတ်တံဆိပ် အနေနဲ့ ဖြစ်အောင် ပြုလုပ်ပေးပါတယ်။

 

Just do it ဆိုတာလေးက တိုတိုလေးပါ။ ပြီးတော့ အဲ့ဒီစကားလုံးတွေက ချိုသာပါတယ်။ တက်ကြွမှုကို ဖြစ်စေပါတယ်။ ဒီ Just Do it ဆိုတာလေးမှာ စကားလုံး သုံးလုံးထက်ပိုတဲ့ ခံစားချက်တွေ ပါဝင်ပါတယ်။ လူတိုင်း ဒီအရာကို ဆက်စပ်ကြည့်လို့ရပါတယ်။ Just do it ဆိုတာလေးက ကျွန်တော်တို့အားလုံး ခံစားချက်တွေနဲ့ ဆက်စပ်လို့ရပါတယ်။

 

ဥပမာ – ငါးမိုင်လောက် ပြေးချင်စိတ်မရှိဘူးလား?
Just do it! လုပ်သာလုပ်လိုက်ပါ။
ဒါကို မလုပ်နိုင်ဘူးလို့ တွေးတောမိပါသလား?
Just do it!! လုပ်သာလုပ်လိုက်ပါ။
ဒီစကားလုံးတွေက ကျွန်တော်တို့ကို ကိုယ့်ရဲ့အကန့်အသတ်တွေကနေ ကျော်ပြီး လုပ်လိုက်ပါဆိုတဲ့ ခံစားချက်တွေ ပေးပါတယ်။

 

Nike က သူ့ရဲ့ ပစ္စည်းကို ရောင်းတာထက်စာရင် လူတွေရဲ့ ပြင်းပြတဲ့ဆန္ဒ ရည်မှန်းချက် စိတ်ခံစားချက်ကို ရောင်းနေတာပါ။ Nike ရဲ့ ကြော်ငြာတွေဟာ သူ့ရဲ့ ပစ္စည်းဘယ်လောက်ကောင်းလဲဆိုတာကို ဖော်ပြနေတာမဟုတ်ပါဘူး။

 

စိတ်ခံစားမှုနဲ့ဆိုင်တဲ့ပုံရိပ်ကို သုံးပြီး လူတွေရဲ့ စိတ်ခံစားချက်ကနေ သူတို့ရဲ့ကုန်ပစ္စည်းကို ဆက်သွယ်ပါတယ်။ သူ့ရဲ့ ကြော်ငြာတစ်ခုစီဟာ လူတွေရဲ့ ထူးခြားတဲ့ ခံစားချက် လိုအပ်ချက်တွေကို Nike ရဲ့ ပစ္စည်း တွေကပဲ ဖြည့်ဆည်းပေးနိုင်မယ်၊ စိတ်ကျေနပ်မှုပေးနိုင်မယ်၊ ဒီလိုမျိုးဖြစ်အောင် ဖန်တီးပါတယ်။ မလုပ်နိုင်ဘူးဆိုတဲ့အရာတွေကို Just do it, လုပ်သာလုပ်လိုက်ပါ ဆိုပြီး လူတွေကို စိတ်ခွန်အားတက်ကြွအောင် လုပ်ပေးပါတယ်။အောင်မြင်တဲ့ ကစားသမားတွေ နယ်ပယ်အမျိုးမျိုးက အောင်မြင်ကျော်ကြားတဲ့သူတွေကို သုံးပြီး အဓိပ္ပာယ်ရှိတဲ့ စိတ်ခွန်အား ဖြစ်စေမယ့် ရလဒ်တွေ အတွက် ကြော်ငြာပုံရိပ်တွေ ဖန်တီးပါတယ်။ လူတွေရဲ့ စိတ်ခံစားချက်ကို တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ အရာနဲ့ သူတို့ရဲ့အမှတ်တံဆိပ်ကို ပုံဖော်ပါတယ်။

 

Nike ဟာ JDI campaign ကို ၁၉၈၈ ခုနှစ်နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ နှစ်စဉ် ရောင်းရနှုန်းဟာ $1.2 billion (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ)အထိ တက်လာခဲ့ပါတယ်။ အရင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းထိ တက်လာခဲ့တာပါ။ Nike ဟာ အခုအချိန်ထိ Just Do It စီမံချက်ကို လုပ်ဆောင်နေဆဲပါပဲ။** ကြီးမားတဲ့အောင်မြင်မှုတွေဆိုတာ ထိုက်တန်တဲ့ကြိုးစားမှုတွေကို ပြုလုပ်ပြီးမှ ရရှိနိုင်တာမျိုးပါ။ ဒါကြောင့် စိန်ခေါ်မှုတွေကြုံလာရတိုင်း ဒီလို အမြဲမပြတ်ကြိုးစားပြီး အောင်မြင်လာတဲ့အကြောင်းအရာတွေကို သတိရပါ။

 

Nike Logo Evolution — The $35 Swoosh | by The Logo Creative™ ✏ | Medium

 

Aung Myin Online Learning

Read times
Rate this item
(0 votes)