-->
×

Warning

JUser: :_load: Unable to load user with ID: 29


Product Marketing အကြောင်းသိကောင်းစရာ

ဈေးကွက် မြှင့်တင်ရေး အမျိုးအစားတွေ အများကြီးရှိနေတဲ့ ထဲကမှ အရေးပါ အရာရောက်တဲ့ Marketing ကို ပြောပြပါဆိုရင် ကုန်ပစ္စည်း အခြေခံဈေးကွက် မြှင့်တင်ရေး လို့ပါပြောရပါမယ်။တကယ်တန်းက လုပ်ငန်းတစ်ခုကို ဈေးကွက် မြှင့်တင်ရေး မလုပ်ခင်မှာ စဉ်းစားရမှာက သူ့ရဲ့ ကုန်ပစ္စည်းပါပဲ ဒါကို စားသုံးသူတွေသဘောကျ ဘယ်လိုလုပ်ရမလဲ လိုက်ရော ညီထွေတွေးရမှာပါ။

လက်ရှိဒီက Business Owner တွေအနေနဲ့လဲ Product based စဉ်းစားကြတာများသေးတယ် ပြောရမှာပေါ့။ရေသန့်ဗူး အသစ် ဈေးကွက်ထဲ ထုတ်ရောင်းချင်တာပဲဖြစ်ဖြစ် အစားအသောက်ကို online ကတင်ရောင်းတာပဲဖြစ်ဖြစ် ဘယ်လိုပဲ Digital Media တွေပြောင်းလာလာ product marketing ကိုတော့ကိုယ်စီးပွားရေးလုပ်ငန်းလေး စထားပြီဆိုတီးမိခေါက်မိရှိထားသင့်ပါတယ်။

 

ခု Digital ခေတ်လို Communication channel တွေ အများစု social media တွေပါပေါ်လာတဲ့အချိန် ကိုယ့် product အကြောင်းကို လူတွေဆီ ပြောပြနိုင်တဲ့နည်းတွေက အရင်ထက်အများကြီးဖြစ်လာပါပြီ။ဥပမာ ထားပါတော့ နွားနို့product ဆိုသူကျနော်တို့ကို ရောင်းရဖို့ ပြောခဲ့တဲ့နွားနို့သည် အရိုးအဆစ်ခိုင်မာစေတယ် နွားနို့သည် အဟာရဖြစ်စေတယ်ဆိုတဲ့Message တွေကို အပေးကောင်းနိုင်လွန်းခဲ့လို့အခုကိုယ်တွေ shopping center ရောက်တိုင်း အဟာရဖြစ်စေမယ့် သောက်စရာဆို နွားနို့ကို ပြေးမြင်တာအဲ့လိုပဲကိုယ်က product သာထုတ်လိုက်တယ် လူတွေဆီမှာ ငါက ဘာလို့ဒီပစ္စည်းကို ဝယ်ရမှာလဲဆိုတဲ့ value တစ်ခုကို ဝယ်သူတွေရဲ့စိတ်ထဲ ရောက်အောင် မဖန်တီးပေးနိုင်ရင် အဲ့ဒီ product ကအလုပ်မဖြစ်ဘူးလို့ကျနော်ကထင်ပါတယ်

 

ဒါ့ကြောင့် product တွေကို ဈေးကွက်ထဲဖောက်ပြီဟေ့ဆို မိမိကိုယ်တိုင်ကဒီ product ကို marketing ဘယ်လိုလုပ်ရမလဲဆိုတာ သိစေနိုင်ဖို့product marketingအကြောင်းအတိုချုန်းကို ပြန်လည်ဝေမျှလိုက်ရပါတယ်။

 

Product Marketing ဆိုတာ ?

 

Product Marketing ဆိုတာ ကိုယ်က product တစ်ခုကို ဈေးကွက်ထဲယူလာတယ်အဲ့ဒီ product ကို customer ဆီရောင်းထွက်အောင် ကြော်ငြာတာပဲဖြစ်ဖြစ် တိုက်ရိုက့်ရောင်းတာပဲဖြစ်ဖြစ် Product Owner အတွက် Profit Generate ဖြစ်အောင် လုပ်ဆောင်တဲ့ process ဖြစ်ပါတယ်။ ဒါတော့သူပြောမှလားပေါ့နော်။ ဒါပေမယ့် ဆက်ပြီး action ယူရသေးတာကProduct ကို တကယ်ဝယ်ယူမယ့် target customer ရယ် သူတို့ကို strategy ကျကျ Product အကြောင်းကို message ပေးပြီး product ရဲ့ revenue နဲ့ဝယ်လိုအားတက်အောင် လုပ်ဖို့ကလဲ product marketingရဲ့အဓိက တာဝန်ပါပဲ။

 

Product Marketing က အများလုပ်နေကြ Marketing တွေနဲ့ဘာလို့ကွဲထွက်လာတာလဲ

 

Marketing 7p ထဲက မှ အရေးကြီးဆုံး အစိတ်အပိုင်းကို ပြောရရင် Marketing efforts အရကောStrategy အကျဆုံးအဖြစ် ယခု Digital ခေတ်အထိ ဆွဲခေါ်လာနိုင်တာက Product Marketing ပါ။ကျန်တဲ့ p တွေက အလုပ်မဖြစ်ဘူးလားဆိုရင် လူတွေရဲ့ attention ကို ပထမဆုံး ဆွဲဆောင့်တာကProduct based ပါ။လူတွေအနေနဲ့product ကို အရင်မြင်ပြီးမှ ဒါကဈေးသင့်တယ် မသင့်ဘူးဆိုင်က ဝေးတယ် ၊ Packaging စတာတွေ ဆက်တွေးကြတာမဟုတ်လား။ ဒါ့အပြင် ခုနက ပြောသွားတဲ့ strategy အကျဆုံးဆိုတာကလဲ pricing တွေ place တွေ positioning တွေက Strategy ကစားရတာထပ် research based လုပ်ရမယ့်အရာတွေလို့မြင်မိပါတယ်။ product marketing မှာဆိုရင်တော့ ကိုယ့်ရဲ့ product ကို audience က ဘယ်လောက်အထိအချိန်ပေးမှာလဲနောက်ပြီး သူတို့ဆီကို စဝယ်အောင် စဉ်းစားနေအောင် ထဝယ်ယူဖြစ်အောင်ဘယ်လို message တွေပေးမလဲ စဉ်းစားရတာက product marketet တွေရဲ့business ဗဟိုအပေါ်အာရုံအစိုက်ရဆုံး ကိစ္စပါပဲ။

 

Product Marketing ဘာလို့အရေးကြီးတာလဲ

 

Product Marketing ဟာ

-ကိုယ်ရောင်းရမယ့် Customer တွေအကြောင်း ကိုယ်ကိုယ်တိုင်နားလည်စေလို့

-Buyer Persona တွေဆောက်ပြီး Target တွေမှန်အောင်လို့

-ကိုယ့် Competitor တွေ ဘာတွေလုပ်နေလဲဆိုတာ ကိုယ့်ကို အမြဲမပြတ်လေ့လာ‌နိုငိအောင် သင်ပေးနိုင်လို့

-Market ထဲမှာ ကိုယ်က ဘယ်လို နေရာယူရမလဲဆိုတာသိအောင်လို့

-Business Revenue ကို မြှင့်ပြီး sale တက်အောင် လုပ်စေနိုင်လို့ စတာတွေကြောင့်ပါ။

နောက်ပြီး ဒါဆိုကျနော်တို့ product marketing လုပ်တော့မယ်ဆိုပြီး ချက်ချင်းထလုပ်လို့လဲမရသေးပြန်ပါဘူး

- ကိုယ့် product က ဒီနေ့ ဈေးကွက်က လိုချင်တဲ့ အရာဖြစ်ရဲ့လား
ဥပမာ- လူတွေက အခုဆို organic ပါတဲ့ အချိုရည်တွေကိုပဲသောက်ရတာဟာကျန်းမာရေးအတွက် ကောင်းလာမယ်မှန်းသိလာတယ် ဒါဆိုကိုယ်ရောင်းမယ့် ပစ္စည်းက
အဓိက market က လူတွေ တကယ်လိုချင်တာဖြစ်နေရဲ့လား

- သူ့အတွက် တစ်နေ့တာ အဲ့ဒီ product ကို သုံးစွဲဖို့ဖြစ်နိုင်ရဲ့လား

- ကိုယ့် product ရဲ့သူများ Competitor တွေမှာမရှိတဲ့ထူးခြားမှုက ဘာလဲ

- သူတို့နဲ့ မတူအောင် ထူးခြားအောင်လုပ်လို့ရမယ့်နည်းကောရှိလား

စတာတွေကို ဘာမှ ဈေးကွက်ထဲမထိုးဖောက်ခင် ကိုယ့်ကိုကိုယ် စိတ်ထဲမှာ ပြန်မေးထားနေရပါမယ်။ ဒါမှသာ strategic ကျတဲ့ perspective တွေကို
ကိုယ့်လက်အောက်ကလူတွေ Marketing Department က လူတွေကို ပေးသိစေပြီး အကောင်အထည်ဖော်ရလွယ်ကူစေမှာပါ။

Product Marketer တစ်ယောက်ဟာ အပေါ်က ပြောခဲ့တဲ့အချက်တွေကိုကိုယ် Marketing လုပ်ပေးမယ့် Company ရဲ့ size, Resources, Budget တွေနဲ့
ပေါက်မြောက်အောင် grow ဖြစ်အောင်လုပ်ပေးဖို့ဆိုရင်တိကျတဲ့Responsiblities တွေ သူ့မှာလိုအပ်ပါတယ်။

 

Product Marketing Responsibilities

 

- ကိုယ့် product ကိုဝယ်မယ့် Buyer Persona ,
ကိုယ်ရောင်းချင်တဲ့ target audience ကိုClearly identified လုပ်နိုင်ရပါမယ်။ ရောင်းချင်တာကတော့ SME Business Owner လာဝယ်တာကတော့ ဈေးမတတ်နိုင်သေးတဲ့ လက်လီအရောင်းဆိုင်ရှင်တွေဆို ဒါဟာPersona နဲ့ TA ကို ကောင်းကောင်း align မလုပ်နိုင်သေးလို့ပါ။

- ကိုယ်ဆွဲလိုက်တဲ့ Product marketing strategy ကို ကောင်းကောင်း execute လုပ်နိုင်ရဲ့လားဆိုတာ အမြဲ Measure လုပ်နေရပါမယ်

- တကယ်ဝယ်ယူမယ့် customer ကိုပဲ sale enablement လုပ်နိုင်ဖို့အရေးကြီးပါတယ် Sale enablement ဆိုတာ product အပေါ်ကို စိတ်ဝင်စားနေတာပဲဖြစ်ဖြစ်ဝယ်ဖို့စိတ်ကူးရှိနေသူတွေပဲဖြစ်ဖြစ် sale process တွေကနေ မလွတ်သွားအောင်လိုက်လုပ်နေတဲ့ steps တွေကိုပြောတာပါ။ lead in, follow-up, negotiate,deal close အထိလုပ်နိုင်ဖို့က sale enable သမားတွေရဲ့လုပ်ကွက်တွေပါ။

- ခုနကပြောသလိုပဲ ကိုယ့် product ရဲ့ market ထဲမှာ position ယူထားပုံကိုသေချာဆုံးဖြတ်ပါ။

- ကိုယ့် product ဟာ ကိုယ် Target ထားမယ့်သူတွေရဲ့needs တွေနဲ့ကိုက်ညီနေဖို့လိုပါတယ်။

- ကိုယ့် product ကိုအမြဲ relevant ဖြစ်စေပါ။


အဟာရလိုချင်လို့နို့သောက်ရတာပဲ

မူးချင်လို့နွားနို့ဘယ်သူမှ မသောက်ပါဘူး။ အဲ့လိုပါပဲ ကိုယ့် product ကို ဝယ်သုံးနိုင်လောက်မယ့် ဆိုင်ရာအကြောင်းအချက်ကို အမြဲ အာရုံစိုက်ဦးစား‌ပေး‌‌နေပါအပေါ်ကအချက်တွေဟာ Product Marketer တစ်ယောက်အနေနဲ့ Product ကို Marketingမလုပ်ခင် လုပ်ကိုလုပ်သင့်ရမယ့် checklist တွေလိုပါပဲ။

 

Myanmar Advertising Guide 

Read times
Rate this item
(1 Vote)