-->
×

Warning

JUser: :_load: Unable to load user with ID: 29


တင်းနစ်စတား Raducanu မားကက်တင်းအတွက် ဒေါ်လာ ၃၇ သန်းကျော်အထိ ရနိုင်

Emma Raducanu ရဲ့ အံ့အားသင့်စရာ US Open တင်းနစ်ပြိုင်ပွဲ အောင်မြင်မှုကြောင့် လာမယ့် နှစ်နှစ်အတွင်း

ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇သန်းကျော်အထိ ရနိုင်တယ်လို့ အားကစား မားကက်တင်း ကျွမ်းကျင်သူတွေက ဆိုကြတယ်။

အသက် ၁၈ နှစ်ရှိသူ တင်းနစ်ကစားသမား ချန်ပီယံ Emma Raducanu က ဗြိတိန်အမျိုးသမီး တင်းနစ်ကစားသမားတစ်ဦးအနေဖြင့် ၄၄ နှစ်အတွင်း ပထမဆုံး အမျိုးသမီး Grand Slam ချန်ပီယံ ဖြစ်လာပြီးတဲ့နောက်မှာ သူမရဲ့ ရဲ့ ဝင်ငွေအလားအလာ ထိုးတက်သွားတာ ဖြစ်ပါတယ်။

Raducanu က ရိုမေးနီးယန်းတရုတ်ကပြား ဖြစ်ပြီး ယခုလို အောင်မြင်မှုများကို အမေရိကန်၊ ဩစတေးလျ၊ ပြင်သစ်နဲ့ ဗြိတိန်(ဝင်ဘယ်တန်) တင်းနစ်ပွဲကြီး လေးပွဲကို တစ်နှစ်အတွင်း ဆက်တိုက် အောင်ပွဲခံပြီး Grand Slam ချန်ပီယံဖြစ်လာတဲ့အတွက် သူမဟာ မားကက်တင်းလောကအတွက်တော့ ရွှေဖြစ်နေပြီလို့ အားကစား မားကက်တင်း ကျွမ်းကျင်သူတွေက ဆိုကြတယ်။

အားကစား မားကက်တင်း လုပ်ငန်း CSM မှ ဒါရိုက်တာ Tim Lopez က Grand Slam အောင်မြင်မှုကြောင့် မားကက်တင်း လုပ်ကိုင်တာတွေမှာ သူမကို သုံးစွဲဖို့အတွက် အကောင်းဆုံး အခြေအနေတွေ ရရှိသွားစေတယ်လို့ ဆိုပါတယ်။

Raducanu က တရုတ်ဘာသာစကား ပြောဆိုတတ်သူဖြစ်လို့ တရုတ်ဈေးကွက်ထဲ ထိုးဖောက်ဖို့အတွက် အထူးသင့်လျော်နေတယ်လို့ မားကက်တင်းသမား‌တွေက သုံးသပ်ကြတယ်။ သူမရဲ့ မိခင်က တရုတ်မ ဖြစ်ပြီး ရုံသုံး ဘာသာစကာဖြစ်တဲ့ မန်ဒါရင်တရုတ်ဘာသာ တတ်ကျွမ်းသူ ဖြစ်ပါတယ်။

အမျိုးသမီး ထိပ်တန်းတင်းနစ်ကစားသမား ဖြစ်တဲ့ ဂျပန်မှ Naomi Osaka က မားကက်တင်းအတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃.၉ သန်း ကို ပြီးခဲ့တဲ့နှစ်တုန်းက ရရှိခဲ့ပါတယ်လို့ Forbes မှာ ဖော်ပြထားတယ်။

Read times
Rate this item
(0 votes)