-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုရီးယား ကားလုပ်ငန်း Kia ရဲ့ ချစ်စရာ စက်ရုပ်ခွေးကြော်ငြာအသစ်

ကိုရီးယား ကားလုပ်ငန်း Kia ရဲ့ ချစ်စရာ စက်ရုပ်ခွေးကြော်ငြာအသစ်


တောင်ကိုရီးယား ကားထုတ်လုပ်ရေး လုပ်ငန်း Kia က အစမှ အဆုံးတိုင် ကြည့်ရှုသူတွေကို ဆွဲခေါ်သွားတဲ့ စက္ကန့် ၆၀ ကြာ "Robo Dog" ဗီဒီယို ကြော်ငြာကို ဖန်တီးလိုက်ပါတယ်။ YouTube ရဲ့ Kia America မှာ ဖေဖော်ဝါရီလ ၃ ရက်မှာ စတင်ထားပြီး ယခုအခါ ကြည့်ရှုကြိမ်ရေ ၂ သိန်းခွဲကျော် ရရှိနေပြီ ဖြစ်ပါတယ်။

ကြော်ငြာမှာ 2022 Kia EV6 မော်ဒယ် လျှပ်စစ်ကားကို ပွဲထုတ်ထားပါတယ်။

crossover အမျိုးအစား ၊ ပါဝါ ၃၂၀ မြင်းကောင်ရေ ရှိပြီး တစ်ခါအားအပြည့်သွင်းပြီးရင် မိုင် ၃၁၀ ခရီးတာ မောင်းနှင်နိုင်ပါတယ်။

ကြော်ငြာဗီဒီယုိအဖွင့်မှာ စက်ရုပ်ခွေးကလေးက စတိုးဆိုင်ထဲမှာ ထိုင်ရင်း အပြင်ကို ငေးကြည့်နေတယ်။ ဆိုင်ရှေ့ပလက်ဖောင်းပေါ်မှာ တကယ့်ခွေးအစစ်ကို သူ့သခင်တွေက အရေးတယူ လုပ်နေကြတာ သူတွေ့ရတယ်။ သူကတော့ သခင် မရှိ၊ အထီးကျန်နေတယ်။


နောက်တော့ ‌ရိုဘိုဒေါ့က 2022 Kia EV6 ကားတစ်စီးမှာ လူတစ်ယောက်က အားသွင်းတိုင်မှ ပလပ်ကုိ ဖြုတ်လိုက်တာကို လှမ်းတွေ့တယ်။ ‌

နောက်ခံသီချင်းက Bonnie Tyler ရဲ့ "Total Eclipse of the Heart" ဖြစ်ပါတယ်။

ပလပ်ဖြုတ်တဲ့သူက ကားပေါ်တက်ပြီး ကားကို မောင်းထွက်သွားတော့ ရိုဘိုဒေါ့က ဆိုင်ထဲက ပြေးထွက်ပြီး ကားနောက်ကို အပြေးအလွှား လိုက်တယ်။

ရိုဘိုဒေါ့က တိုက်တွေရဲ့ ခေါင်မိုးပေါ်ကနေ လိုက်တယ်။ တစ်နေရာအရောက်မှာ ကားဆီကို ခုန်ချလိုက်တယ်။
လေထဲမှာ ဘက်ထရီကုန်သွားတယ်။ လောကကြီးတစ်ခုလုံး မှောင်အတိ ကျသွားတယ်။
Robo Dog သတိပြန်ရလာတော့ 2022 Kia EV6 ကားမောင်းတဲ့သူက သူ့ကို ပြုစုပေးနေတယ်။ သူ သတိပြန်လည်လာတာ ယာဉ်မောင်းက သူ့ကို အားပြန်သွင်းပေးနေလို့ ဖြစ်ပါတယ်။

2022 Kia EV6 ရဲ့ လုပ်ပေးနိုင်စွမ်းတစ်ခုက ကားဘက်ထရီဖြင့် အီလက်ထရွန်းနစ်ပစ္စည်းတွေကို အားသွင်းပေးနိုင်ခြင်း ဖြစ်ပါတယ်။


အဲဒီ ရိုဘိုဒေါ့ကလေးကို အမည် မပေးရသေးပါဘူး။ ဒါပေမဲ့ ယူသိမ်းထားလိုသူတွေအတွက် Kia ကQR code ပေးမယ်လို့ သိရပါတယ်။ QR code ကို scan ဖတ်ပြီး ဖုန်းထဲ သိမ်းထားနိုင်ပါတယ်။

TikTok မှာလည်း ချပေးထားမှာ ဖြစ်ပြီး Bonnie Tyler ရဲ့ "Total Eclipse of the Heart" သီချင်းစာသားဖြစ်တဲ့ "turn around" လို့ ပြောလိုက်ရင် ရိုဘိုဒေါ့က ကတဲ့သူနဲ့အတူ လိုက်လှည့်မှာ ဖြစ်ပါတယ်တဲ့။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ TikTok ပေါ် တင်ပေးထားမယ်လို့ ဆိုပါတယ်။

 

 

Read times
Rate this item
(0 votes)