-->


လိပ်ပြာတောင်ပံခတ် အကျိုးသက်ရောက်မှု

လိပ်ပြာတောင်ပံခတ် အကျိုးသက်ရောက်မှု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၁၉၆၃ ခုနှစ်မှာ မိုးလေဝသပညာရှင် Edward Lorenz သည် အံ့မခန်း ကောက်ချက်တစ်ခုကို ချပြပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

.

ဆယ်စုနှစ်များစွာကတည်းက လူတွေက စကြဝဠာကို အကြောင်းတရားများအရ လိုက်ဖက်ညီတဲ့ အကျိုးတရား ရလဒ် သက်ရောက်မှုတွေကို ဖြစ်ပေါ်နေစေတဲ့ စက်ယန္တရားကြီးတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

ကြီးမားတဲ့ အကြောင်းတရားတွေက ကြီးမားတဲ့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေတယ်လို့ ယေဘုယျအားဖြင့် ယူဆထားကြပါတယ်။

သေးငယ်တဲ့ အကြောင်းတရားတွေက သေးငယ်တဲ့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေတယ်လို့ ယေဘုယျအားဖြင့် ယူဆထားကြပါတယ်။

အဲဒီယူဆချက်တွေကို Lorenz က သံသယ ရှိပါတယ်။ 

 Lorenz ထုတ်တဲ့မေးခွန်းက ဆန်းပြားနေပေမဲ့ ရိုးရိုးရှင်းရှင်းလေးပါပဲ။

 .

 ဘရာဇီးမှာ လိပ်ပြတစ်ကောင်က တောင်ပံတွေ ခတ်လိုက်တာကြောင့် အမေရိကန်နိုင်ငံ တက္ကဆက်မှာ လေဆင်နှာမောင်း အကြီးစား  ဖြစ်ပေါ်နိုင်ပါသလား။

 .

သူ့မေးခွန်းက ညောင်ဦး ကမ်းပါးပြိုသောကြောင့် ‘စမ္ပာယ်နဂိုရ်’က နွားမပေါင်ကျိုးရတယ်လို့ မဆီမဆိုင် ယိုးမယ်ဖွဲ့ ပြောဆိုနေသလို ဖြစ်နေတယ်။ 

ညောင်ဦးက  ပုဂံမြို့အနီး ကပ်လျက်တည်ရှိပါတယ်။ 

‘စမ္ပာယ်နဂိုရ်’ က ဧရာဝတီမြစ် အထက်ပိုင်း သပိတ်ကျင်းမြို့နယ်မှ မြို့တစ်မြို့ပါ။ တိမ်ကောပြီး ရွာအဖြစ် ဆက်လက်တည်ရှိပါတယ်။

.

သူမေးချင်တာက လိပ်ပြာတောင်ပံတွေ ခတ်သလိုမျိုး အသေးအမွှားကြောင့် အဝေးတစ်နေရာမှာ ဧရာမ အကြီးအမား ဖြစ်ပေါ်နိုင်သလားဆိုတာ ဖြစ်ပါတယ်။ 

 

Lorenz က အတော်အတန်လေ့လာပြီးမှ အဖြေကို 'ဟုတ်ပါတယ်' လို့ ကောက်ချက်ချပါတယ်။

အဲဒီအကျိုးသက်ရောက်မှုကို လိပ်ပြာအကျိုး သက်ရောက်မှု Butterfly Effect လို့ ခေါ်ကြပါတယ်။

အရာရာတိုင်းကို အတိုင်းအဆ မှန်းဆလို့မရပါဘူး ဆိုတာကို ထင်ဟပ်တဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။  အသေးအဖွဲ အမှိုက်ကစ ပြသာဒ်မီးလောင်တာတွေ ရှိနေပါတယ်။ 

လူမှုကွန်ရက် အထူးသဖြင့် Facebook မှာ လိပ်ပြာတောင်ပံခတ်လို့ ပွဲဆူပြီး မုန်တိုင်းထန်သွားတာတွေ ဖြစ်နေကျပါ။ 

သေးငယ်သော ကိစ္စက ကြီးမားတဲ့ သက်ရောက်မှုကို ဝန်ဆောင်မှု မားကက်တင်းမှာ ဖြစ်ပွားပါတယ်။ တစ်ခါတစ်ရံ ပထဝီအရ ဝေးကွားတဲ့ဆီမှာ  ကြီးမားသော သက်ရောက်မှုများကို ဖြစ်ပေါ်စေတတ်တယ်။

ဆိုးတဲ့ရလဒ်တွေချည်း ဖြစ်ပေါ်တတ်တာတော့ မဟုတ်ပါဘူး။ ကောင်းတဲ့ ရလဒ်တွေလည်း ဖြစ်ပေါ်တတ်ပါတယ်။

လိပ်ပြာတောင်ပံခတ်လို့ ခံစားသွားရတာတွေ ရှိသလို စံစားရတာတွေလည်း ရှိပါတယ်။ 

.

ဝန်ဆောင်မှု မားကက်တင်းမှာ စေ့စေ့စပ်စပ် လုပ်ကိုင်တဲ့အခါ လိပ်ပြာတောင်ပံခတ်တာကို အမြဲသတိရပါ။

 

"လိပ်ပြာတောင်ပံခတ်ခြင်း

 သေးငယ်သောအကြောင်းတရား

 ကြီးမားသောအကျိုးသက်ရောက်မှု"

 ဆိုတာကို အမြဲ ဂရုပြုပါ။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)