-->


Tesla ကြော်ငြာမူဝါဒ ပြောင်းလဲမည်

Tesla ကြော်ငြာမူဝါဒ ပြောင်းလဲမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လျှပ်စစ်ကားထုတ်လုပ်သည့်  Tesla က သမားရိုးကျ ကြော်ငြာများကို စမ်းသုံးကြည့်ပြီး ရရှိမည့်  ရလဒ်များကို ကြည့်ရှုသုံးသပ်မည်ဖြစ်သည်။

.

အီးဗီ ထုတ်လုပ်သည့် လုပ်ငန်းတူ ပြိုင်ဘက်ဦးရေ များလာခြင်း၊ ပြိုင်ဆိုင်မှုများ မြင့်တက်လာခြင်းနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းတို့ကြောင့် Tesla သည် ကားဈေးနှုန်းများ လျှော့ချပြီး ဈေးကွက်ဝေစု ထိန်းထားဖို့ ကြိုးပမ်းလျက် ရှိသည်။

ယခုအခါ ကြော်ငြာမူဝါဒကို ဂငယ်ကွေ့ ကွေ့ပြီး ရောင်းအားနှင့် ဈေးကွက်ဝေစု ရလဒ်မိုင်တိုင်များကို သုံးသပ်မည် ဖြစ်သည်။

.

ကားရောင်းအား မြှင့်တင်ရန်အတွက် သမားရိုးကျ ကြော်ငြာများကို ဘယ်တုန်းကမှ မသုံးဖူးသည့် Tesla Inc အကြီးအကဲ  Elon Musk က ကြော်ငြာများ  စမ်းသုံးကြည့်ပြီး မည်သို့သော ရလဒ်တွေ ထွက်လာမည်ကို  ကြည့်မည်ဟု  အင်္ဂါနေ့ (မေ ၁၆)မှာ ပြောကြားခဲ့သည်။

.

Musk သည် ကြော်ငြာအယူအဆကို နှစ်ပေါင်းများစွာ ဆန့်ကျင်ခဲ့သူ ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် သူက ကြော်ငြာခြင်းကိုမုန်းတီးကြောင်း ပြောကြားခဲ့ဖူးသည်။ 

ကြော်ငြာစရိတ် သုံးမည့်ငွေကို ထုတ်ကုန်ကောင်းစေရန်အတွက် အသုံးပြုသည်ဟု သူက တွစ်တာတွင် တင်ပြခဲ့သည်။

.

ကြော်ငြာမုန်းတီးသည့် Tesla စီအီးအို Musk သည် ယခုအခါ ကြော်ငြာဝင်ငွေဖြင့် ရပ်တည်ရသည့် Twitter လူမှုကွန်ရက် ပလက်ဖောင်း၏ ပိုင်ရှင် ဖြစ်နေသည်။ များမကြာမီတွင် ဝါရင့် ကြော်ငြာသမား Linda Yaccarino သည် တွစ်တာ၏ စီအီးအို ဖြစ်လာတော့မည်။


Twitter တွင် အမျိုးသမီး စီအီးအိုအသစ် ခန့်အပ်တော့မည်

https://www.myanmaradvertisingdirectory.com/media-advertising/digital-marketing/item/3112-twitter.html


Musk သည် Texas၊ Austin တွင် ကျင်းပသည့် Tesla ၏ နှစ်ပတ်လည် အစုရှယ်ယာရှင်များ အစည်းအဝေးတွင် ကြော်ငြာကိစ္စနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် လေသံပြောင်းသွားသည်။

.

"ကြော်ငြာခြင်းဟာ အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်၊ လူတိုင်းလုပ်သင့်တယ်။ ကျွန်တော်တို့လည်း ကြော်ငြာ နည်းနည်းစမ်းသုံးပြီး ရလဒ်တွေ ဘယ်လို ရှိမလဲ ကြည့်မယ် " ဟု သူက ပြောကြားခဲ့သည်။

.

Tesla ကားများ ဝယ်စီးဖို့ တတ်နိုင်ကြောင်း၊ Tesla ကားများ၏ အံ့ဩဖွယ် လုပ်ဆောင်ချက် အင်္ဂါရပ်များအကြောင်းတို့ကို လူအများအပြားက မသိကြကြောင်း၊ သို့ဖြစ်ရာ ကြော်ငြာခြင်းဖြင့် လူသိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)