-->
×

Warning

JUser: :_load: Unable to load user with ID: 29


မီးကို ချစ်ရင် ဆက်သွယ်ပါ ဆိုတဲ့ burger king

မီးကို ချစ်ရင် ဆက်သွယ်ပါ ဆိုတဲ့ burger king google.com

Burger King က ဂျာမနီမှ လူငယ်တွေအတွက် သတင်းပေးတဲ့ ကြော်ငြာစတန့်တစ်ခုကို ထုတ်လွှတ်လိုက်တယ်။ မီးကို ချစ်ရင် ဆက်သွယ်ပါတဲ့။အမြန်စီစဉ်ပေးတဲ့ စားစရာဆိုင်တွေ ဖွင့်လှစ်ထားတဲ့ Burger King က အဲဒီလို ဆက်သွယ်လာတဲ့သူတွေကို

အလုပ်လျှောက်ခိုင်းမှာ ဖြစ်ပါတယ်။ မီးနဲ့ ဆော့ကစားရတာကို ကြိုက်ရင် Burger King မှာ အလုပ်လုပ်ဖို့ အဆင်ပြေမယ်။ ဘာလို့လဲဆိုတော့ Burger King က ကြားညပ်ပြီး ထည့်ပေးတဲ့ အသားပြားကို တကယ့်မီးတောက်မီးလျှံနဲ့ ကင်ပေးတဲ့ ရှေးဓလေ့ flame grilling ဖြင့် သူ့ရဲ့ ဘာဂါတွေကို ထုတ်လုပ်ပေးလို့ ဖြစ်ပါတယ်။

Buger King 2018 Ad 3
မီးကိုချစ်ရင် ဆက်သွယ်ပါ ကြော်ငြာတွေမှာ သုံးစွဲထားတဲ့ ပုံတွေမှာ အားပေးတဲ့အနေဖြင့် မီးရှူးမီးပန်းတွေ ထွန်းတဲ့သူတွေရဲ့ပုံ၊ မကျေနပ်လို့ ဆန္ဒပြ မီးရှို့တဲ့ပုံ၊ မီးပွဲတော် ကျင်းပနေတဲ့ပုံ၊ မီးစားပြတဲ့သူက မီးကို စားပြနေပုံ၊ မိုလုတော့ ကော့တေးလ်လို့ ခေါ်တဲ့ ပုလင်းထဲ ဓာတ်ဆီထည့်ပြီး မီးပစ်တဲ့ပုံ စတာတွေကို သုံးစွဲထားတယ်။

Buger King 2018 Ad 4


အဲဒီကြော်ငြာတွေရဲ့ လင့်ခ်က bk-careers.com ကို ချိတ်ထားတယ်။ အဲဒီနေရာက ဘာဂါကင်း ဂျာမနီရဲ့ အလုပ်အကိုင် စာမျက်နှာ ဖြစ်ပါတယ်။

ဘာဂါကင်းဆိုတာ မီးလျှံနဲ့ ကင်တဲ့ အသားပြားကို နှစ်ခြိုက်ကြတာဖြစ်တယ်ဆိုတဲ့ အချက်ကို ယခုကြော်ငြာမှာ ဖော်ကျူးပေးထားတာ ဖြစ်ပါတယ်။ အဲဒီအချက်က တခြားဘာဂါရောင်းချတဲ့ လုပ်ငန်းတွေနဲ့ မတူတဲ့ ထူးခြားချက် ဖြစ်တယ်။ အဲဒီလို ထူးခြားနေတာကို ဆက်သွယ်အသိပေးလိုက်တာ ဖြစ်တယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ တုန်းကလည်း ဘာဂါကင်းက မီးနဲ့ ကြော်ငြာခဲ့တယ်။ အဲဒီကြော်ငြာတွေမှာတော့ ဘာဂါကင်း အရောင်းဆိုင် မီးလောင်တဲ့ပုံတွေ သုံးထားတယ်။ ဘာဂါကင်းဆိုင် တကယ်တည်ရှိနေတဲ့ နေရာပတ်ဝန်းကျင်မှာ အဲဒီဘာဂါကင်ဆိုင် မီးတွေလောင်ပြီး မီးတောက်မီးလျှံတွေ ဟုန်းဟုန်းတောက်လောင်နေပုံကို ဖော်ကျူးထားတယ်။

ဒီတော့ မနှစ်ကကြော်ငြာရဲ့ အဆက်အဖြစ် ဒီနှစ်မှာ မီးကိုချစ်တဲ့ လူငယ်တွေနဲ့ ပြန်လည် တင်ဆက် လိုက်တာလား ဆိုတဲ့ မေးခွန်းကို ဘာဂါကင်းက အခုလို ပြောပြတယ်။
‘‘ဟုတ်တယ်နဲ့ မဟုတ်ဘူး။ ဘာလို့ ဟုတ်တယ်လို့ ပြောရသလဲဆိုတော့ ကမ်ပိန်းက ဘာဂါကင်းရဲ့ အစဉ်အလာကို ဖော်ကျူးထားတယ်။ အဲဒါက ဘာလဲဆိုတော့ တခြားကြော်ငြာရှင်တွေ မထိကြတဲ့ နေရာမျိုးတွေကို သွားထားတယ်။ မဟုတ်ဘူးလို့ ပြောရတာက အခုဟာက လူငယ်တွေကို အလုပ်ခေါ်တဲ့ကမ်ပိန်းပါ။ အဲဒီနှစ်ခုကို ပေါင်းစည်းပေးထားတာက ‘မီး’ ။ ရဲရဲတင်းတင်းနဲ့ ဆင်တူမရှိတဲ့ နည်းလမ်းဖြင့် ဆက်သွယ်အသိပေးထားတယ်’’

မီးကို ချစ်ရင် ဆက်သွယ်ပါ ကြော်ငြာတွေက ရုပ်သေဓာတ်ပုံကြော်ငြာ အမျိုးအစားဖြစ်ပြီး မြို့တွေရဲ့ ထင်ရှားတဲ့ နေရာတွေမှာ ထောင်ထားတဲ့ ဘေဘုတ်တွေမှာ ကြော်ငြာတယ်။ ပြီးတော့ လူငယ်တွေကြား ရေပန်းစားတဲ့ မဂ္ဂဇင်း၊ ဂျာနယ် အစရှိတဲ့ ပုံနှိပ်ထုတ်ဝေမှုတွေမှာလည်း ပုံနှိပ်ကြော်ငြာအဖြစ် ကြော်ငြာပါတယ်။

Read times
Rate this item
(3 votes)