-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလကားရတဲ့အရာက ဈေးအကြီးဆုံးအရာဖြစ်တယ်!

အလကားရတဲ့အရာက ဈေးအကြီးဆုံးအရာဖြစ်တယ်! google.com

ကျွန်တော့်အမြင်ကတော့ အလကားရတဲ့အရာက ဈေးအကြီးဆုံးအရာဖြစ်ပါတယ် ။

ဒါကြောင့် အလကားဆိုတဲ့အရာကို ဝေးအောင်နေပါ ။

အကယ်၍ ကိုယ့်က သူများကို အလကားပေးတတ်တဲ့သူတစ်ယောက် ဆိုရင် လက်ခံရရှိတဲ့သူက ကိုယ့်ဆီက အမြဲတမ်းရဖို့ မျော်လင့်တတ်ပါတယ်။

ဒီလိုနဲ့ တစ်ရက်ရက်ကိုယ်က မပေးနိုင်တော့တဲ့ချိန် (သို့) အသုံးစရိတ်တစ်ခုခုလုပ်တောင်းရမယ့်ချိန်ကျရင် ကိုယ်ကပဲ မှားတဲ့သူတစ်ယောက်လိုမျိုး ဖြစ်သွားလိမ့်မယ်။

ကိုယ့်ကိုစိတ်အားသေးငယ်တယ် ၊ စေတနာမရှိဘူးလို့ပြောကြလိမ့်မယ် ။

ကိုယ်လုပ်ခဲ့တဲ့ ကောင်းချက်တွေအားလုံးကို ထည့်မတွက်တတ်ပါဘူး / လူတွေက အဲ့လိုတွေပါပဲ။

အကယ်၍ ကိုယ်က သူများဆီကနေ တစ်ခုခုအလကားရတဲ့သူဆိုရင် အဲ့ဒီအလကားက ပြန်ဆပ်ဖို့ခက်ခဲတဲ့အရာတစ်ခုဖြစ်သွားပါလိမ့်မယ် ။

အဲ့ဒီ အလကားဆိုတဲ့အရာနဲ့ လဲဖို့တစ်ခုခု ရှာကိုရှာရတယ် ၊ အကယ်၍ အဲ့ဒီ အလကားက အရာတစ်ခုဆိုရင် ပြီးတော့ quality မကောင်းဘူးဆိုရင်တော့ ကိုယ်က မသုံးလဲရတယ် / ပြစ်လိုက်လို့ရတယ်။

ဒါပေမဲ့ အဲ့ဒီအလကားက ဝန်ဆောင်မူ တစ်ခုဆိုရင်၊ ပြီးတော့ quality မကောင်းဘူးဆိုရင် ကိုယ်က သည်းခံအောင့်ငြီးရမှာပါ / ဘာမှ သွားညည်းပြလို့မရဘူး /

(ဘယ်ရမှာလဲ အဲ့ဒါက အလကားရတဲ့အရာလေ )

ကျွန်တော် ဒီသင်ခန်းစာတစ်ခုရပြီးတဲ့ချိန်မှာ အလကားဆိုတဲ့အရာကို လက်မခံတော့ပါဘူး။

အဲ့ဒီအလကား ဆိုတဲ့အရာက ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေ (သိန်း / သန်း) ပေါင်းများစွာပဲဖြစ်ပါစေ၊

ဘာဖြစ်လို့လဲဆိုတော့ အလကားဆိုတဲ့ အရာကဈေးကြီးလေ / ကိုယ်ပြန်ပေးရမယ့်အရာက ဈေးကြီးလေပါပဲ ။

အကယ်၍ ပိုက်ဆံနဲ့ရှင်းနိုင်ရင်တစ်ခါထဲ ရှင်းလိုက်ပါ ။

ရှင်းပြီးရင် ပြီးသွားပါပြီ ။

အကယ်၍ ပိုက်ဆံနဲ့ရှင်းလို့မရဘူးဆိုရင် အဲ့ဒီအရာကို လက်မခံသေးပါနဲ့။ အဲ့ဒီအရာက ကိုယ့်အတွက်အရာမဟုတ်သေးဘူးလို့ဆိုလိုပါတယ် ။

ပေးတဲ့သူဆိုရင်လဲ သင့်တော်တဲ့ ပမာဏနဲ့ ပဲပေးပါလို့ပြောချင်ပါတယ်။

လက်ခံတဲ့သူကို အကျင့်စွဲသွားအောင် မလုပ်ပါနဲ့။

လက်ခံတဲ့သူကလဲ ကျေးဇူးကတော့ ဆပ်သင့်ပါတယ် / ဒါပေမဲ့ အလကားဆိုတဲ့အရာကို သိပ်မမျော်မှန်းပါနဲ့ဗျ။

တည့်တည့်ပြောရမယ်ဆိုရင်

အလကားဆိုတဲ့အရာက လောကမှာမရှိပါဘူး။

အလကားလို့တွေး တာက ပေးဖို့တန်ဖိုးများလို့ပါ / ဒါပေမဲ့ အဲ့ဒီတန်ဖိုးကမတွေး တာများလို့ပါ။

အလကားဆိုတဲ့အရာကို ပေးလဲမပေးပဲ / ယူလဲမယူတဲ့သူဖြစ်ဖို့ သတိရှိဖို့ လေ့ကျင့်ကျမယ်။

Recommended for you-ကိုယ်ကမ၀ယ်နိုင်တာလား…….. သူကဈေးကြီးနေတာလား?

Credit; Original Writer

Read times
Rate this item
(2 votes)