-->
Consumer Ombudsman က သူမဟာ Coronavirus ရောဂါကူးစက်မှုကို မှားယွင်းသောစွပ်စွဲချက်များ ပြုလုပ်ပြီး အမြတ်ထုတ်နေသော ကုမ္ပဏီများ၊သံသယရှိသောကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို စားသုံးသူများထံ မလိုလားအပ်သော တွန်းအားပေးနေသူများကို တားဆီးရန်ဆန္ဒရှိတယ် လို့ ပြောကြားခဲ့ပါတယ်။
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
coronavirus နှင့်သက်ဆိုင်သော မှားယွင်းတဲ့ ကြော်ငြာတွေကို သတိမပြုရန် Consumer Ombudsmanမှ သတိပေး
Consumer Ombudsman က သူမဟာ Coronavirus ရောဂါကူးစက်မှုကို မှားယွင်းသောစွပ်စွဲချက်များ ပြုလုပ်ပြီး အမြတ်ထုတ်နေသော ကုမ္ပဏီများ၊သံသယရှိသောကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို စားသုံးသူများထံ မလိုလားအပ်သော တွန်းအားပေးနေသူများကို တားဆီးရန်ဆန္ဒရှိတယ် လိ့ု ပြောကြားခဲ့ပါတယ်။
Consumer Ombudsman Katri Väänänen က EUစားသုံးသူ အာဏာပိုင်များသည် coronavirus ကူးစက်ရောဂါဖြင့် အလွဲသုံးစားလုပ်ခြင်းကို ရောင်းချသူများက တိုက်ဖျက်ရန် ပြုပြင်ပြောင်းလဲမှုများစွာကို စတင်ခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Finlandနိုင်ငံရှိ အဖွဲ့အစည်းများ၊ ကုန်သည်များနှင့်အခြားနေရာများတွင် ကူးစက်ပျံ့နှံ့မှုကို အရောင်းအဝယ် အဖြစ်အသုံးချပြီး အံ့ဖွယ် ထုတ်ကုန်များ လို့ခေါ်ဝေါ်သုံးစွဲကြတဲ့ အစဉ်အလာ ရှိနေပါတယ်။
ဥရောပကော်မရှင်တွင်လည်း ပါဝင်ပတ်သက်မှုရှိခဲ့ပြီး Coronavirusနှင့် သက်ဆိုင်တဲ့ မှားယွင်းတဲ့ကြော်ငြာတွေကို ထုတ်ဖော်နိုင်ရန် ကုမ္ပဏီကြီးများ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုကြပြီး Facebook ၊Googleနှင့်Finlandနိုင်ငံမှ လေလံတင်သည့် Tori.fi ကဲ့သို့သော ရောင်းချသူများက Covid-19 နှင့်သက်ဆိုင်သော ကြော်ငြာများကို ဖယ်ရှားပစ်ရန် အားထုတ်မှုများကို ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတွင် Coronavirusနှင့်ပတ်သက်သော သတင်းအမှားတွေကို တိုက်ဖျက်ဖို့ chatbotနှင့်news hubကို စတင်မိတ်ဆက်လိုက်တဲ့ Facebook
Väänänenသည် စားသုံးသူများအား အထူးသဖြင့် ဗိုင်းရပ်စ်အခြေအနေများတွင် မမျှတသည့် စီးပွားရေးလုပ်ထုံးလုပ်နည်းများကို တားမြစ်ထားသည်ကို သတိပေးရန်နှင့်လူမှုရေးဆိုင်ရာ
တာဝန်များကို ထည့်သွင်းစဉ်းစားသင့်တယ် လို့ ထပ်မံပြောကြားခဲ့ပါတယ်။
"ကုမ္ပဏီတွေဟာ တာဝန်သိသိဖြင့် အလုပ်လုပ်ရမှာဖြစ်ပြီး ထူးခြားတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ စားသုံးသူဖောက်သည်တွေရဲ့ ကြောက်စိတ်ကို အမြတ်ထုတ်ဖို့ရှောင်ကြဉ်ရမယ်" လို့ သူမကရေးသားခဲ့ပါတယ်။
ယခင်က Finland အမျိုးသားစုံစမ်းစစ်ဆေးရေးဗျူရိုနှင့်အင်တာပိုလ်တို့သည် လက်သန့်ရှင်းဆေးရောင်းသူများနှင့်အချို့သော တီထွင်ထားတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကို door-to-doorစနစ်ဖြင့် လည်းကောင်း၊online ဖြင့်လည်းကောင်း လိမ်လည်ပြီး ရောင်းချဖို့ ကြိုးစားခြင်းမပြုကြရန် သတိပေးခဲ့ပါတယ်။
Reference Source:yle
Myanmar Advertising Directory
Published in Global
ကိုရိုနာ ဗိုင်းရစ်ဖြစ်ပွား စဉ် Facebook မှ ကြော်ငြာ ရောင်းအားပိုမိုတက်လာ
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Burger King Franceကြော်ငြာတဲ့ Whopper recipe
မိမိကိုယ်ကို self distancing ၊isolation နှင့်quarantineများ ပြုလုပ်ကြသောအခါ အကြိုက်ဆုံးအစားအစာတွေကို ထွက်စားခြင်းက ဝေးလံသောအိပ်မက်တစ်ခုနှင့်တူသယောင် ရှိလာပါတယ်။သို့သော်လည်း Burger King Franceသည် လူအများ နားလည်ပြီး လွယ်ကူသော ရုပ်ပြလမ်းညွှန်များဖြင့် အိမ်တွင် Whopper ပြုလုပ်ရန်လျှို့ဝှက်နည်းကို ချပြလိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပြည်နယ်များမှ ပြင်သစ်လက်ရုံးက ပေးပို့လိုက်သော တွစ်တာမှ Le Whopper de la quarantaine ပိုစတာတစ်ခုတွင် ၎င်းရုပ်ပြလမ်းညွှန်ကို ဘယ်လို တစ်ခုထဲဖြစ်အောင် အတူထားရမယ် ကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။
ဒီလမ်းညွှန်မှာ ကြက်သွန်နီ၊ ခရမ်းချဉ်သီးအချဉ်၊ ketchup၊ အမဲသား၊ mayonnaise၊ ဆလတ်၊ ခရမ်းချဉ်သီးနှင့်အခြား ကြက်သွန်ဖြူတို့ ပါဝင်ပြီး Whopper ပြုလုပ်ရန် လိုအပ်သောအရာများ စာရင်း ဖြစ်ပါတယ်။အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာလမ်းညွှန်ချက်တော့ မပေးထားပါဘူး။
ဗိုင်းရပ်စ်စိုးမိုးမှုကြောင့် ကြော်ငြာလုပ်ငန်းအပေါ် ထိရောက်မှုတွေရှိခြင်းက Nineရဲ့ မဂ္ဂဇင်းတွေကို ရပ်တန့်စေခဲ့
Burger King Franceနှင့် အတူတကွပူးပေါင်းခဲ့သော အေဂျင်စီ Buzzman သည် campaignကို အချိန်ကြာမြင့်စွာ အချိန်ယူပြီး ဖောက်သည်တွေရဲ့ မီးဖိုချောင်မှာ အကြိုက်ဆုံး Burger King အစားအစာများဖြစ်သော fish sandwiches ၊steakhouse burgers နှင့် Big King burgerတွေကို ပြန်လည်ဖန်တီးရန် လှုံ့ဆော်ဖို့ အတွက် စားသောက်သူများအား ကြေငြာခဲ့ပါတယ်။
၎င်းအရာတွေကို တုန့်ပြန်မှုအနေဖြင့် Burger King မှ ကုန်သည်ချုပ် Fernando Machadoက“ ပရိသတ်များနှင့်စေ့စပ်ညှိနှိုင်းပြီး စိတ်ဓာတ်မြှင့်တင်ရန်” ဟူသော ပိုစတာစာရွက်ကို တွစ်တာတွင် တင်ခဲ့ပါတယ်။
Reference Source:The Drum
Myanmar Advertising Directory
Published in Global
ဗိုင်းရပ်စ်ကူးစက်ရောဂါ ကြော်ငြာအတွက် Facebook ကပြင်ဆင်
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Coca-Cola GB သည် ဈေးကွက်ဖြန့်ဖြူးသော ကုန်အမှတ်တံဆိပ်များနှင့်ပူးပေါင်း
အချိုရည်ထုတ်လုပ်သည့် ကုမ္ပဏီက ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအပြောင်းအလဲများကို တုံ့ပြန်သည့် အနေဖြင့် ဗြိတိသျှဈေးကွက်ရှာဖွေရေးလုပ်ငန်းများအား ဆိုင်းငံ့မည်လို့ ကြေညာပြီးနောက် Coca-Cola GB ကနောက်ဆုံးပေါ် နာမည်ကြီး အမှတ်တံဆိပ် ဖြစ်လာကာ coronavirus ထိခိုက်သေဆုံးမှုတွေမှာ ပါဝင် ပတ်သက်လာပါတယ်။
Wieden + Kennedy နှင့် McCann စသည့် ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်း အေဂျင်စီများနဲ့ ဆက်သွယ်ရေးအေဂျင်စီများ ဖြစ်သော Mission၊ Frankနှင့်Exposureတို့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံလိုက်ခြင်းက ၎င်းရဲ့ ပေါင် ၃.၇ ဘီလျံရှိသော ကမ္ဘာလုံးဆိုင်ရာကြော်ငြာဘတ်ဂျက်ရဲ့ ရှယ်ယာဝင်ငွေကို ဆက်လက် ထိန်းသိမ်းရှာဖွေတာလည်းဖြစ်တယ်။
မကြာသေးမီက ကြော်ငြာသုံးစွဲမှုကျဆင်းလာခြင်းနှင့်ပတ်သက်သော သတင်းများက ဈေးကွက်ရဲ့အောက်ခြေကို ကိုယ်စားမပြုနိုင်မှာကို စိုးရိမ်သောကြောင့် ဆုံးဖြတ်ချက်က ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ သို့သော် Coca-Cola က အခြေအနေကို အခါအားလျော်စွာပြန်လည်သုံးသပ်မည်ဆိုပါက အသုံးစရိတ်ပြန်လည် စတင်ရန် အကောင်းဆုံးအခြေအနေဖြစ်ပါတယ်။
အချိုရည်အမှတ်တံဆိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က“ coronavirus နဲ့ ပတ်သတ်ပြီး လူတိုင်း ရင်ဆိုင်နေကြရတဲ့ ပြင်းထန်သောအခြေအနေများအရ ကျွန်တော်တို့က စားသုံးသူများအတွက် လက်ရှိစိန်ခေါ်မှုများ၊မသေချာ မရေရာမှုများနှင့်ကိုက်ညီခြင်းရှိမရှိ၊ ဤအချိန်မှာ Great Britainရှိ ကျွန်တော်တို့ရဲ့ ကုန်အမှတ်တံဆိပ်တွေရဲ့ ဈေးကွက်ရှာဖွေရေး အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားကြရမှာပါ။"
“ကျွန်တော်တို့အားလုံးဟာ ဒီကွဲပြားခြားနားတဲ့အခြေအနေတွေကို လိုက်လျောညီထွေဖြစ်တာကြောင့် လာမယ့်ရက်သတ္တပတ်တွေနဲ့ လများအတွင်း ကျွန်တော်တို့ရဲ့ စားသုံးသူများ၊ ဖောက်သည်များနဲ့ အသိုင်းအဝိုင်းများကို ဘယ်လိုကွဲပြားခြားနားမှုဖြစ်စေနိုင်တယ်ဆိုတာကို အာရုံစိုက်ရပါလိမ့်မယ်။" လို့ ပြောကြားသွားပါတယ်။
ဗိတိန်နိုင်ငံ၏ ကြော်ငြာလုပ်ငန်းကို 'ထိတ်လန့်ခြင်းကြောင့် ပစ္စည်းများ အများအပြားဝယ်ယူမှု တိုက်ဖျက်ရေးတွင်အသုံးချ' ရန်တောင်းဆိုလိုက်တဲ့ ဗြိတိန်အလုပ်သမားများ
Coca-Cola က ပရီးမီးယားလိဂ်၊ ယူရို ၂၀၂၀ နှင့် ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲရဲ့ အဓိကစပွန်ဆာဖြစ်ပါတယ်။ယခု အားလုံးက ကမ္ဘာ့အားကစားအတွက် ဆိုးရွားသည့်နှစ်ဖြစ်လာတဲ့ အချိန်မှာ ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းခံရပါတယ်။
ပိုမိုဆိုးရွားလာတဲ့ ကြော်ငြာဆိုင်ရာ အသိုင်းအဝိုင်းကို travel brand ငွေကြေးသုံးဖြုန်းမှုကြောင့် ကြိုတင်သတ်မှတ်ထားခဲ့သော်လည်း ယခုအခါကဏ္ဍ အားလုံးသို့ ပျံ့နှံ့နေပါတယ်။၎င်းလမ်းကြောင်းက ၁၅၅ နှစ်တာသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၎င်းရဲ့စတိုးဆိုင်များ အားလုံးကိုပိတ်ထားခဲ့သော Marks & Spencer နှင့် John Lewis ကဲ့သို့သော နာမည်သိက္ခာတွေကို ထိခိုက်စေခဲ့ပါတယ်။
Reference Source:The Drum
Myanmar Advertising Directory
Published in Global
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Coronavirusဖြစ်ပွားမှု မြင့်တက်လာသောကြောင့် "Social Distancing"ဆောင်ပုဒ်နဲ့ ကြော်ငြာတွေကြွေးကြော်လာတဲ့ Coke၊ Nike နှင့် McDonald's
ဘရာဇီးလ်ရှိ McDonald's ၊ US ရှိ ကိုကာကိုလာနဲ့ Nike တို့က COVID-19 ကို မပျံ့နှံ့စေသော အဓိကသော့ချက်က social distancing ဖြစ်တယ်လို့ သတင်းစကားများကို အများပြည်သူသိရှိစေရန် ကြိုးစားကြပါတယ်။
ဘရာဇီးတာဝန်ရှိသူများက McDonald'sရဲ့ ရွှေရောင်အခုံး၂ခုကို ခွဲထုတ်ကာ “separated for a moment to always be together” "ခဏတာခွဲတာက အမြဲတမ်း အတူတူဖြစ်ဖို့" ဟု ဆိုကာ ၎င်းတို့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ကုမ္ပဏီရဲ့တံဆိပ်ကိုပြောင်းလဲခဲ့ပါတယ်။Brandရဲ့ Logoတွေကို ပြောင်းလဲမှုလုပ်တာက အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွေအတွက် ပြုလုပ်ခဲ့ခြင်း မဟုတ်ပါဘူး။
Image result for mcdonalds social distancing
Times Square ကြော်ငြာဆိုင်းဘုတ်မှာ ကိုကာကိုလာက ကြော်ငြာထားသော ကြော်ငြာပုံစံကို ပြောင်းလဲခဲ့ပါတယ်။
Coca Colaက ပုံမှန်ဆိုရင် အတူတူပေါင်းရေးထားတာဖြစ်သော်လည်း ယခုပုံက တစ်လုံးနဲ့တစ်လုံးကွဲနေသော အက္ခရာများဖြစ်ပြီး၊ “Staying apart is the best way to stay connected” "အကွာအဝေးခြားပြီးနေတာက ချိတ်ဆက်မှုတစ်ခုရဲ့ အကောင်းဆုံးနည်းလမ်း" လို့ ပြောခဲ့ပါတယ်။ ကိုကာကိုလာ ပြောရေးဆိုခွင့်ရှိသူက ၎င်းကို Times Square တွင်သာတွေ့နိုင်ပါလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
Image result for coca cola social distancing ad
Corona Beerဟာ Coronavirus ဖြစ်ပွားနေချိန်မှာ ဒေါ်လာ ၂၆၀ မီလီယံထိ ရောင်းအားတက်ခဲ့
Nike ကsocial distancingကို မြှင့်တင်ပေးနေတယ်လို့ USA Today ကပြောကြားခဲ့ပါတယ်။အားကစားကုမ္ပဏီက အချို့သောနိုင်ငံများရဲ့ စတိုးဆိုင်တွေကို မတ်လ ၂၇ ရက် အထိပိတ်ထားရုံသာမက၊ တနင်္ဂနွေနေ့မှာ ကြော်ငြာအသစ်ကို ကြော်ငြာခဲ့ပြီး ၎င်းကြော်ငြာက တစ်ယောက်နဲ့တစ်ယောက် အကွာအဝေးတစ်ခုမှ နေရန်တွန်အားပေးတဲ့ကြောင်ငြာပဲဖြစ်ပါတယ်။“If you ever dreamed of playing for millions around the world, now is your chance. Play inside, play for the world.” "အကယ်၍ ကမ္ဘာပေါ်မှာ မီလီယံပေါင်းများစွာ ကစားဖို့ ခင်ဗျားမှာ အိပ်မက်ရှိတယ်ဆိုရင် အခုက ခင်ဗျားရဲ့ အခွင့်အရေးပဲ ကမ္ဘာကြီးအတွက် ကစားဖို့ အထဲမှာပဲ ကစားကြပါ"လို့ပြောသွားခဲ့ပါတယ်။Michael Nike ကဲ့သို့သော အားကစားကြယ်ပွင့်များက ၎င်းသတင်းကို စတင်ဝေငှခဲ့ကြပါတယ်။
Image result for nike social distancing ad
Reference Source:FOX 13
Myanmar Advertising Directory
Published in Global
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
အောက်တိုဘာလထိ ရွှေ့ဆိုင်းလိုက်တဲ့ Cannes Lions Festival
Cannes Lionsမှစီစဉ်သူများက နှစ်စဉ် အပြည်ပြည်ဆိုင်ရာ တီထွင်ဖန်တီးမှုပွဲတော်ကို ဇွန်လတွင် ကျင်းပမည်မဟုတ်ပဲ အောက်တိုဘာလ သို့ပြောင်းရွှေ့ကြမည်ဖြစ်ပါတယ်။
Coronavirus ကူးစက်ပျံ့နှံ့မှုနဲ့အခြားကမ္ဘာ့ဖြစ်ရပ်များကို ဖျက်သိမ်းခြင်းများကြားတွင် ပြင်သစ်ပွဲတော်ကို စီစဉ်သူများသည် ပြီးခဲ့တဲ့ အပတ်ကအရေးပေါ်အစီအစဉ် ကိုထုတ်ပြန်ခဲ့ပါတယ်။ သို့သော် ၎င်းကို "အခြေအနေစောင့်ကြည့်နေစဉ်" တွင် အတည်မပြုခဲ့ကြပါ။မကြာမီတွင် ပြင်သစ်ဝန်ကြီးချုပ်Edouard Philippeက အများပြည်သူစုဝေးခြင်းကို တားမြစ်ခြင်းနဲ့နယ်နိမိတ်ကို ယာယီပိတ်ပစ်ခြင်း အပါအဝင်ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်ကန့်သတ်ချက်များကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။
(မတ်လ ၁၈ ရက်) ဥက္ကဌ Philip Thomasနဲ့ မန်နေးဂျင်းဒါရိုက်တာ ဆိုင်မွန်ကွတ်ခ်တို့က အချိန်ဇယားပြောင်းလဲမှုကို အတည်ပြုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Cook က“ ကျွန်တော်တို့ အသိုင်းအဝိုင်းက မကြုံစဖူးစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပါတယ်။
“ ပွဲတော်ကိုစီစဉ်ခြင်းနဲ့ ကျွန်တော်တိုရဲ့ နှလုံးသားများသည် ကျွန်တော်တို့ရဲ့ အသိုင်းအဝိုင်းမှစီးပွားရေး၊ အဖွဲ့အစည်းများနှင့်လူ့အဖွဲ့အစည်းအတွက်ထူးကဲသောလုပ်ဆောင်မှုများကိုအသိအမှတ်ပြုနိုင်ရန်သေချာစေရန် ယခုကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ ”လို့ပြောကြားခဲ့ပါတယ်။
Coronavirus ပျံ့နှံ့ဖြစ်ပွားနေချိန်မှာ တစ်ထောင့်တစ်နေရာကနေ ကူညီအားဖြည့်ပေးတဲ့ အလှကုန်ပစ္စည်း Brand (၈)မျိုး
Cannes Lions ကပြင်သစ်တောင်ဘက်တွင် အောက်တိုဘာ ၂၆ မှ ၃၀ အထိ ဇွန်လ ၂၂-၂၆ ရက်တွင်အစားထိုးကျင်းပသွားမှာ ဖြစ်ပါတယ်။
လေးရက်ကြာကျင်းပသောပွဲတွင အဓိက Palais ၌ကျင်းပသည့်ညီလာခံအပြင် ၎င်းရဲ့ ဆုများနှင့်ကမ်းခြေများနှင့်လှေများပေါ်တွင်ပါဝင်ပါတယ်။ပုံမှန်အားဖြင့် ကမ္ဘာတစ်ဝှမ်းမှတက်ရောက်သူ ၂၀၀၀၀ ကျော်ရှိပါတယ်။
သို့သော်၊ ပြက္ခဒိန်တွင် အောက်တိုဘာလအထိရွှေ့ဆိုင်းခြင်းက တစ်ခုတည်းသောဖြစ်ရပ်မဟုတ်ပါဘူး။ Advertising Week New York နှင့် National ကြော်ငြာသူများရဲ့ 'Marketing of Masters' ညီလာခံသည် ယခုလတွင်ပင်ကျင်းပကြပါလိမ့်မယ်။coronavirus ရဲ့ ရလဒ်အနေဖြင့်ဖျက်သိမ်းလိုက်သော သို့မဟုတ် ပြန်လည် စီစဉ်ထားသောပွဲများကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
Reference Source:The Drum
Myanmar Advertising Directory
Published in Global
Coronavirus ဖြစ်ပွားမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးများ နဲ့ ပတ်သက်ပြီး လူတွေ နားလည်လာသည်နှင့်အမျှ နိုင်ငံအနှံ့မှပြည်တွင်းသတင်းစာလုပ်ငန်းတွေက စာဖတ်သူများမှ သူတို့ရဲ့ လုပ်ဆောင်ချက်သတင်းတွေကို သံသယမရှိစေရန် တွန်းအားပေး ပက်သက်လာခဲ့ကြပါတယ်။
Coronavirusဂယက်ထနေချိန်တွင် hard seltzer အသစ်ကို အရောင်းမြှင့်တင်ဖို့ ကြိုးစားတဲ့ Corona
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
Coronavirus ပျံ့နှံ့မှုဖြစ်ပွားနေချိန်မှာ ပြည်တွင်းသတင်းစာ လုပ်ငန်းများ စည်းလုံး
Coronavirus ဖြစ်ပွားမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးများ နဲ့ ပတ်သက်ပြီး လူတွေ နားလည်လာသည်နှင့်အမျှ နိုင်ငံအနှံ့မှ ပြည်တွင်းသတင်းစာလုပ်ငန်းတွေက စာဖတ်သူများမှ သူတို့ရဲ့ လုပ်ဆောင်ချက်သတင်းတွေကို သံသယမရှိစေရန် တွန်းအားပေး ပက်သက်လာခဲ့ကြပါတယ်။
#ThereWithYou ဆိုတဲ့ hashtagကိုအသုံးပြုခြင်းအားဖြင့် ဤအဖွဲ့သည် လူမှုအသိုင်းအဝိုင်းများ အထူးသဖြင့် သက်ကြီးရွယ်အိုများနဲ့ အားနည်းချက်တွေကို အတူတူပူးပေါင်း ထိန်းသိမ်းထားရန်ရည်ရွယ်လာပါတယ်။
(မတ်လ ၂၀ ရက်) တွင်Archant မှ Reach, JPI Media မှ Iliffe သို့ ထုတ်ဝေသူများပိုင်တဲ့ သတင်းစာများရဲ့ ရှေ့စာမျက်နှာများတွင် 'သင်တစ်ယောက်တည်း ဖြစ်နေရင် ငါတို့က အတူရှိနေမယ်' ‘When you’re on your own, we are there with you' ဟူသော စကားလုံးများကို ပုံနှိပ်ထုတ်ဝေကြပါတယ်။
Archant မှ chief content officer, Matt Kellyက ဒေသဆိုင်ရာ သတင်းစာတွေက "ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံပဲ ဖြစ်ပါတယ်။သူတို့ကမျိုးဆက်တွေအတွက်၊ ကောင်းတဲ့အချိန်ကာလနဲ့မကောင်းတဲ့အရာတွေပါ။ ပြီးတော့ ကျွန်တော်တို့အသိုင်းအဝိုင်းက ကျွန်တော်တို့ကို အလိုအပ်ဆုံးအချိန်မှာ ကျွန်တော်တို့လုပ်နေတဲ့ အတိုင်း ကျွန်တော်တို့အကောင်းဆုံး အနေအထားပါပဲ"လို့ ရှင်းပြသွားပါတယ်။
McDonald's logo ဘာ့ကြောင့် ကွဲသွားရသလဲ
၎င်းလှုပ်ရှားမှုကို စက်မှုလုပ်ငန်းအဖွဲ့အစည်းများဖြစ်သော သတင်းမီဒီယာအသင်း၊ သတင်းစာနှင့် အယ်ဒီတာများက ဝိုင်းဝန်းထောက်ပံ့ကြပါတယ်။
Newsquest's editorial development director, Toby Granville က "ဒီခက်ခဲတဲ့ နေ့ရက်တွေ၊ ရက်သတ္တပတ်တွေနဲ့ လများအတွင်းအရေးကြီးတဲ့၊ ယုံကြည်စိတ်ချရတဲ့ သတင်းများနှင့်သတင်းအချက်အလက်များကိုဖြည့်ဆည်းပေးခြင်း၊လူတွေကို အတူတကွစုစည်းပြီး ကောင်းမွန်တဲ့အကြောင်းရင်းများကို ထုတ်ပြန်ခြင်းက ကျွန်တော်တို့ရဲ့ အရေးကြီး မရှိမဖြစ်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းရှိ အထိခိုက်လွယ်ဆုံးသောအဖွဲ့ဝင်များကိုလည်း ကူညီပံ့ပိုးပေးလိုပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့ရဲ့ လူမှုအသိုက်အဝန်းရှိ အထိခိုက်လွယ်ဆုံးသောအဖွဲ့ဝင်များကိုလည်း ကူညီပံ့ပိုးပေးလိုပါတယ်။
Reference Source: CNBC
Myanmar Advertising Directory
Published in Global
ASOS
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ ဖြစ်ပွားနေချိန်အတွင်း iPad နဲ့ Keyboard အသစ်ကို မိတ်ဆက်လိုက်တဲ့ Apple
Lysol
KFC
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမှတ်တံဆိပ်ရဲ့ ကြော်ငြာများ အောင်မြင်ခြင်း သို့မဟုတ် ကျရှုံးခြင်း
ကမ္ဘာတစ်ဝှမ်းမှာ အသက်ပေါင်း ၅၀၀၀ ကျော်မက အသက်ဆုံးရှုံးစေတဲ့ Coronavirus ကူးစက်ရောဂါဟာ ရုတ်တရက် ပျံ့နှံ့မှုမြန်ဆန်ပြီး ဖြစ်ပွားမှုတိုးလာပါတယ်။ သောကြာနေ့က သမ္မတ Trump ရဲ့နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့ခြင်းအပေါ် အမေရိကန်ပြည်ထောင်စုရှိ ဈေးကွက်ရှာဖွေသူများက အဆင်သင့် မဖြစ်ကြသေးပါဘူး။ အမှတ်တံဆိပ် ပိုင်ရှင်များစွာက အခုလိုရှုပ်ထွေးနေတဲ့အချိန်မှာ သူတို့ရဲ့ ကြော်ငြာတွေ (သို့မဟုတ်)ရွှေ့ဆိုင်းထားတဲ့ ကြော်ငြာတွေနဲ့ ရှေ့ကို ဘယ်လိုဆက်ရမလဲဆိုတာကို ဆွေးနေကြပါတယ်။ဆိုရှယ်မီဒီယာများတွင် ဝေဖန်ခံရပြီး ပယ်ချခံရသော သို့မဟုတ် ဗိုင်းရပ်စ်ကြောင့် ခေတ်ပြန်စားလာသော ကြော်ငြာအချို့ကို ဖော်ပြထားပါတယ်။
ASOS
၂၀၁၉ ခုနှစ် သြဂုတ်လတွင် ASOS သည်ပထမဆုံးသော chainmail face maskများကို စတင်မိတ်ဆက်လိုက်တဲ့အခါ e-commerce လက်လီအရောင်းဆိုင်သည် သူတို့၏ဒီဇိုင်းအတွက် အွန်လိုင်းမှလှောင်ပြောင်ခံရပါတယ်။ စတင်ဖြန့်ချီတဲ့ အချိန်မှာ လက်လီရောင်းချသူများက“ ပွဲတော်ရာသီ / တုပ်ကွေးရာသီ / အနီးကပ်စကားပြောသူများနဲ့ ဆက်ဆံခြင်း၊မင်းရဲ့တစ်နှစ်ပတ်လုံးကြိုက်နှစ်သက်စေမယ့်အရာ” လို့အရောင်းမြှင့်တင်ရန်ပြောခဲ့ကြပါတယ်။သူတို့က လွန်ခဲ့တဲ့လအနည်းငယ်က ဖက်ရှင်တွေအတွက် ဖြစ်ကောင်းဖြစ်လိမ့်မယ်။သို့သော် face maskများသည် coronavirus ဂယက်တွင် သတင်းအချက်အလက်များစွာရဲ့ အရင်းမြစ်ဖြစ်ခဲ့ပြီး ယခုအပတ် Facebook နှင့် Google တို့ကFace mask များအတွက် ကြော်ငြာများကိုပိတ်ပင်ထားရသည် အထိဖြစ်ခဲ့ပါတယ်။လွန်ခဲ့သော ၂၄ နာရီအတွင်း၊ တွစ်တာမှ သုံးစွဲသူများသည် face maskကြော်ငြာတွေ တွေ့ရလွန်းလို့ တိုင်တဲ့အထိတောင် ဖြစ်နေပါတယ်။
ငွေရောင် နဲ့ ရွှေရောင် face maskများကို၁၇ ဒေါ်လာ ဖြင့်ရောင်း ချသည့် ကြော်ငြာများသည် ASOS ဝက်ဘ်ဆိုက်မှ Userများက အလိုအလျောက်Share ယူသွားကြသည်။ သို့သော် ကုမ္ပဏီက မကြာသေးမီက ထုတ်ကုန်များကို အကုန်တင်ပို့လိုက်ပြီလို့ ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ပက်သက်သော အချက်အချာကျတဲ့ သတင်းအချက်အလက်တွေကို စတင်ထုတ်ပြန်တော့မယ့် WhatsApp
Norwegian Cruise Lines
Norwegian Cruise Lines ကြော်ငြာများသည် လွန်ခဲ့သောနှစ်ပတ်ခန့်က နေရာတိုင်းလိုလိုဖြစ်သော တီဗွီနှင့်လွှင့်ခြင်း၊ကြော်ငြာဆိုင်းဘုတ်များနှင့် လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် နေရာယူထားကြပါတယ်။ နယူးယောက်တိုင်းမ်သတင်းစာအရ ယခုနှစ်ဒီဂျစ်တယ်ကြော်ငြာများအတွက် Wayfair နှင့် Expedia ကဲ့သို့သော ဝက်ဘ်ဆိုက်များတွင် ကြော်ငြာများအတွက် ဒေါ်လာ ၁၀ သန်းနီးပါးပေးခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက CNN ပြပွဲ “Erin Burnett OutFront” တွင် Norwegian Cruise Lines ကြော်ငြာကို အဆင်မပြေကြောင်းဖော်ပြခဲ့ပါတယ်။
ကြော်ငြာမှာ လူတွေ သူတို့ရဲ့ အပျော်စီးသင်္ဘောပေါ်မှာ ပျော်မွေ့နေကြောင်းပြသထားတဲ့ ကြော်ငြာတစ်ခုဖြစ်ပါတယ်။ iSpot.tv ၏အဆိုအရ ၎င်းသည်မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အဆိုပါcruise lineသည် ဗိုင်းရပ်စ်ကြောင့်တားမြစ်နေချိန်မှ ထုတ်လွှင့်တာက ကံမကောင်းတာပါပဲ။ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် တားမြစ်မှုတွေက Cruise လုပ်ငန်းကိုအကြီးအကျယ်ထိခိုက်ခဲ့ပြီး သောကြာနေ့က Norwegian Cruise Linesသည် ဧပြီလ ၁၁ ရက်နေ့အထိ ခရီးစဉ်များခေတ္တရပ်ဆိုင်းမယ် လိ့ုကြေညာခဲ့ပါတယ်။
Lysol
ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မှာကုန်အမှတ်တံဆိပ်အားလုံးဟာ နာမည်ကြီးလာတာမဟုတ်ပါဘူး။ သန့်ရှင်းရေးတံဆိပ်များဟာ ရောင်းထွက်နေကြပြီး၊ Reckitt Benckiser ရဲ့ Lysol ကအကောင်းဆုံးတံဆိပ်တစ်ခုဖြစ်ပါတယ်။RB ရဲ့ Lysol ဦး ဆောင်သော sprayသန့်စင်ဆေးသည် လွန်ခဲ့သောတစ်နှစ်ကထက် ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Nielsen ကပြောကြားခဲ့ပါတယ်။သို့သော် စတိုးဆိုင်များတွင် Lysol wipes နှင့်sprayများပြတ်တောက်မှုရှိနေပြီး Lysol ၏လက်ရှိကြော်ငြာသည် လူများအတွက် ထုတ်ကုန်များကိုအလွယ်တကူ ဝယ်ယူရန် တတ်နိုင်ခြင်း မရှိသောကြောင့် အချို့သောအရာများသည် မသုံးနိုင်လောက်တဲ့ထိဖြစ်ကြရပါတယ်။
Lysol သည်တီဗွီနှင့်social mediaတို့တွင်ကြော်ငြာသုံးခုတင်ထားပါတယ်။နှစ်ခုသည် ၎င်းရဲ့spray ကိုအရောင်းမြှင့်တင်ထားပါသည်။ iSpot.TV ၏အဆိုအရ၎င်းတို့သည် ကြော်ငြာကို မတ်လ ၁၅ ရက်နေ့ထိ ထုတ်လွှင့်နေဆဲဖြစ်ပြီး ကြော်ငြာကတော့ ယောက်ျားလေးတစ်ဦး က သူရဲ့ နှာစေးနေသောနှာခေါင်းကိုပွတ်တိုက်ပြီး အနီးအနားရှိ အရုပ်တစ်ရုပ်ကို ကပ်သုတ်သည့်ဗီဒီယိုတစ်ခုတွင် ဆေးမှုတ်သည့် Sprayသည် Coronavirus မဟုတ်ဘဲ H3N2 တုပ်ကွေးဗိုင်းရပ်စ်ကို သေစေသည်ဟုဖော်ပြထားပါတယ်။ ထုတ်ဝေရန် အချိန်မီ မမီကို Reckitt Benckiser ကဘာမှ တုံ့ပြန်မပြောသေးပါဘူး။
KFC
ကြာသပတေးနေ့တွင်, KFC ရဲ့ကြော်ငြာက ကြက်ကြော်စားပြီးနောက် Chopin စန္ဒရားဂီတ နောက်ခံဖြင့် Customerများက မိမိတို့ရဲ့ လက်ချောင်းများလျက်နေတဲ့ “finger lickin’ good”ကြော်ငြာပဲဖြစ်ပါတယ်။Mother London အေဂျင်စီက ဖန်တီးထားတာဖြစ်ပြီး လမ်းဘေးကြော်ငြာဆိုင်းဘုတ်တွေမှာ လူတွေဟာသူတို့ရဲ့လက်ချောင်းတွေကို “It’s and “good” ဆိုတဲ့ စကားလုံးတွေနဲ့ လျက်နေတယ်ဆိုတာပြသထားပါတယ်။ U.K. ရှိ ကြော်ငြာစံချိန်စံညွှန်းဆိုင်ရာအာဏာပိုင်အဖွဲ့က Ad Age ကိုကြော်ငြာများနှင့် ပတ်သက်၍ တိုင်တန်းမှု ၁၆၃ ခုလက်ခံရရှိကြောင်း၊ဗိုင်းရပ်စ်ကြောင့် တားစီးထားတဲ့အရာတွေကိုချိုးဖောက်ခြင်းဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။
"ဒီCampaign ကိုထုတ်လွှင့်ဖို့ အချိန်သင့်တော်တယ်လ့ို မခံစားရသေးပါဘူး။ ဒါကြောင့်ကျွန်တော်တို့ ကြော်ငြာကိုခေတ္တရပ်နားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်ကျွန်တော်တို့ တကယ်ဂုဏ်ယူတယ်၊ နောက်မှအောင်မြင်မှုနဲ့ ပြန်လာဖို့မျှော်လင့်ပါတယ်။ "လို့ KFCမှပြောကြားသွားခဲ့ပါတယ်။
Reference Source: Ad Age
Myanmar Advertising Directory
Categories Link
Kay Khing Kyaw
Henry Phyo Nyein Aung
Phyo Thazin Shwe
Hninn Yu San
Pwint Thitsar Lin
Win Win Htwe
Share
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
Screen reader support enabled.
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
Henry Phyo Nyein Aung has joined the document.
Published in Global
Coronavirus ပျံ့နှံ့မှုကြောင့် ကြော်ငြာအသုံးစရိတ်များ ဒေါ်လာ ၃ဘီလီယံထိ လျော့ကျနိုင်
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ကိုရိုနာဗိုင်းရပ်စ်နှင့် ပက်သက်သော အချက်အချာကျတဲ့ သတင်းအချက်အလက်တွေကို စတင်ထုတ်ပြန်တော့မယ့် WhatsApp
WhatsApp က တစ်ကမ္ဘာလုံးဆိုင်ရာ coronavirus ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းတွင် အစိုးရများ၊ ကျန်းမာရေးအဖွဲ့အစည်းများနဲ့ လူမှုအသိုင်းအဝိုင်း ဝန်ထမ်းများကို သတင်းအမှန်များရရှိစေရန်အတွက် ကူညီဖို့အစီအစဉ်များ စတင်ရေးဆွဲခဲ့ပါတယ်။
ကုမ္ပဏီဟာ အစကတည်းက အစိုးရများနှင့် စကာၤပူ၊ အစ္စရေး၊ တောင်အာဖရိက၊ ဘရာဇီး ၊အင်ဒိုနီးရှားရှိ NGO များနဲ့ လက်တွဲလုပ်ဆောင်နေပြီးဖြစ်ပါတယ်။ ဒီအစီအစဉ်က လူအများ အသုံးပြုရန်အတွက် သတင်းအချက်အလက်အားလုံးကို စုဆောင်းပေးမယ့် အချက်အချာတစ်ခုဖြစ်ပါတယ်။
၎င်းဗဟိုချက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF၊ UNDP တို့နဲ့ ပူးပေါင်းပြီး ကျန်းမာရေးလုပ်သားများ၊ ပညာပေးသူများ၊ လူထုခေါင်းဆောင်များ၊ အကျိုးအမြတ်မယူသောအဖွဲ့များ၊ ဒေသန္တရအစိုးရများနှင့် ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများကို ဗိုင်းရပ်စ်ပျံ့နှံ့နေစဉ်ကာလအတွင်း WhatsAppဖြင့် လွယ်လွယ်ကူကူ အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ကုမ္ပဏီက WHOနှင့် UNICEFတို့နဲ့ အလုပ်လုပ်နေတာဖြစ်တာကြောင့် ၎င်းဗဟိုချက်မှ သတင်းအချက်အလက်များကမှန်ကန်ပြီး လူထုအတွက် ပိုမိုအဆင်ပြေစေပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏အုပ်ချုပ်ရေးမှူး Achim Steiner က“ WhatsApp လိုပုဂ္ဂလိက ကဏ္ဍကုမ္ပဏီများနဲ့ လက်တွဲရတာဟာ ကောင်းမွန်တဲ့အချက်တစ်ခုပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်ဒေသခံ ကျန်းမာရေးအရာရှိများထံမှ အရေးကြီးတဲ့ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို ကမ္ဘာတဝှမ်းရှိ သုံးစွဲသူ သန်းပေါင်းများစွာဆီသို့ ရောက်ရှိစေရန် WhatsAppက ကူညီပါလိမ့်မယ်။" လို့ပြောသွားပါတယ်။
အဆိုပါကုမ္ပဏီသည် Poynter Institute၏ အပြည်ပြည်ဆိုင်ရာ အချက်အလက် စစ်ဆေးရေးကွန်ယက် (IFCN) အား ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ပါတယ်။ ၎င်းကို နိုင်ငံ ၄၅ နိုင်ငံကျော်မှ ဒေသခံအဖွဲ့အစည်း ၁၀၀ ပါဝင်သော အဖွဲ့ဖြစ်တဲ့ CoronaVirusFacts Alliance ရန်ပုံငွေအဖြစ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
WhatsApp ၏အကြီးအကဲဖြစ်သူ Will Cathcart က“ ကျွန်တော်တို့ ရဲ့ Appအသုံးပြုသူ သူငယ်ချင်းများ၊ ချစ်ရသူများ၊ ဆရာဝန်များ၊လူနာများ သို့မဟုတ် ကျောင်းသား/သူများ၊ ဆရာ/မ များဖြစ်စေ ဒီဗိုင်းရပ်စ် အခက်အခဲကြုံတွေ့နေရတဲ့ အချိန်မှာ WhatsAppမှ သတင်းများရရှိရန် ကြိုးစားလုပ်ဆောင်နေတာကို ကျွန်တော်တို့သိပါတယ်။ဒါ့ကြောင့် ဒီလို ခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့က တိကျသေချာတဲ့ အရင်းအမြစ်တစ်ခုကိုပေးချင်ပါတယ်။"
WhatsAppရဲ့ အချက်အလက်တွေကို စစ်ဆေးတဲ့ အဖွဲ့အစည်းတွေ တိုးပွားလာဖို့ ပြီးတော့ ကောလာဟလတွေကို ပျောက်ကွယ်စေမယ့် Poynter Institute နဲ့ အတူလက်တွဲလုပ်ဆောင်နိုင်တဲ့ အတွက်ကျွန်တော်တို့လည်း ဝမ်းသာပါတယ်။ WhatsApp အတွင်း မှန်ကန်ပြီးတိကျတဲ့ Updateသတင်းများ ထုတ်လွှင့်နိုင်ရန်အတွက် ကမ္ဘာတဝှမ်းရှိကျန်းမာရေး ဝန်ကြီးဌာနများနဲ့လည်း ကျွန်တော်တို့ ဆက်လက်ပြီး အလုပ်တွေ တိုက်ရိုက်လုပ်ဆောင်သွားမှာပါ။ ” လို့ပြောကြားသွားခဲ့ပါတယ်။
Coronavirus အခက်အခဲတွေကြောင့် လမယ့်လအနည်းငယ်အတွင်း WPPရဲ့ ဝန်ထမ်းတွေအားလုံးကို အိမ်မှ အလုပ်လုပ်ရန် နှိုးဆော်
WhatsAppကို ပိုင်ဆိုင်သော Facebookက စီးပွားရေးအကျပ်အတည်းကာလအတွင်း စားသုံးသူဖောက်သည် အသုံးစရိတ်လျှော့ချခြင်းနဲ့ social distancing တို့ကြောင့် ထိခိုက်နစ်နာပြီး ဆင်းရဲဒုက္ခခံရတဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ရန်ပုံငွေများ ပြင်ဆင်ထားပါတယ်။ကုမ္ပဏီတွင် အသေးစားစီးပွားရေးထောက်ပံ့ငွေ နဲ့ ကြော်ငြာခရက်ဒစ် အတွက်ဒေါ်လာ မီလီယံ ၁၀၀ ရန်ပုံငွေရှိနေပြီး ဖြစ်ပါတယ်။
ဤဆောင်းပါးသည် မြောက်အမေရိကား၊ကိုရိုနာဗိုင်းရပ်စ်၊မီဒီယာ၊ဒီဂျစ်တယ်နှင့် ကုန်အမှတ်တံဆိပ်တို့ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
Reference Source: The Drum
Myanmar Advertising Directory
Published in Global
ကိုရိုနာ ဗိုင်းရပ်က ကြော်ငြာ လုပ်ငန်းဆောင်တာများကို သက်ရောက်မှု့ ရှိပါသလား
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
စင်္ကာပူပြည်သူတွေအတွက် ပုံစံအသစ်နဲ့ ရောက်ရှိလာတဲ့ Heinekenရဲ့ Public Fridge
ယမကာနဲ့ ကင်းတဲ့ လူဆိုတာ ကမ္ဘာပေါ်မှာ မရှိသလောက်ရှားပါတယ်။ဒါ့ကြောင့် အရက်ကုမ္ပဏီများကလည်း စားသုံးသူဖောက်သည်တွေကို ဆွဲဆောင်ဖို့ သူ့ထက်ငါအပြိုင် ထီထွင်ဖန်တီးလာကြပါတယ်။စင်္ကာပူလူမျိုးတွေရဲ့
ပြင်းပြတဲ့စိတ်ဆန္ဒတွေကို ဖြေသိမ့်ဖို့အတွက် ကားမမောင်းခင် ဘီယာအေးအေးလေးတစ်လုံးသောက်နိုင်ရန် Heinekenဟာ public beer fridgeကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီမိတ်ဆက်မှုက အရက်သေစာသောက်သုံးပြီး ကားမောင်းဖို့ တိုက်တွန်းတာမဟုတ်ပါဘူး။ဒါပေမယ့်
၎င်းကြော်ငြာက Heinekenရဲ့ non-alcoholic 0.0ကို အရောင်းမြှင့်တင်ဖို့ စတင်လိုက်တာပဲဖြစ်ပါတယ်။
Facebookသည် အသေးစားစီးပွားရေးလုပ်ငန်း ထောက်ပံ့ငွေများနဲ့ကြော်ငြာခရစ်ဒစ်များသို့ ဒေါ်၁၀၀မီလီယံထုတ်ပေးခြင်းအားဖြင့် ၎င်းရဲ့Covid-19 ရည်ရွယ်ချက်ကိုတွေ့ရှိ
ဒီCampaignကို Publicis Singaporeအေဂျင်စီက တီထွင်ဖန်တီးခဲ့ပြီး 'The Driver’s Fridge'လို့ အမည်ပေးထားပါတယ်။Fridgeကို ခေတ်ပေါ်ကားတစ်စီးရဲ့ တံခါးအတိုင်း တူညီတဲ့ အသွင်အပြင်များ၊နည်းပညာများနဲ့ ဒီဇိုင်းဆွဲထားတာပဲဖြစ်ပါတယ်။Fridgeကို ကားသော့တစ်ခုနဲ့သာဖွင့်နိုင်ပြီး Fridgeဟာ ကားသော့ကို ရှာဖွေပြီး ကြိမ်နှုန်းတွေလွှတ်ပြီး အလိုအလျောက် ပွင့်သွားမှာပဲဖြစ်ပါတယ်။
Heineken 0.0ဟာ ကားမောင်းသမားတွေအတွက် အပြစ်ကင်းလွတ်အောင် သေချာပြုလုပ်ထားပါတယ်။The Driver's Fridgesကို စင်္ကာပူရဲ့ Orchard Road၊Clarke Quayစတဲ့ နေရာတွေမှာ ထားရှိမှာဖြစ်တယ်။
"Heineken 0.0က ကားမောင်းသမားတွေအတွက် ကာလအသစ်တစ်ခု ဖွင့်လှစ်ပေးမှာပါ ပြီးတော့ စင်္ကာပူနိုင်ငံထဲမှာ စတင်မိတ်ဆက်မှာပါ။ကျွန်တော်တို့က ဘီယာချစ်သူတွေကို မြင့်မားတဲ့ အကြံဉာဏ်တွေနဲ့ သူတို့တစ်ခါမှ မစဉ်းစားဖူးတဲ့ အရာတစ်ခုကို သူတို့ခံစားနိုင်အောင်လို့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။"
"ကျွန်တော်တို့က အရမ်းအကောင်းမြင်တတ်ကြပါတယ် ဒါပေမယ့် fridgeရဲ့ zero-alcohol beerကို ဒီလောက်အာရုံစိုက်ကြလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးပါဘူး။"လို့ အာရှပစိဖိတ် အရက်ချက်စက်ရုံ စင်္ကာပူရဲ့ ဈေးကွက်ရှာဖွေရေးဒါရိုက်တာ Faye Weeကပြောကြားခဲ့ပါတယ်။
ဤဆောင်းပါးသည် စင်္ကာပူ၊Heineken၊ကြော်ငြာခြင်း၊ဒီဂျစ်တယ်၊Events၊ဈေးကွက်ရှာဖွေရေး၊တီထွင်ဖန်တီးမှုနှင့် ကုန်အမှတ်တံဆိပ်တို့ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
Myanmar Advertising Directory
Published in Global
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ပုံစံအသစ်နဲ့ ထုတ်ဖော်လိုက်တဲ့ Tiger Bar Snacks
ကမ္ဘာပေါ်မှာ ယမကာနဲ့ကင်းတဲ့ လူသားဟာ အန်မတန်မှ ရှားပါးပါတယ်။တချို့ကဆေးဖြစ်ဝါးဖြစ်မှီဝဲကြသော်လည်း တချို့က အလွန်အကျွံသောက်သုံးကြပါတယ်။ထို့ကြောင့် အမှတ်တံဆိပ်ကုမ္ပဏီတွေက သူများနဲ့မတူ တမူထူးခြားအောင်အသစ် အသစ်တွေဖန်တီးကာ သုံးစွဲသူဖောက်သည်တွေကို ဆွဲဆောင်ကြပါတယ်။ယခုအခါမှာတော့
Tiger Beer’s snacks အမှတ်တံဆိပ်၊ Tiger Bar snacksဟာ နယူးဇီလန်မှာရှိတဲ့ သူ့ရဲ့အာရှအမွေအနှစ်ကို ပလက်ဖောင်းအသစ်တစ်ခုအနေနဲ့ သိသာထင်ရှားအောင် ပြသခဲ့ပါတယ်။
McDonald'sနဲ့Starbucks တို့ရဲ့ "to go" ဗျူဟာဖြင့် ဈေးကွက်ဖြန့်ကျက်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ မှုကို လျော့နည်းစေ
Colenso BBDO မှဖန်တီးထားသော East Of What You Knowဟုခေါ်သောပလက်ဖောင်းသည် Tiger Bar Snacks အဆိုအရ လူတွေကို“ထူးဆန်းပြီး ကွဲပြားခြားနားသော နည်းလမ်းများဖြင့် လက်ခံခြင်း” ဖြစ်စေရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။
Magdalena Wosinska မှရိုက်ကူးသည့် အရှေ့ပိုင်း တက်တူးအနုပညာရှင်များ၊ အကသမားများ၊ DJsများ နှင့် rappers များပါဝင်ထားသည့် out-of-home အီလက်ထရစ် စီးရီးကိုအကောင်အထည်ဖော်ခြင်း နှင့်အွန်လိုင်းဗီဒီယိုများမှတဆင့် ၎င်းsnack campaignကိုပြုလုပ်ထားပါတယ်။
"ဒီcampaignက ကမ္ဘာပေါ်ရှိ Tigerရဲ့လန်းဆန်းစေသောအမြင်ကို ထပ်မံ အလေးပေးရုံတင်မကဘဲ ကျွန်ုပ်တို့သောက်သုံးသူများကို အမှန်တကယ် တွေ့ကြုံခံစားစေတဲ့ နည်းလမ်းသစ်တစ်ခု ပေးပြီး သူတို့သိထားတဲ့ အရှေ့နိုင်ငံ ကအတွေ့အကြုံတစ်ခုခုကို မျှဝေမှာဖြစ်ပါတယ်။ "လို့ DB Breweries Ltd. ရဲ့ ဈေးကွက်ရှာဖွေရေးဒါရိုက်တာ Sean O'Donnell ကပြောကြားသွားခဲ့ပါတယ်။
ဤဆောင်းပါးသည် နယူးဇီလန်၊ကြော်ငြာခြင်း၊ဒီဂျစ်တယ်၊ဒီဂျစ်တယ်ကြော်ငြာခြင်း၊ဈေးကွက်ရှာဖွေရေး၊မိုဘိုင်း၊ထီထွင်မှူနှင့် အမှတ်တံဆိပ်တို့ကိုရည်ညွှန်းခြင်းဖြစ်ပါသည်။
Reference Source: The Drum
Myanmar Advertising Directory
Published in Global
Page 1 of 6