-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာ လုပ်ငန်းမှဝင်ငွေမရရှိသဖြင့် Playboy မဂ္ဂဇင်း ပိတ်သိမ်းရဖို့ အလားအလာများနေ

ယခုဆိုရင်တော့ Play Boy မဂ္ဂဇင်းက ကိုဗစ်ကာလ အတွင်း အကြပ်တွေ့ပြီး ကြော်ငြာ များလက်ခံမရရှိသလို ဝန်ထမ်းများ ရုံးတက်နိုင်ခြင်း မရှိသောကြောင့် ပုံနှိပ်ခြင်းကို ရပ်ဆိုင်းခဲ့ရပါပြီ။

 

Play Boy တွင် ကြော်ငြာ အဓိက ရရှိသည်မှာ အတွင်းဝတ် အဝတ်အထည်များ နှင့် ခွန်အားတိုးဆေးများဖြစ်ပြီး ထို ကြော်ငြာ များမှ ကုန်ပစ္စည်းများသည်လည်း ကိုဗစ်ဖြစ်နေတော့ အသုံးပြုတဲ့ သူမရှိပေ ဒါကြောင့် ၎င်း Product များကိုကြော်ငြာခြင်းရပ်ဆိုင်းထားတယ်သိရပါတယ်။

 

ယခုဆိုရင်တော့ Play boy မဂ္ဂဇင်းမှ ယခုကာလ အတွင်း ဆက်သွားဖို့ကိုလားရာ လုံးဝမရှိတော့ပါဘူး ဝန်ထမ်းတွေ ကိုလဲ ကြော်ငြာ မရှိတော့ လစာ ကိစ္စ ရပ်တွေ အခက်အခဲဖြစ်နေတယ်သိရပါတယ်။Play Boy ရဲ့ CEO ဖြစ်သူ Ben Kohn ပြောကြားချက်အရ သူတို့တွေက ကြော်ငြာ တွေရပ်သွားတာ မတ်လဆန်းထဲကပါ ဒါ့ကြောင့် ပုံနှိပ်ခြင်းတွေကို မတ်လ အလယ်ပိုင်းထဲက ရပ်တန့်လိုက်တယ်သိရပါတယ်။

 

တကယ်တန်းမှာ Play Boy ဟာ အမျိုးသမီး ဝတ်လစ်စလစ် ပုံများဖြင့် အသက်ဝင်ခဲ့ပြီး လူဖတ်အများ ဆုံး မဂ္ဂဇင်းတစ်ခုဖြစ်ကာ ကြော်ငြာ ရေးရာ နယ်ပယ်မှာယခင်က ဆရာတစ်ဆူဖြစ်ခဲ့တာပါ။ထို Playboy ကို ဖတ်ရှု့ သူတွေဟာ ငွေကြေး ၃ ဘီလီယံ ကမ္ဘာနှင့်တလွှား ရရှိခဲ့ပါတယ်။

 

Play Boy မဂ္ဂဇင်း ရဲ့ တားဂတ်က ဆယ်ကျော်သက်တွေနဲ့ အလုပ်ခွင်ဝင် နေတဲ့ အမျိုးသားတွေ ပေါ်များစွာသက်ရောက်မှု့ရှိရှိရည်ရွယ်ထားကြောင်းသိရပါတယ်။ယခုဆိုရင် ကိုဗစ်ဖြစ်နေတဲ့ ကာလ မို့ လူစု လူဝေးရှောင်ရှား ရမည်မှာ အမှန်ပင်ဖြစ်ပါသောကြောင့် Playboy ပါတီတွေလဲ မရှိတော့ပါဘူး။

 

လက်ရှိမှာ ထိုမဂ္ဂဇင်းကို ဝယ်ဖတ်မည့်သူတွေလည်း မရှိတော့သလို ကျောင်းသားဆယ်ကျော်သက်များလည်းကျောင်းပိတ်ထားသလို ၊ အမျိုးသား လူကြီးများမှာ လဲ ကိုဗစ်ကြောင့် အတော်လေး စိတ် အခက်တွေ့နေကြလို့ မဂ္ဂဇင်းဝယ်ဖတ်ဖို့တောင်မအားနိုင်ပါဘူး။

 

<<< Zawgyi >>>

 


--------------------------------------------------------------------------------------------------------------

 


 


 


 


 


 


 

Ref ; Hollywood Reporter

Read times
Rate this item
(0 votes)