-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမှားပါတဲ့ဟယ်ရီပေါ့တာ ပကြိမ်ပုံနှိပ် ဝတ္ထုစာအုပ် ဒေါ်လာ ၄၇၁,၀၀၀ တန်ကြေးရှိနေ

အမှားပါတဲ့ဟယ်ရီပေါ့တာ ပကြိမ်ပုံနှိပ် ဝတ္ထုစာအုပ် ဒေါ်လာ ၄၇၁,၀၀၀ တန်ကြေးရှိနေ

ဗြိတိန်နိုင်ငံအတွက် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အဖုံးမာ Harry Potter and the Philosopher's Stone အမည်ရှိ ဝတ္ထုစာအုပ်ကို ၁၉၉၇ ခုနှစ်မှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
အဲဒီဝတ္ထုစာအုပ်ကို မကြာသေးခင်က အမေရိကန်နိုင်ငံမှာ လေလံပစ်တာ အမေရိကန်ဒေါ်လာ ၄၇၁,၀၀၀ ဖြင့် လေလံဆွဲသွားခဲ့ပါတယ်။
၂၀ ရာစုမှာ ပုံနှိပ်ထုတ်ဝေတဲ့ စိတ်ကူးယဉ် ဝတ္ထုစာအုပ်အနေဖြင့် ကမ္ဘာ့စံချိန်သစ် တင်တဲ့ ဈေးနှုန်းကို ရရှိလိုက်တာ ဖြစ်ပါတယ်။

အဲဒီ Harry Potter and the Philosopher's Stone ဝတ္ထုစာအုပ်ကို အဖုံးမာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တာမှဦ အုပ်ရေ ၅၀၀ သာ ရိုက်နှိပ်ခဲ့ပါတယ်။
လေလံတင်တဲ့ ကြမ်းခင်းဈေးက အမေရိကန်ဒေါ်လာ ၇၀,၀၀၀ ဖြစ်ပါတယ်။ လေလံအောင်တဲ့ဈေးက အမေရိကန်ဒေါ်လာ ၄၇၁,၀၀၀ ဖြစ်တာကြောင့် ၆ ဆ ကျော် ပါတယ်။

ယခင်က ပထမအကြိမ်ပုံနှိပ်ထုတ်ဝေတဲ့ Harry Potter ဝတ္ထုတွေ လေလံပစ်ခဲ့ဖူးပြီး အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ မှ ၁၃၈,၀၀၀ အထိ ပေးဝယ်ခဲ့ကြပါတယ်။

Harry Potter and the Philosopher's Stone ပထမအကြိမ် ပုံနှိပ်စာအုပ် ၅၀၀ ထဲမှာ ပါဝင်တဲ့ စာအုပ် ဟုတ်မဟုတ်ဆိုတာကို စာမျက်နှာ ၅၃ ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

အဲဒီစာမျက်နှာမှာ ပစ္စည်းစာရင်း ဖော်ပြထားပါတယ်။ စာရင်းမှာ "1 wand" ဆိုတာ နှစ်ခါ ဖော်ပြထားပါတယ်။ မှားယွင်းဖော်ပြမိတာ ဖြစ်လို့ နောက်ထပ်ပုံနှိပ်တဲ့အခါ ပြင်ဆင်ပေးလိုက်လို့ "1 wand" ဆိုတာ နှစ်ခါ ဖော်ပြမထားတော့ပါဘူး။
နောက်တစ်ချက်က ဝတ္ထုအမည် စာမျက်နှာ ကျောဘက်မှာ "10 9 8 7 6 5 4 3 2 1" ဆိုတဲ့ ဂဏန်းစဉ် ဖော်ပြပေးထားပါတယ်။

အခုလို ရှားရှားပါးပါး အမှားပါနေတာကြောင့် ယခုအခါ စာအုပ်က ဈေးပိုရနေတာ ဖြစ်ပါတယ်။

 

herry porter.jpg

 

Read times
Rate this item
(0 votes)