အိမ်ခြံမြေအေးဂျင့် လက်ကမ်းကြော်ငြာ ကားပါကင်ဆင့်ခေါ်စာနှင့် တူနေသဖြင့် ပြဿနာတက်
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
စင်ကာပူမှာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခု၏ လက်ကမ်းကြော်ငြာကို အရေးယူဖို့ ကားပါကင် ဆင့်ခေါ်စာနဲ့ တူအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ၎င်းလက်ကမ်းကြော်ငြာကို ပါကင်မှာ ရပ်ထားတဲ့ ကားတွေရဲ့ ရှေ့လေကာမှန်မှာ ထားရှိပါတယ်။ အဲဒီ လုပ်ရပ်ကို ကားပိုင်ရှင်တွေ မကျေမနပ် ဖြစ်ကုန်ကြပါတယ်။
.
Complaint Singapore Unrestricted အမည်ရှိ Facebook စာမျက်နှာမှာ မကျေနပ်ချက်များကို တင်ပြကြပါတယ်။
.
"ဒါကို ငါ့ကား လေကာမှန်ပေါ်မှာ လာထားသွားတယ်။ အဲဒါ မိုက်ရိုင်းတာပဲ၊ အခုလို လုပ်တာမျိုး ဘယ်ယာဉ်မောင်းမှ မကြိုက်ဘူး"လို့ တစ်ဦးက တင်ပြပါတယ်။
.
"ငါတို့ရဲ့ ကားတွေပေါ်မှာ ဈေးပေါတဲ့ စျေးကွက်ရှာဖွေရေးနည်းလမ်းဖြင့် အမှိုက်လာမဖွပါနဲ့။ မိုးရွာခဲ့ရင် စက္ကူက မှန်မှာ ကပ်နေမှာ" လို့ တစ်ဦးက ရေးသားထားပါတယ်။
.
ဆင့်ခေါ်စာနှင့် ဆင်ဆင်တူ ဒီဇိုင်းထုတ်ထားတဲ့ လက်ကမ်းကြော်ငြာမှာ Singapore Realtors Inc (SRI) လုပ်ငန်းမှ အိမ်ခြံမြေအေးဂျင့် Shahirah Shaik ကို ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို ဖော်ပြထားပါတယ်
“ပြစ်မှုကင်းကြောင်း အသိပေးခြင်း” လို့ ခေါင်းစီး ကို အရွှန်းဖောက်ပြီး ရေးသားထားပါတယ်။
 
.
အိမ်ခြံမြေ ကိုယ်စားလှယ်များအတွက် ကောင်စီ Council for Estate Agencies (CEA) က ၎င်းကိစ္စကို ကြားသိထားပြီး ကိုင်တွယ်နေကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
.
CEA ရဲ့ ကျင့်ဝတ်သိက္ခာနှင့် ကြော်ငြာလမ်းညွှန်ချက်များတွင် လက်ကမ်းစာစောင်များကို ကားလေကာမှန်များတွင် မထားရှိသင့်ကြောင်း ဖော်ပြထားပါတယ်။ အများပြည်သူ အနှောင့်အယှက်ဖြစ်စေခြင်း မရှိစေရလို့လည်း ဖော်ပြထားပါတယ်။
.
CEA အနေဖြင့် အေးဂျင့်ရဲ့ လုပ်ငန်းမှတ်ပုံတင်ကို ဆိုင်းငံ့ထားနိုင်ပါတယ်။ ဒဏ်ကြေး စင်ကာပူဒေါ်လာ ၅,၀၀၀ အထိ ချမှတ်နိုင်ပါတယ်။
.
.
Shahirah က သူမအနေဖြင့် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်းနှင့် ဒီဇိုင်းက "ရယ်စရာနှင့် ဟာသအတွက် သက်သက်ဖြစ်ပါတယ်" လို့ ပြောကြားပါတယ်။
.
သူမက “အခုက ပွဲကျပ်နေတဲ့ စျေးကွက်တစ်ခုပါ။ လိုင်စင်ရအေးဂျင့် ၃၃,၀၀၀ ရှိပါတယ်။ ဒီတော့ အဆန်းထွင်ဖို့ လိုပါတယ်" ဟု ပြောကြားပါတယ်။
ကြော်ငြာဒီဇိုင်းကို SRI ထံ တင်ပြပြီး အတည်ပြု ခွင့်ပြုချက် ရယူခဲ့ကြောင်းလည်း ပြောကြားပါတယ်။
ကိုးထပ် ကားပတ်ကင် အဆောက်အဦထဲမှာ ရက်ထားတဲ့ ကားများရဲ့ လေကာမှန်မှာ လက်ကမ်းကြော်ငြာထားရှိခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြပါတယ်။ သို့ဖြစ်ရာ မိုးရေ မစိုနိုင်ချေ။
.
ကားပါကင် ဆင့်ခေါ်စာ ပုံစံတူ ကြော်ငြာဒီဇိုင်းကို ယခင်ကလည်း သုံးစွဲဖူးကြပါတယ်။
.
အာမခံ လုပ်ငန်း Budget Direct Insurance က မော်တော်ယာဉ် အာမခံကို ကားပါကင် ဆင့်ခေါ်စာ ပုံစံတူ ကြော်ငြာဒီဇိုင်းဖြင့် ၂၀၁၇ ခုနှစ်မှာကြော်ငြာခဲ့ဖူးပါတယ်။
.
မော်တော်ဆိုင်ကယ်စီး ဦးထုပ်မာ helmet ထည့်ဖို့ အိတ်အတွက် ကြော်ငြာကိုလည်း ၂၀၂၇ မှာ ကားပါကင် ဆင့်ခေါ်စာ ပုံစံတူ ကြော်ငြာဒီဇိုင်းဖြင့် ကြော်ငြာခဲ့ဖူးပါတယ်။

Source straitstimes
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U
					
		  	


 