-->


အင်ဒိုနီးရှား ထိပ်တန်း အီးကောမတ်စ် ပလက်ဖောင်း TikTok ဝယ်ယူမှု ပြီးမြောက်

အင်ဒိုနီးရှား ထိပ်တန်း အီးကောမတ်စ် ပလက်ဖောင်း TikTok ဝယ်ယူမှု ပြီးမြောက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

TikTok သည် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး e-commerce ပလက်ဖောင်းကို ထိန်းချုပ်နိုင်သူဖြစ်ရန် အစုရှယ်ယာများ ဝယ်ယူမှု ပြီးမြောက်ခဲ့ပါသည်။

တရုတ်ဆိုရှယ်မီဒီယာ TikTok သည် အင်ဒိုနီးရှားနိုင်ငံတွင် လူမှုကွန်ရက် အသုံးပြုပြီး TikTok Shop အွန်လိုင်း ဈေးရောင်းဈေးဝယ်ပြုခြင်း ပိတ်ပင်ခံထားရသည်။

ယခု TikTok လက်ထဲသို့ အီးကောမတ်စ် ပလက်ဖောင်း ရောက်ရှိပြီ ဖြစ်သဖြင့် အွန်လိုင်း ဈေးရောင်းသည့် လုပ်ငန်းကဏ္ဍ ပြန်စနိုင်တော့မည် ဖြစ်သည်။ 

 

 အင်ဒိုနီးရှားနည်းပညာလုပ်ငန်းစု GoTo Group ထံမှ အီးကောမတ်စ် ပလက်ဖောင်း Tokopedia အစုရှယ်ယာများ ၇၅.၀၁ % ကို ကန်ဒေါ်လာ သန်း ၈၄၀ ဖြင့် ဝယ်ယူရန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် TikTok ၏ မိခင်လုပ်ငန်း ByteDance က သဘောတူခဲ့သည်။ ယခုအခါ အရောင်းအဝယ်ကိစ္စ အဝဝ ပြီးမြောက်သွားပြီ ဖြစ်သည်။ 

 


 

အွန်လိုင်း ဈေးမရောင်းရ ပိတ်ပင်ခံရသည့် TikTok အင်ဒိုနီးရှားမှ Tokopedia အီးကောမတ်စ် ကို ဝယ်ယူ

https://www.myanmaradvertisingdirectory.com/media-advertising/digital-marketing/item/3164-tiktok.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

 


 

ဖွဲ့တည်ပုံ အသစ်အရ Tokopedia ၏ ပိုင်ဆိုင်မှုအောက်သို့ TikTok Shop ၏ အင်ဒိုနီးရှား လုပ်ငန်းကဏ္ဍကို ထည့်သွင်းမည် ဖြစ်ပါသည်။

 

GoTo Group ၏ လုပ်ငန်းကဏ္ဍများတွင် အငှားယဉ် ခေါ်‌ေပးသည့် ဝန်ဆောင်မှု၊ အိမ်တိုင်ရာရောက် ပစ္စည်းပို့ ဝန်ဆောင်မှု၊ ငွေကြေးဝန်ဆောင်မှု၊ အီးကောမတ်စ်တို့ ပါဝင်ပါသည်။

 

Source cna


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)