သင့်ရဲ့အနာဂတ်အောင်မြင်မှုဟာ သင့်ရဲ့နေ့ စဉ်စီမံခန့် ခွဲမှုနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
ကယ် သင်ခန်းစာတွေ စလိုက်ရအောင်။
(1) Persuasion (အခြားလူတို့ အပေါ်သြဇာအာဏာသက်ရောက်မှုကြီးမားခြင်း)
ကမ္ဘာ့ စွမ်းဆောင်ရည်အမြင့်ဆုံးလူသားတွေဟာ မိမိကိုယ်ကို ပိုင်ပိုင်နိုင်နိုင်ရှိကြသလို သူတို့ တွေရဲ့ နောက်လိုက်နောက်ပါအဖွဲ့ သားတွေကိုလည်း တဦးချင်းအလိုက် အလုပ်လုပ်ချင်စိတ်ဖြစ်အောင် စိတ်ခွန်အားမြှင့်တင်ပေးနိုင်သူတွေဖြစ်ပါတယ်။
မိမိ၏ဘ၀ကိုမိမိလက်ဝယ်ထားရှိသူနဲ့ မိမိဘ၀ကို အခြားသူတို့ လက်ဝယ်ထားရှိသူဟာ အင်မတန်ကွာခြားပါတယ်။
မိမိကိုယ်ကို ပိုင်နိုင်စွာရပ်တည်သူဟာ မိမိ၏ပန်းတိုင်နှင့်မသက်ဆိုင်သောအခြားသူတို့ ၏ အနှောက်အယှက်အားလုံးကို ကောင်းစွာလျစ်လျူရှုနိုင်စွမ်းရှိပါတယ်။
စွမ်းဆောင်ရည်မြင့်မားသူတွေဟာ မနက်မိုးလင်းတာနဲ့ အင်တာနက်မသုံးကြပါဘူး။ အီးမေးလ်မစစ်ကြပါဘူး။
သူတို့ တွေဟာ အလုပ်ကိုဘယ်လိုအချိန်မှာ လုပ်သင့်သလဲ ဘယ်အလုပ်ကို ဦးစားပေးရမလဲဆိုတာ ကောင်းစွာနားလည်ကြပါတယ်။
မနက်မိုးလင်းတိုင်း လေ့ကျင့်ခန်းလုပ်ပါတယ်။ လမ်းလျှောက်ကြပါတယ်။ ရေချိုးပြီးလန်းဆန်းမှုဖြစ်အောင် ဖန်တီးပြီး နေ့ တနေ့ တာကို အားအင်အပြည့်နဲ့ ရင်ဆိုင်ကြပါတယ်။
ဖေ့ဘုတ်ပေါ်တက်ပြီး အခြားသူတို့ ပြောသည့် စိတ်ညစ်နွမ်းစရာပို့စ်များအချိန်ပေးဖတ်ခြင်းကို အထူးစပယ်ရှယ်ရှောင်ရှားကြပါတယ်။
ရေ၀၀သောက်ပြီး ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုကို ကြိုတင်ကာကွယ်ကြပါတယ်။
လုပ်ဆောင်ရန်
မိမိကိုယ်ကိုယ် အရင်ဆုံးကယ်တင်ပါ။
ကိုယ်တိုင်က ရေနစ်နေစဉ်အခြားသူတွေကို ကယ်တင်ခြင်းဟာ နှစ်ဦးနှစ်ဖက်လုံးအတွက်မကောင်းနိုင်ပါ။
မိမိကိုယ်ကို အရင်ဆုံးပြင်ဆင်ပြီးမှ အခြားသူတွေဖက်ကို ဦးလှည့်ပါ။
တနေ့ လုံးစိတ်အာရုံမညစ်နွမ်းတော့ဘူးပေါ့။
(2) Priority ( ဦးစားပေးစနစ်ရှိခြင်း)
စွမ်းဆောင်ရည်မြင့်မားသူတွေဟာ အလုပ်ရုံသို့ ရောက်သည်နှင့် နေ့ တနေ့ တာ လုပ်စရာရှိသည်များအားလုံးကို စာရွက်တရွက်ပေါ် အစီအစဉ်တကျချရေးပါတယ်။
ဘယ်တခုက အရေးကြီးသလဲ ဆိုတာပေါ်မူတည်ပြီး အစီအစဉ်တကျလုပ်စရာရှိတာအားလုံးကို အရေးအကြီးဆုံးမှသည် အရေးသိပ်မကြီးသည့်လုပ်ငန်းအစီအမံအတိုင်း လုပ်ကြသူတွေဖြစ်ပါတယ်။
လုပ်ဆောင်ရန်
ဖြစ်နိုင်မယ်ဆိုရင် တနေ့ တာအင်တာနက်သုံးချိန် ၂ချိန်သတ်မှတ်ပါ။ တချိန်ကို မိနစ်၂၀ထက်မပိုပါစေနဲ့ ။ (သင့်အလုပ်ဟာ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းဖြစ်နေလျှင်တမျိုးပေါ့)
မိမိရဲ့ဘ၀တိုးတက်ဖို့ အရေးမပါသောလုပ်ဆောင်ချက်များကို စာရင်းပြုစုပြီး နေ့ စဉ်လုပ်ဆောင်ရမယ့် စာရင်းမှ ဖယ်ရှားပစ်ပါ။
(3)Presence (မိမိလုပ်နေသည့်အလုပ်တခုတည်းကိုသာ အမြဲစူးစိုက်ပါ)
စွမ်းဆောင်ရည်မြင့်မားကြသူတွေဟာ တချိန်မှာတခုသာလုပ်ပြီး လုပ်နေသည့်အလုပ်ကို တပြားသားမှ အာရုံမရွေ့ ဘဲ အလုပ်လုပ်သူတွေဖြစ်ကြပါတယ်။
လက်ရှိရောက်ရာနေရာနှင့်အချိန်မှာ မိမိ၏စိတ်ကိုအပြည့်အ၀ထားရှိသူဟာ စွမ်းအားအမြင့်ဆုံး လွမ်းမိုးမှုအားအကောင်းဆုံးဖြစ်ပါတယ်။
ခံစားချက်တွေကိုလည်း ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်စွမ်းရှိကြပါတယ်။
လုပ်ဆောင်ရန်
တပြိုင်တည်း လေးငါးမျိုးလုပ်သည့်အကျင့်ကို ချက်ချင်းစွန့် လွှတ်ပါ။
တချိန်မှာတခုတည်းကိုသာလုပ်ပါ။
အရည်အသွေးကောင်းအောင်သာစူးစိုက်ပါ။
သင့်ဘ၀ဟာ အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။
(4)Clarity (သင့်အတွေးအမြင်များကို ရှင်းလင်းပြတ်သားမှုရှိပါစေ)
ရေရာပြတ်သားမှုမရှိတဲ့ မှန်တံခါးဟာ တဖက်မြင်ကွင်းကို ကောင်းစွာမမြင်နိုင်ပါဘူး။
ကိုယ်ဘာကို လုပ်နေသလဲ ကိုယ်ဘာရလဒ်ကို အကောင်အထည်ဖော်နေသလဲဆိုတာ ရေရာတိကျသော အမြင်မရှိခဲ့လျှင် သင့်လုပ်ဆောင်ချက်တိုင်းကို အခြားသူတွေက ဖန်တီးတဲ့ အမြင်အာရုံတွေက ၀ါးမြိုခြင်း ခံရပါလိမ့်မယ်။
လုပ်ဆောင်ရန်
ဘာမှမလုပ်မီ ဘာကိုလိုချင်တာလဲ
ဘယ်လို အတားအဆီးတွေရှိနေလဲ
ဘယ်လိုရလဒ်ကို အကောင်အထည်ဖော်မလဲဆိုတာအားလုံး ရှင်းလင်းတိကျစွာချရေးပြီးမှ လုပ်စရာရှိတာဆက်လုပ်ပါ။
(5)Old and new assignments (အတိတ်နှင့်အနာဂတ်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိခြင်း)
အခြားလူတွေကို မိမိတတ်နိုင်တဲ့ဖက်က ပိုကောင်းတဲ့လူသားတယောက်ဖြစ်အောင်ကူညီစိတ်မွေးပါ။
မိမိနှင့်အခြားလူတို့ အကြား အတိတ်မှာဘယ်လို အဆင်မပြေမှုတွေကြောင့် ဆိုးကျိုးတွေရှိခဲ့လဲ?
အတိတ်မှာ ဘယ်လိုအမှားတွေရှိခဲ့လဲ?
အတိတ်မှာ ဘယ်လိုငြင်းခုံမှုတွေရှိခဲ့သလဲ?
အနာဂတ်မှာ ဘယ်လို အဆင်ပြေအောင် ကောင်းကျိုးတွေဖန်တီးမလဲ?
အနာဂတ်မှာ ဘယ်လိုအမှန်တွေဆောင်ရွက်မလဲ?
အနာဂတ်မှာ ဘယ်လိုပြေလည်မှုတွေဖန်တီးမလဲဆိုတာကို ဆင်ခြင်ပြီး မိမိနှင့်အခြားလူတို့ အကြားလူမှုဆက်ဆံရေး အဆင့်အတန်းကို တိုးတက်အောင်လုပ်ပါ။
ယုံကြည်မှုမရှိတော့တဲ့အခါ လူနှစ်ယောက်အကြားမှာ ပြေလည်မှုရဖို့ ခက်သွားစေပါတယ်။
စွမ်းဆောင်ရည်မြင့်မားသူတွေဟာ သူတို့ နဲ့ ရေရှည်ပတ်သက်ရသူများနှင့်မိမိအကြား ယုံကြည်မှုတည်ဆောက်နိုင်စွမ်းရှိသူများဖြစ်ပါတယ်။
စွမ်းဆောင်ရည်ပြည့်ဝသူများဟာ မိမိရဲ့အရည်အချင်းကို အမြင့်ဆုံးရောက်အောင်ဖန်တီးပြီး မိမိ၏ပတ်ဝန်းကျင်ကို တိုးတက်မြင့်မားအောင် အစဉ်သဖြင့် ပံ့ပိုးနေကြသူများဖြစ်ပါတယ်။
လုပ်ဆောင်ရန်
လူမှုဆက်ဆံရေးနယ်ပယ်မှာ ဘယ်လိုအားနည်းချက်၊အားသာချက်တွေရှိနေသလဲဆိုတာကို ချရေးပါ။
အားနည်းချက်တွေကို ဖယ်ရှားပစ်ပါ။
အားသာချက်တွေကို အရောင်မြှင့်တင်ပါ။
မိမိယုံကြည်ရသောသူများနှင့်လက်တွဲပါ။
မိမိယုံကြည့်လို့ မရနိုင်သူများကို ပြတ်သားစွာကျောခိုင်းပစ်ပါ။
ပတ်ဝန်းကျင်မှာ လူတိုင်းက အားကျရတဲ့ လူတယောက်ဖြစ်အောင် စံပြဖြစ်နေပါစေ။
ပတ်ဝန်းကျင်မှာ စံပြဖြစ်အောင်နေနိုင်လေလေ ယုံကြည်မှုတည်ဆောက်နိုင်လေပဲဖြစ်ပါတယ်။
တဖက်လူရဲ့ အလေးထားမှုကို ကိုယ်ကအလေးထားနိုင်လေလေ ဆက်ဆံရေးပြေလည်မှုရလေပဲဖြစ်တယ်ဆိုတာကို သေချာမှတ်ထားပါ။
အောင်မြင်ပျော်ရွှင်သောအနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
Recommended for you-အိမ်မက်ထဲက မီလျံနာဘ၀မှ လက်တွေ့ဆီသို့
Source; How Millionaire Schedule Their Day by Brendon Burchard
ကျွန်တော်တို့ MMRD မှ Myanmar Advertising Directoryစာအုပ်များ အပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။
