Digital Marketing

ဆန္ဒရှိသည့်အလျောက်တင်ထားသော အင်ဒိုနီးရှားသတင်းအကြောင်းအရာအတွက် အခကြေး ပေးဆောင်ရန် မလိုအပ်ဟု Meta ယူဆ

Read 7536 times
ဆန္ဒရှိသည့်အလျောက်တင်ထားသော အင်ဒိုနီးရှားသတင်းအကြောင်းအရာအတွက် အခကြေး ပေးဆောင်ရန် မလိုအပ်ဟု Meta ယူဆ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဒစ်ဂျစ်တယ် ပလက်ဖောင်းများသည် အကြောင်းခြင်းရာများ တင်ပြပေးသည့် မီဒီယာများကို အခကြေး ပေးဆောင်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းသည့် ဥပဒေကုိ အင်ဒိုနီးရှား လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းဥပဒေသည် ခြောက်လအတွင်း အသက်ဝင်မည်ဖြစ်သည်။

 

Facebook ၏ မိခင် Meta Platforms က အင်ဒိုနီးရှားဥပဒေသစ်သည် သတင်းထုတ်ဝေသူများက

၎င်း၏ ပလက်ဖောင်းပေါ်တွင် ဆန္ဒအလျောက်တင်သည့် အကြောင်းခြင်းရာအတွက် သတင်းထုတ်ဝေသူများကို အခကြေး တစုံတရာ ပေးဆောင်ရန် မလိုအပ်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

 

အစိုးရနှင့် အကြိမ်ကြိမ် ညှိနှိုင်းပြီးနောက်၊ ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် ထုတ်ဝေသူများ ဆန္ဒအလျောက် တင်သည့် သတင်းအကြောင်းအရာအတွက် Meta သည် ပေးဆောင်ရန် မလိုအပ်ဟု မှတ်ယူပါသည်ဟု Meta ၏ အရှေ့တောင်အာရှဆိုင်ရာ ပြည်သူ့မူဝါဒရေးရာ ဒါရိုက်တာ Rafael Frankel က ပြောကြားပါသည်။

 

ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် သတင်းထုတ်ဝေသူများသည် မိတ်ဖက်ပြုသင့်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ထိုသို့ စီးပွားဖက်အဖြစ် မိတ်ဖက်ပြုထားကြပြီး အခ‌ကြေး ပေးလိုင်စင်များ၊ ဝင်ငွေခွဲဝေမှု သို့မဟုတ် ဒေတာမျှဝေမှု ပုံစံကို ဖော်ဆောင်ကြရမည် ဖြစ်သည်။ 

သို့သော် ဤသဘောတူညီချက်အသစ်များသည် လက်တွေ့တွင် မည်သို့လုပ်ဆောင်မည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါ။

 

လက်ရှိတွင် သတင်းမီဒီယာက တင်သည့် သတင်းအကြောင်းအရာ ပို့စ်ကို ပရိသတ်များ များများမြင်စေလိုပါက Meta က ကောက်ခံသည့် ကြော်ငြာခကို မီဒီယာက ပေးဆောင်ရသည်။ ထိုအစား Meta က သတင်းမီဒီယာကို အခကြေးပေးဆောင်ရမည် ဖြစ်သည်။ 

 

ဩစတေးလျသည် ၂၀၂၁ ခုနှစ် မတ်လတွင် စတင်အသက်ဝင်ခဲ့သော ၎င်း၏ News Media Bargaining Code ဖြင့် လူမှုကွန်ရက် ပလက်ဖောင်းက သတင်းမီဒီယာကို အခကြေးပေးဆောင်ရန်  ဦးဆောင်လမ်းပြခဲ့သည်။ ထိုစဉ်ကစ၍ Meta နှင့် Google တို့သည် ကလစ်များနှင့် ကြော်ငြာအတွက် ကြော်ငြာခများ ရရှိသည့် သတင်းအကြောင်းအရာများအတွက် မီဒီယာကို အခကြေး ပေးသည့် သဘောတူညီချက်များကို မီဒီယာများ စာချုပ် ချုပ်ဆိုခဲ့ပါသည်။

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL