Marketing

City Mart လက်လီစတိုးဆိုင်များ တိုးချဲ့ဖြန်ကျက်

Read 13696 times
City Mart လက်လီစတိုးဆိုင်များ တိုးချဲ့ဖြန်ကျက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မြန်မာနိုင်ငံရှိ City Mart Holdings သည် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြုပ်နှံမှုများ ရပ်တန့်သွားပြီးနောက် စတိုးဆိုင်လုပ်ငန်းကဏ္ဍတွင် လစ်ဟာနေသည်ကို အခွင့်ကောင်း ရယူရန် ရည်မှန်းချက်ကြီးကြီးဖြင့် ၎င်း၏ စတိုးဆိုင်လုပ်ငန်းကဏ္ဍကို အရှိန်အဟုန်ပြင်းစွာ ချဲ့ထွင်နေသည်။

City Express ကုန်စုံဆိုင်၏ အပြင်ပိုင်းနှင့် အတွင်းပိုင်းကို City Express အမှတ်တံဆိပ်၏ အနီရောင်၊ အဖြူနှင့် အပြာရောင်တို့ဖြင့် ဒီဇိုင်းထုတ်ထားသည်။

မုန့်မျိုးစုံကို တစ်ထုပ်လျှင် ကျပ် ၆၀၀ ခန့်ဖြင့် ရောင်းချသည်။ ဆိုင်တွင် နေ့စဉ်သုံးပစ္စည်းများ၊ စာရေးကိရိယာများနှင့် အရက်ယမကာများကိုလည်း ရောင်းချသည်။

“ပြည်တွင်းထုတ် သွားရည်စာနဲ့ ပြည်ပမှ တင်သွင်းတဲ့ သန့်စင်ဆေးတွေ အားလုံးကို ဒီမှာ ဝယ်လို့ရတယ်” ဟု ပုံမှန်ဝယ်‌ေနကျ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးတွေက အိမ်ဆိုင် စတိုးဆိုင်ငယ်တွေထက် ၅% ဒါမှမဟုတ် ၁၀% ပိုများတယ်လို့ ခံစားမိပေမယ့် အဲဒါကို ကျွန်မ လျစ်လျူပြုနိုင်ပါတယ်” ဟု သူမက ပြောသည်။

City Mart သည် ယမန်နှစ်က City Express နောက်ထပ်  ၃၁ ဆိုင် ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားသည်။ စုစုပေါင်း ၁၂၅ ဆိုင် ရှိပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ်ဝန်းကျင်တွင် နေရာ ၂၀၀ တွင်  City Express ဆိုင်များ ဖွင့်ရန် ရည်မှန်းခဲ့သည်။ ဆိုင်ဖွင့်ခွင့် ပေးအပ်ပြီး သူတပါးကို ဆိုင်ဖွင့်စေသည့် franchise အစား ယခုအခါ တိုက်ရိုက် စီမံသည့် ပုံစံကို ပြောင်းလဲကျင့်သုံးသည်။

 

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော City Express က တစ်နှစ်အတွင်း စတိုးဆိုင်များ တည်နေရာ ၃၀ ကျော် ဖွင့်လှစ်ခဲ့သည်။ 

 ယခုနှစ်တွင် စီးတီးမတ်သည် ဖောက်သည်များ လာရောက်ခြင်းနှင့် အမြတ်အစွန်းများအကြား မျှတအောင်ပြုလုပ်ရန် စီစဉ်နေကြောင်း စီးတီးမတ် ဦးပိုင်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်က ပြောသည်။

လုပ်ငန်းစု၏အမှတ်တံဆိပ်များတွင် City Mart စူပါမားကတ်များ၊ Ocean  စူပါစင်တာများနှင့် ချမ်းသာကြွယ်ဝသူများကို ပစ်မှတ်ထားသည့် "marketplace" စူပါမားကတ်များ ပါဝင်သည်။

၂၀၁၃ ခုနှစ်တွင် ဂျပန်ကုန်သွယ်ရေးလုပ်ငန်း Sojitz သည် City Mart နှင့် စီးပွားရေး ချိတ်ဆက်ကြောင်း ကြေညာခဲ့သည်။

အထူးသဖြင့် ဝယ်ယူဖို့ အဆင်ပြေသော စတိုးဆိုင်များသည် ခေတ်မီလက်လီရောင်းချသည့်ပုံစံများကို ကျင့်သားရလာကြသည့် လူငယ်ပညာရှင်များနှင့် ကျောင်းသားများ နှစ်သက်ကြသည်။ သူတို့ လိုအပ်သည်ကိုသာ ဝယ်ယူကြသည်။

City Mart ၏ လက်ငင်းစိန်ခေါ်မှုမှာ အထူးသဖြင့် ၎င်း၏ပင်မဖြစ်‌ေသာ စူပါမားကတ်လုပ်ငန်းကဏ္ဍတွင် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို လျှော့ချရန် ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့်  မီးစက်များအတွက် လောင်စာဆီ သုံးစွဲနေရသည့် စရိတ်စက ရှိမည်ဖြစ်ပြီး လုံခြုံရေးအခြေအနေ ယိုယွင်းလာမှုကြောင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာသည်။

၎င်း၏ ပထမဦးစားပေးအနေဖြင့် City Mart သည် သွင်းကုန်များအစား ပြည်တွင်းထုတ်ကုန်ပစ္စည်းများဆီသို့ ကူးပြောင်း‌နေသည်။ ပစ္စည်းပေးသွင်းများ များများစားစား ရှိနေအောင် ခက်ဖြာထားသည်။

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL