How To

Social Media မှာသင့်ကုန်ပစ္စည်းတွေကို အကောင်းဆုံးကြော်ငြာနိုင်ဖို့ဆိုရင်

Read 3131 times
Social Media မှာသင့်ကုန်ပစ္စည်းတွေကို အကောင်းဆုံးကြော်ငြာနိုင်ဖို့ဆိုရင်

အင်တာနက်ကနေ စီးပွားရှာတက်ခေတ် ဖြစ်နေပါပြီ။ ဒါကြောင့် အင်တာနက်ပေါ်မှာ သင့်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မူတွေကို အလွယ်တကူ ကြော်ငြာနိုင်ဖို့ လိုအပ်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


Website

လူကြီးမင်းတို့ ၏ လုပ်ငန်း၊ ၀န်ဆောင်မှု၊ ကုန်ပစ္စည်းတို့ အတွက် Website တစ်ခု မဖြစ်မနေ ရှိသင့်ပါတယ်။ Website တစ်ခုရှိခြင်းဖြင့် လူကြီးမင်းတို့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတို့ အား အင်တာနက်ပေါ်ကနေတစ်ဆင့် စားသုံးသူထံသို့ အလွယ်တကူ သယ်ဆောင်ပေးနိင်ပါတယ်။


Website ရှိခြင်း၏ အကျိုးကျေးဇူးများ

လူကြီးမင်းတို့ ၏ လုပ်ငန်း၊၀န်ဆောင်မှု၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တို့ အတွက် Website တစ်ခုရှိခြင်းအား များစွာအကျိုးဖြစ်စေပါတယ်။ ဥပမာ Website ရှိခြင်းအားဖြင့် Import/Export များသည် မိမိတို့ ၏ ကုန်ပစ္စည်းများကို နိင်ငံတကာဈေးကွက်သို့ ဈေးကွက်သို့  ထိုးဖောက်နိင်ပါတယ်။

၂၀၁၉ ရဲ့ လူသုံးအများဆုံးအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ Social Media (၅) ခု


Social Media ပေါ်တွင်ကြော်ငြာခြင်း

Website တင်မကဘဲ Social Media ပေါ်တွင်လည်း သင်တို့ ၏ လုပ်ငန်းများကို ကြော်ငြာနိင်ပါတယ်။ မြန်မာနိင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ လူဦးရေ သန်း ၂၀ ခန့် ရှိသည့်နက် Facebook သည် လူအသုံးအများဆုံး Social Media တစ်ခုဖြစ်ပါတယ်။ မြန်မာနိင်ငံ၏ လူအသုံးအများဆုံး Social Media တစ်ခုဖြစ်သည့် Facebook ပေါ်တွင် သင်၏ လုပ်ငန်းများ ကြော်ငြာခြင်းကလည်း တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ အကောင်းဆုံး Marketing နည်းလမ်းဖြစ်ပါတယ်။


Facebook ပေါ်တွင် ကြော်ငြာခြင်း၏ အကျိုးကျေးဇူးများ

- Facebook ပေါ်တွင် ကြော်ငြာခြင်းဖြင့် မိမိကြော်ငြာအား လူဦးရေ အများကြီးထံသို့ ထိုးဖောက်နိင်ခြင်း။

- မိမိ ကုန်ပစ္စည်း၏ ကြော်ငြာအား အသက်အရွယ် အပိုင်းအခြားအလိုက် Target ထားပြီး ကြော်ငြာနိင်ခြင်း။

- မိမိ ကုန်ပစ္စည်း ၊ ၀န်ဆောင်မှု၏ အရည်အသွေးအတွက် စားသုံးသူများနှင့် တိုက်ရိုက်ထိတွေ့ နိင်ခြင်း။အစရှိတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

 

Source; MWS

Myanmar Advertising Directory