Digital Marketing

မိမိရဲ့ကြော်ငြာ Post ကို လူအများကြီးသိအာင် ဘယ်လို Boost လုပ်မလဲ

Read 4765 times
မိမိရဲ့ကြော်ငြာ Post ကို လူအများကြီးသိအာင် ဘယ်လို  Boost လုပ်မလဲ

ဒီနေရာမှာနောက်ထပ် ၂မျိုးကွဲသွားပါတယ်။ Laptop သို့မဟုတ် Computer နဲ့ Boost မှာလား မိမိသုံးနေတဲ့ ဖုန်းနဲ့ပဲ Boost မှာလားဆိုတာလည်း ရှိပါသေးတယ် Boost လုပ်တယ်ဆိုတာ အကောင့်ကို Boost လုပ်လို့မရပါဘူး။ Page ကိုပဲ Boost လုပ်လို့ရပါတယ်။ ဒါကြောင့် Online Shopping သမားတွေအကောင့်ကနေ တင်ရောင်းတဲ့သူတွေဆိုရင်တော့ Boost လုပ်လို့မရပါဘူးနော်။ Page ဖွင့်ထားမှရပါမယ်။


၁။ Boost လုပ်တယ်ဆိုတာ ဘာလဲ

Boost လုပ်တယ်ဆိုတာက မိမိရဲ့ ပေ့ခ်ျမှာ တင်ထားတဲ့ ပို့ စ်တွေကို Facebook သုံးစွဲသူတွေရဲ့  Newsfeed တွေမှာ သွားပေါ်အောင်လုပ်တာပါ။ ပြောင်းလဲလာတဲ့ Facebook Policy အရ ကိုယ့်ပေ့ခ်ျကို Like လုပ်ထားတဲ့သူတွေရဲ့ 10% လောက်ကပဲ ပို့ စ်တွေကို ကို Newsfeed မှာ မြင်နိုင်တော့တာမို့ လူများများ မြင်အောင် Boost လုပ်ရတာဖြစ်ပါတယ်။


၂။ Promote လုပ်တယ်ဆိုတာ ဘာလဲ

Promote လုပ်တယ်ဆိုတာကတော့ မိမိပေ့ခ်ျကို လူသိများပီး Like တက်လာအောင်လုပ်တာပါ။ Promote လုပ်ဖို့ အတွက်ဆို Cover Photo ကောင်းကောင်းလေးတစ်ပုံရယ်၊ ပေ့ခ်ျအကြောင်း အကျဉ်းချုပ်စာလေးရယ် လိုအပ်ပါတယ်။ Video တွေ Slideshow တွေနဲ့ လဲ Promote လုပ်လို့ ရပါတယ်။

Like & Reached က သင့်ကြော်ငြာအတွက် ဘယ်လောက်အရေးပါလဲ?


၃။ ဘယ်လောက်လုပ်ရင် ဘယ်လောက် Like တက်မလဲ

ဒါကတော့ ဘယ်သူမှ မသိနိုင်တဲ့ အရာတစ်ခုပါ။ Boost တယ်ဆိုတာက ကိုယ့်ပို့စ်ကို လူများများမြင်အောင် လုပ်ပေးတာမို့ Like လုပ်၊ မလုပ် ဆိုတာကတော့ ကိုယ့်ပို့စ်ကို မြင်တဲ့သူရဲ့ စိတ်ခံစားချက်ပေါ်ပဲမူတည်ပါတယ်။ သူကြိုက်တဲ့ ပို့ စ်ကို Like လုပ်မှာဖြစ်ပြီး မကြိုက်ရင် မလုပ်မှာမို့ ဘယ်လောက် Like ရမလဲဆိုတာ ကြိုတွက်ပေးလို့ မရပါဘူး။

 

၎။ ပိုက်ဆံဘယ်လောက်သုံးရင် ရောင်းရမလဲ ?

ရောင်းရခြင်း မရောင်းရခြင်းဟာ Boost လုပ်တာထက် ကိုယ့်ပို့စ်ရဲ့ ဝယ်သူတွေ အပေါ်ဆွဲဆောင်နိုင်မှု ရှိမရှိပေါ် ပိုပြီးမူတည်ပါတယ်။ ပုံတွေက ရှုပ်ယှက်ခက်နေပီး ကြည်လည်ပြတ်သားမှုမရှိ စာသားကလဲ ဆွဲဆောင်မှုမရှိရင်တော့ သိန်းချီပီး သုံးနေလဲ ရောင်းရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ရောင်းရဖို့ အတွက် အဓိကကျတာကတော့ ကိုယ့်ပို့စ်တွေကို ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ဖို့ ကအရေးကြီးဆုံးပါ။


Source; သော်ထူးအောင်

Myanmar Advertising Directory