Influencer သုံးမျိုး ရှိပါတယ်။ Social Influencers ဆိုတာ Online ပေါ်မှာ တစ်ခုခုလုပ်ရင်းနဲ့ နာမည်ကြီးပြီး လူသိများလာတဲ့ သူတွေပါ။ ဥပမာ - ဗွီဒီယိုတွေရိုက်ပြီး နာမည်ရလာတဲ့ Online Comedian လိုမျိုးတွေပေါ့။
Celebrity ဆိုတာကတော့ အပြင်လောကက တကယ့် Celebrities တွေပါ။ အပြင်မှာနာမည်ကြီးလို့ Social မှာပါ Follower တွေများလာကြတာပါ။ KOL (key opinion leader) ကတော့ နယ်ပယ်တစ်ခုခုထဲက ကျွမ်းကျင်သူတွေပါ။ သူတို့ကတော့ ပိုပြီး specific target တစ်ခုခုကို ထိအောင်လုပ်ပေးနိုင်ပါတယ်။
Influencer ကို ရွေးချယ်တဲ့အခါ နာမည်ကြီးပြီး ဈေးများတဲ့ လူကိုရွေးတာက အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ပါဘူး။ SME သမားတွေအတွက် ငွေကြေးအခက်အခဲဖြစ်စေတာကလည်း တကယ့် အကြီးစား influencer တွေကိုပဲ အာရုံသွားရောက်နေလို့ပါပဲ။ ဒီတော့ စရိတ်မထောင်းမယ့် influencer ကို ဘယ်လိုရွေးမလဲ
Customer တွေ ရဲ့ Buyer Persona ကိုသိဖို့ဆိုရင်
၁။ အစပျိုးခါစပေမယ့် စစ်မှန်တဲ့ influencer တွေကို စဉ်းစားပါ။
၂။ ကိုယ်နဲ့ လက်လှမ်းမှီမယ့်အထဲက influencer ဖြစ်နိုင်ချေ ရှိသူတွေကို စဉ်းစားပါ။
၃။ ရွေးလိုက်တဲ့ influencer ဟာ သင့်အတွက် တခြား task တွေပါ လုပ်ဆောင်ပေးလို့ ရနိုင်မလား စဉ်းစားပါ။
၎။ နည်းပညာကိုလေ့လာတဲ့ influencer တွေကလည်း ဈေးကွက်မှာ ရေပန်းစားလာပါပြီ။
၅။ တကယ် အရည်အချင်းရှိတဲ့သူကိုပဲ ရွေးတတ်ပါစေ။
Source; MOE, SeMe