Tips

Customer တွေစိတ်ဝင်စားစေမယ့် အကောင်းဆုံး Post အမျိုးအစားများ

Read 2715 times
Customer တွေစိတ်ဝင်စားစေမယ့် အကောင်းဆုံး Post အမျိုးအစားများ

မိမိတို့ရဲ့ကုန်ပစ္စည်းတွေအကြောင်းကို Customer တွေစိတ်ဝင်စားလာအောင် Post တင်ပြီးကြော်ငြာကြရပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ကြော်ငြာ Post တွေကို တခြား Page တွေထပ်သာအောင် Customer တွေစိတ်ဝင်စားတဲ့ Post တွေတင်နိုင်ဖို့အတွက် အကောင်းဆုံး Post အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ Video

၂၀၁၉ မှာ Video တွေက အခုထက်ပိုပြီးခေတ်စားလာတော့မှာ အသေအချာပါပဲ။ ဒါကြောင့် ကိုယ့် Page မှာ video တွေများများတင်နိုင်အောင် ကြိုးစားပါ။

 


၂။ မေးခွန်း

မေးခွန်းတွေက customer တွေရဲ့ engagement ရဖို့အတွက် အလွယ်ဆုံးနည်းလမ်းတစ်ခုပါ။ မေးခွန်းမေးပြီး customer တွေကို comment ထဲမှာ အဖြေရေးသွားဖို့ တောင်းဆိုလို့ရပါတယ်။

၂၀၁၉ ရဲ့ လူသုံးအများဆုံးအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ Social Media (၅) ခု


၃။ ဓာတ်ပုံ

တင်သမျှ Post တွေမှာ ဓာတ်ပုံမပါမဖြစ် ပါအောင်ထည့်ဖို့ အရေးကြီးလာပါပြီ။ ၈၀ ရာခိုင်နှုန်းသော Facebook သုံးစွဲသူတွေဟာ post တစ်ခုကို ဖြတ်ခနဲမြင်လိုက်တဲ့အချိန်မှာ ဆွဲဆောင်မှုကောင်းတဲ့ ဓာတ်ပုံကိုအရင်တွေ့မှသာ စာကိုဆက်ဖတ်ဖြစ်ကြတာဖြစ်ပါတယ်။

 


၎။ Giveaway (ကံစမ်းမဲ)

ကံစမ်းမဲကတော့ လူတွေရဲ့ all-time favorite ပါ။ ကံစမ်းမဲပေးတဲ့အချိန်မှာ ကိုယ့်လုပ်ငန်းအတွက်လည်း အကျိုးရှိစေသလို ပါဝင်တဲ့ audience တွေအတွက်လည်း တန်ဖိုးတစ်ခုခုပေးနိုင်တဲ့ဟာမျိုး ဖြစ်သင့်ပါတယ်။

 


၅။ Links

အခုနောက်ပိုင်းမှာ ဖုန်းတွေကလည်း အဆင့်မြင့်လာတာကြောင့် လူတွေက website တွေကို ဝင်ဖတ်ကြည့်ဖို့ အရင်ကလောက် အားမစိုက်ရတော့ပါဘူး။ ဒါကြောင့် ကိုယ့်လုပ်ငန်းမှာ website ရှိတယ်ဆိုရင် website က content တွေကို page မှာ ပြန် share ပေးလိုက်ပါ။

 


၆။ Coupons

အပြင်မှာဆိုင်ဖွင့်ထားတဲ့သူတွေအတွက် ပိုအသုံးဝင်နိုင်ပါတယ်။ ကံစမ်းမဲနဲ့ ခပ်ဆင်ဆင်ဖြစ်ပေမယ့် မတူပါဘူး။ coupon တွေကို သုံးပြီး လာဝယ်တဲ့သူတွေကို သီးသန့် discount ဈေးတစ်ခု သတ်မှတ်ထားပြီး ဝန်ဆောင်မှုပေး ရောင်းချခြင်းဖြစ်ပါတယ်။


Source; MOE

Myanmar Advertising Directory