Marketing

ဝယ်သူတို့ ရဲ့ တွေးပုံအဆင့်ဆင့်

Read 13 times
ဝယ်သူတို့ ရဲ့ တွေးပုံအဆင့်ဆင့်

ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ ရေမွေးဝယ်ချိန် နဲ့  ကော်ဖီမစ်ဝယ်ချိန် တူညီရဲ့ လား။ ဘမ်းစကားနဲ့ ပြောရရင် သောကများတာခြင်းတူရဲ့ လားဆိုတာပြန်တွေး ကြည့် ပေါ့။

ဒီနေ့ မှာအဲ့ဒါတွေကိုလေ့လာရအောင်ပါ။

Buyer Decision Making Process ( ၀ယ်သူတို့ ရဲ့ အတွေးများ )

Buyer Decision Making Process မှာ အဆင့် 5 ဆင့်ပါဝင်ပါတယ်။ အဲ့တာတွေက

- လိုတာကိုသိခြင်း ( Need Recognition )

- လိုက်လံရှာဖွေခြင်း ( Information Search )

- နိုင်းယှဉ်လေ့လာခြင်း ( evaluation of alternatives )

- ၀ယ်ယူခြင်း ( purchasing )

- ရလဒ်ဖြန့် ကျက်ခြင်း ( post purchase behavior )


အဲ့လိုအချက်တွေပါဝင်တာဖြစ်ပါတယ်။

ဈေးကွက်သမားတွေဟာ မိမိတို့ ဦးတည်ထားတဲ့ သုံးစွဲသူအုပ်စုအပေါ်မူတည်ပြီး ဘာတွေပါဝင်မလဲဆိုတာကို လေ့လာဆန်းဆစ်ကာ မိမိတို့ လိုအပ်တာရအောင် ပါဝင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ဆိုတော့ ဥပမာ အနေနဲ့  လူသုံးကုန်ပစ္စည်းတွေနဲ့ ပတ်သတ်တဲ့ အုပ်စုတွေအတွက်ရယ် ( Consumer Products ) .. ပြီးတော့ company တွေကို ချဉ်းကပ်လုပ်ကိုင်ရတဲ့ အုပ်စုတွေအတွက်ရယ် နှစ်ခုကိုလေ့လာရမယ်။ လုပ်ငန်းသဘောကို မူတည်ကာနဲနဲတော့သဘာဝကွဲမယ်နော်…။ စိတ်မဆိုးကြေး။

Consumer Products များ ( ကော်ဖီမစ် )

လိုတာကိုသိခြင်း ။ ။ မနက်စောစောတို့  ၊ အားလပ်ချိန်တို့ ရောက်ရင် ကော်ဖီသောက်ချင်တတ်ကြပါတယ်။ အဲ့လိုအခါမှာ ကော်ဖီကိုလိုက်ရှာကြပါလိမ့်မယ်။ ( ကြော်ငြာနဲ့ ပတ်သတ်လို့ လဲတွေးလို့ ရနိုင်ပါတယ် )
လိုက်ရှာခြင်း ။ ။ အနီးဆုံးဆိုင်သွားမယ်။ သောက်နေကျကိုဝယ်မယ်။ ဒါမှမဟုတ်ရင်လဲ မျက်စေ့ထဲမြင်မိတာဝယ်မယ်ပေါ့ ။ အဲမှာ Awareness နဲ့  Interest ဆိုတာရဲ့ သက်ရောက်မှု ကိုမြင်မိမယ် ထင်ပါတယ်။


နှိုင်းယှဉ်လေ့လာခြင်း ။ ။ တောင်ရွေးမြောက်ရွေး လုပ်တဲ့ကာလပါ။ တွေ့ ရာဆွဲတာလဲဖြစ်နိုင်တယ်။ အရင်ဆုံး မြင်မိတာကိုလှမ်းဆွဲတာလဲဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ Awareness နဲ့  Interest အပြင် Packing နဲ့  Display ရဲ့ အရေးပါပုံကိုပါပိုမြင်လာပြီထင်ပါတယ်။

ဝယ်ယူခြင်း ။ ။ ၀ယ်လိုက်ပါပြီ။

ရလဒ်ဖြန့် ကျက်ခြင်း ။ ။ ကောင်းတာမကောင်းတာတွေလာပါပြီ။ ကောင်းရင်ကောင်းသလို ၊ မကောင်းရင်မကောင်းသလို .. နောက်တစ်ခါ သောက်ချင်လာရင် အခုဖြစ်နေတဲ့ခံစားချက်က သက်ရောက် ပါလိမ့်မယ်။

Industrial Market ( Company ချင်းချဉ်းကပ်ကြသူများ )

လိုတာကိုသိခြင်း ။ ။ မိမိတို့  လုပ်ဆောင်နေတဲ့လုပ်ငန်းအတွက် လည်ပတ်ရတာ နှောင့်နှေးနေပြီဆိုရင် Management တို့  Purchasing တို့ ဟာလှုပ်ရှားရပါပြီ။ လိုအပ်ချက်ကိုသိနိုင်ဖို့ ကတော့ မိမိတို့ ပုံမှန်ကိုထိခိုက် လို့ ဖြစ်စေ ၊ ပြိုင်ဖက်တွေရဲ့  လှုပ်ရှားမှုကြောင့်ဖြစ်စေ ၊ တစ်စုံတစ်ရာသော သက်ရောက်မှုတွေကြောင့်ဖြစ်စေ Company တစ်ခုဟာ လှုပ်ရှားလာရပါတယ်။

လိုက်ရှာခြင်း ။ ။ Directory စာအုပ်ကိုလှန်မယ် ။ သက်ဆိုင်ရာ ကုန်ပစ္စည်းနဲ့ ပတ်သတ်တဲ့ Journal တွေကိုဖတ်မယ်။ သက်ဆိုင်ရာ ပစ္စည်းတွေရောင်းတတ်သောနေရာတွေဆီသွားမယ်။ ပြီးတော့ Proposal တွေ ၊ Quotation တွေခေါ်မယ်။

နှိုင်းယှဉ်လေ့လာခြင်း ။ ။ ရလာတဲ့ ဈေးတွေ ၊ Quotation တွေ ၊ Proposal တွေမှာပါလာတဲ့ ဈေးတွေ Terms and Condition တွေကိုယှဉ်ချကာ ဘယ်ဟာကကိုယ့်အတွက် ပိုက်ဆံကုန်ရတန်မလဲ ဆိုတာကို ဆုံးဖြတ်ရတဲ့ ကာလဖြစ်ပါတယ်။ Payment Terms ( ငွေပေးချေမှု ) ဟာလဲအရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ပစ္စည်းက တန်ဖိုးကြီးလေ သူတို့ အတွက်ပိုပြီး အသေးစိတ်လေပါပဲ။

ဝယ်ယူခြင်း ။ ။ ပိုက်ဆံချေရုံနဲ့ မပြီးသေးပါဘူး။ Consumer နဲ့ အလွန်ကွာသွားတဲ့ အချက်ပါ။ မကောင်းလို့  ပြန်လဲတာတို့  ၊ အာမခံပေးတာတို့  ၊ လာပြတဲ့ Sample နဲ့ မတူတာတို့  အားလုံးပါဝင်နေပါတယ်။

ရလဒ်ဖြန့် ကျက်ခြင်း ။ ။ ဒါလဲတူတူပါပဲ ။ မှန်းထားသလို ၊ ရောင်းသူဖက်က အာမခံထားသလို ဖြစ်မလာရင် နှစ်ဖက်ကြားမှာ ကိစ္စများကြပါသေးတယ်။ ဘာပဲဖြစ်ဖြစ် နောက်တစ်ကြိမ် ရွေးချယ်မှု/ မရွေးချယ်မှုအပေါ် သက်ရောက်ပါသေးတယ်။


အရေးကြီးတဲ့သဘောတရားကိုတိုတိုလေးရေးလို့  မလေးနက်ဘူးလို့ မထင်ပါနဲ့ ။ တန်ဖိုးရှိတဲ့ မိတ်ဆွေတို့ ရဲ့  အချိန်ကိုအလွန်တန်ဖိုးထားမိလို့ သာဖြစ်ပါတယ်။

credit by online