၎။မည်သည့်အလုပ်ကိုမဆို ကောက်ရိုးမီးလို လုပ်တတ်သူတစ်ယောက်လား။ ဒီအချက်ဟာ အောင်မြင်သူနဲ့ ကျရှုံးသူ နှစ်ဦးမှာရှိတဲ့ ကွာခြားချက်တစ်ခုပါ။
၅။တစ်ခုခုမအောင်မြင်လျှင် မိဘကြောင့်၊သူဌေးကြောင့်၊အပေါင်းအသင်းမိတ်ဆွေများကြောင့် ဆိုပီးအမြဲ ပြစ်တစ်ပြောဆို တတ်သူတစ်ယောက်လား။
Read-အလုပ်ခွင်သွားသည့် နေ့ရက်တိုင်းကိုပျော်ရွှင်စေမည့် လွယ်ကူရိုးရှင်းသောနည်းလမ်းများ
၆။ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသူ တစ်ယောက်ဖြစ်နေပီလား။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသူ တစ်ယောက်ဟာကျရှုံး လုနီးပါးဖြစ်နေသူတစ်ယောက်ပါ။
၇။ရည်မှန်းချက် ပန်းတိုင်မရှိသူတစ်ယောက်လား။ အောင်မြင်မှုဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ထိုခရီးရှည်ကြီးကို သွားနိုင်ဖို့ သင့်မှာမြေပုံနဲ့တူတဲ့ အောင်မြင်မှုလမ်းကြောင်းရှိနေပြီလား။
ဒါတွေမရှိသေးဘူးဆိုရင်တော့ သင်ဟာသဲကန္တာရထဲမှာ စမ်းတ၀ါးဝါးလမ်းလျှောက်သူ တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုနဲ့ဝေးကွာနေဦးမှာပါ။
၈။လူတွေဝေဖန်သုံးသပ်တာကို အရမ်းနားယောင်ပီး ဂရုစိုက်တတ်တဲ့သူလား။ အရာအားလုံးဟာ သင်ကိုယ်တိုင် ပြီးဆုံးခွင့်ပြုမှ ပြီးဆုံးသွားမှာပါ။
၉။ကျန်းမာအောင် ပြုမူနေထိုင်တတ်သူ တစ်ယောက်မဖြစ်သေးဘူးလား။ မကျန်းမာလျှင် သင်ပိုင်ဆိုင်ထားသော ပျော်ရွှင်မှု၊ငွေကြေးနှင့် အခြားသော အရာများကိုဆုံးရှုံးလိုက်ရမှာပါ။
၁၀။သင်ဟာခင်မင်ရင်းနှီးမှုတစ်ခု ကိုရရှိဖို့ ပိုက်ဆံနဲ့တည်ဆောက်ထားရတာလား။ ဆိုလိုရင်းမှာ
တချို့သောသူများသည် ကိုယ့်ဘက်မှပေးမှသာပြန်ပေးတတ်ကြသူများဖြစ်တတ်ကြသည်။ ဒီလို ရင်းနှီးမှုမျိုးကိုတော့ သင်လျစ်လျူရှုလိုက်ပါ။
Source; addicted2success