၂၀၁၄ ခုနှစ်တုန်းက ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ၁၃ နာရီ ၅ မိနစ်နဲ့ ၁၁ စက္ကန့် ကြာမြင့်တဲ့ Arby’s ဆိုတဲ့ ကြော်ငြာဗီဒီယိုကို ကျော်လွန်ပြီး Old Spice က စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကြော်ငြာထဲမှာဆိုရင် တီဗွီမှာ လာနေတဲ့ ကြော်ငြာတစ်ခုကို ကြည့်နေတဲ့ သူတွေဟာ ကြော်ငြာပြီးဆုံးတဲ့အခါ သူတို့ကိုယ်တိုင် ကြော်ငြာထဲ ရောက်သွားပြီး အခြားသူတွေက သူတို့ကို ကြော်ငြာအဖြစ် ပြန်မြင်ရတဲ့ ပုံစံနဲ့ အဆင့်ဆင့် ပြသသွားတာ ဖြစ်ပါတယ်။
Ooredoo နဲ့ Mizzima ပူးပေါင်းပြီး အထူးဒီဂျစ်တယ် ရုပ်သံလိုင်း ထုတ်လွှင့်ပြသမည်
ရိုက်ချက်ပေါင်း ၁၆၀၀ ကျော် ( လူ ၁၆၀၀ ကျော် ) နဲ့ ထူးခြားစွာ ရိုက်ကူးထားတာ ဖြစ်ပြီး ဘရာဇီးနိုင်ငံ Woohoo ရုပ်သံလိုင်းကနေ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။
ဒီကြော်ငြာကို နာရီပေါင်း ၂၀ စာ ရိုက်ကူးခဲ့ပြီး အခုလို ပြီးပြည့်စုံတဲ့ ကြော်ငြာတစ်ခု ဖြစ်လာတဲ့အထိ လပေါင်းများစွာ ကြာအောင် တည်းဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
Proctor & Gamble ဟာ Wieden + Kennedy ဆိုတဲ့ အေဂျင်စီနဲ့အတူ ရိုက်ကူး တင်ဆက်ခဲ့တာ ဖြစ်ပြီး သရုပ်ဆောင် Terry Crews ပါဝင်ထားတဲ့ ၃ဒ မိနစ်စာ ဗီဒီယိုကို You Tube မှာ တင်ပေးထားပါတယ်။
Su Mon Oo
Source: www.upi.com