Business Marketing

၁၆ နှစ် အရွယ်၌ ကုမ္ပဏီသူဌေးဖြစ်လာသည့် အသက်အငယ်ဆုံးစီအီးအို မိန်းကလေး

Read 4224 times
၁၆ နှစ် အရွယ်၌ ကုမ္ပဏီသူဌေးဖြစ်လာသည့် အသက်အငယ်ဆုံးစီအီးအို မိန်းကလေး

 

reedom Scrub ဆိုတဲ့ အလှကုန်နဲ့ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ကုမ္ပဏီရဲ့ သူဌေးဖြစ်လာခဲ့တာဖြစ်ပြီး

မိခင်ဖြစ်သူလင်နီကိုပါ ပြန်ပြီး အလုပ်ခန့်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

ငယ်ငယ်လေးကတည်းကပင် စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုတွေကို မိခင်နဲ့အတူ အလုပ်ကိုလိုက်ရင်း သင်ယူလေ့လာနေ ခဲ့တာဖြစ်ပြီး

 အသက် ၁၁နှစ်အရွယ်လောက်မှာလူမှုမီဒီယာဈေးကွက်ရှာဖွေရေးအေဂျင်စီတစ်ခုအနေနဲ့
စွန့်ဦးစီးပွား ရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် စတင်ခဲ့ရာ ကနေ လုပ်ငန်းအောင်မြင်လာခဲ့ပြီး လက် ရှိအချိန်မှာ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်း

တစ်ခုကို လည်ပတ်နိုင်နေခဲ့တာဖြစ်တယ် လို့ အလီကီတီနတ်စ်က ဆိုပါတယ်။ 

အိမ် မှာဆို သမီးကောင်းတစ်ဦးဖြစ်အောင် ကီ တီနက်စ်က ကြိုးစားနေထိုင်ပြီး မိခင်ဖြစ် သူလင်နီကလည်း အလုပ်မှာ

ဘဏ္ဍာရေး ဆိုင်ရာဥပဒေ အကြံပေးနေရာကနေ ဝန်ထမ်းကောင်းဖြစ်အောင် သားအမိနှစ်ဦး လုံး တက်ညီလက်ညီကြိုးစားနေပါတယ် လို့ ကီတီနက်စ်က

သူနဲ့ သူ့အမေရဲ့ နေ ထိုင်ပုံကို ပြောကြားခဲ့ပါတယ်။

ကျောင်း တစ်ဖက်နဲ့ အလုပ်ကိုတွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်ပြီးရင် သူနှစ်သက်တဲ့အလုပ်က သရုပ်ဆောင်အလုပ်ဖြစ်တယ်လို့ ကီတီနက်စ်က ဆိုပါတယ်။
လက်ရှိမှာ အိမ်ရာမဲ့တွေရဲ့ ဆင်းရဲမှုပပျောက်ရေး အကူအညီပေးနေတဲ့ Vinnies CEO Sleepout အစီအစဉ်မှာ ပူးပေါင်းလုပ်ကိုင်ပေးလျက်ရှိပြီး

အချိန်တိုတွင်းမှာပဲ ကီတီနက်စ်က ဒေါ်လာ ၁၈၀၀ ရန်ပုံငွေ
ကျောင်းမသွားခင်တိုင်း နိုင်ငံတကာလုပ်ငန်းရှင်တွေနဲ့ အွန်လိုင်းအစည်းအဝေးတွေလုပ်နေလေ့ရှိတဲ့ သမီးဖြစ်သူ 
စီအီးအိုမလေး အလီကီတီနက်စ်အတွက် ဂုဏ်ယူမဆုံးပါဘူးလို့ ကီတီနက်စ်ရဲ့ ဝန်ထမ်းကောင်းလည်းဖြစ်၊

မိခင်လည်းဖြစ်တဲ့ လင်နီက ပြောကြားသွားခဲ့ပါတယ်။ 
Credit: Pyi Myanmar