Global


Read 2042 times


 




 


 


 


 

အောင်မြင်ချင်သူတွေ လေ့လာသင့်တဲ့ Dell ရဲ့မတူညီတဲ့ အတွေးအခေါ်

 

<<<unicode>>>

 

KFC ရဲ့ ၂၀၂၀ ခြေလှမ်းသစ်

==============================================================

KFC သည် News Corp မှပိုင်ဆိုင်သည့် Online ဂိမ်း SuperCoach ၏ သီးသန့်အမည်ပေးခြင်း မူပိုင်ခွင့် အခွင့်အရေးကိုရယူလိုက်သည်။

အဆိုပါ သဘောတူညီချက်သည် AFL, NRL နှင့် BBL များနှင့်သက်ဆိုင်ပြီး ကုန်အမှတ်တံဆိပ်တစ်ခုမှ ကုဒ်နံပါတ်သုံးခုစလုံးတွင် သီးသန့်မူပိုင်ခွင့် အခွင့်အရေးကို ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်သည်။

 


"KFC SuperCoach သည် အခြားအားကစားမီဒီယာပစ္စည်းများကဲ့သို့ ပရိသတ်များနှင့်ချိတ်ဆက်ကာ အပြိုင်အဆိုင်များသောဈေးကွက်တွင် KFC အမျိုးအစားကိုသီးသန့်ထားရှိစေသည်"ဟု News Corp Australia ၏ အရောင်း မန်နေးဂျင်း ဒါရိုက်တာ Lou Barrett ကပြောကြားခဲ့သည်။

၎င်းက ထပ်မံ၍ "KFC နှင့်အနီးကပ်လက်တွဲပြီး အားကစားပရိသတ်များအား ပစ်မှတ်ထားရန် ရည်ရွယ်ပါတယ်။"လို့ပြောကြားခဲ့ပါတယ်။

 

KFC အတွက်ပေါင်းစည်းထားသည့် စည်းရုံးလှုံ့ဆော်ရေးအစီအစဉ်၏ ပထမအဆင့်အနေဖြင့် Newsamp သည် News Corp ၏ ဗီဒီယို ထုတ်လွှင့်ခြင်း အသံ ထုတ်လွှင့်ခြင်း များကို အဆင့်မြှင့်တင် ပေးခဲ့သည်။

 

၂၀၀၉ ခုနှစ်တွင် SuperCoach သည် တခြား ဂိမ်းကစားနည်းများထက် ပင် ပရိသတ်များကိုပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး သြစတေးလျ အွန်လိုင်းဂိမ်း ကစားသမားများအများစုသည် တစ်ပတ်လျှင် ပျမ်းမျှ ရှစ်နာရီခန့် SuperCoach ဂိမ်းကစားကြောင်း သိရှိရသည်။

 

သြစတြေးလျတွင် Online Gaming အွန်လိုင်းဂိမ်းများ သည်လူကြိုက်များလှသည်။ PwC ၏အစီရင်ခံစာအရ Gaming & E-sport အခန်းကဏ္ဍ သည် ၂၀၁၈ ခုနှစ်တွင်ဒေါ်လာ ၃.၄၅ ဘီလီယံရှိရာမှ ၂၀၂၃ ခုနှစ်တွင်ဒေါ်လာ ၇.၁ ဘီလီယံအထိနှစ်ဆကျော် မြှင့်တက်သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။

 

Source: AdNews

Myanmar Advertising Directory