Local

၂၀၂၀ မှာ ပြည်တွင်းဘဏ်အချင်းချင်း Mobile Payment စနစ်ကို အပြီးဆောင်ရွက်သွားမယ်

Read 1518 times
၂၀၂၀ မှာ ပြည်တွင်းဘဏ်အချင်းချင်း Mobile Payment စနစ်ကို အပြီးဆောင်ရွက်သွားမယ်

 ဒီအစီအစဉ်ဟာ ဗဟိုဘဏ်က ဆောင်ရွက်တဲ့ တစ်နိုင်ငံလုံးအသုံးပြုမယ့် ငွေပေးချေမှုစနစ်ရဲ့  အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

‘‘ဘဏ်တွေကြားမှာ ဟိုဘက်ဒီဘက်သုံးစွဲသူတွေကြားငွေ လွှဲပြောင်းတာတွေ လုပ်ဆောင်နိုင်ဖို့ မိုဘိုင်းဖုန်းသုံးငွေပေးချေမှု ဆောင်ရွက်နေတာလည်း ဗဟို ဘဏ်ထိန်းချုပ်မှုအောက်ကသွား ရမယ်။ ဒါလည်း ၂၀၂၀ မှာအပြီး သတ်မယ်’’ ဟု ဒေါ်မြင့်မြင့်ကြည် ကပြောပါတယ်။

အဲဒီ ငွေပေးချေမှုစနစ်ကို ဂျပန်နိုင်ငံအကူအညီနဲ့ ဆောင်ရွက်ခြင်းဖြစ်ပြီး အပိုင်း (က) တွင် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ် ချင်းငွေလွှဲပြောင်းခြင်းတို့ ဖြစ်ပါတယ်။ ဒုတိယပိုင်းတွင် ပြည်တွင်း  ဘဏ်အချင်းချင်း ငွေလွှဲပြောင်းနိုင်ရန် ဖြစ်တယ်လို့ဆိုပါတယ်။

တီဗွီမှာ အများဆုံး မြင်တွေ့ရတဲ့ ကြော်ငြာ (၁၀) ခုနဲ့ သုံးထားတဲ့ ကြော်ငြာစရိတ်များ

လက်ရှိမှာ ပြည်တွင်းအသုံးပြုနေသော ငွေပေးချေမှုအချို့ဟာ တရားဝင်မဟုတ်ပေမယ့် ဗဟိုဘဏ်က အရေးယူနိုင်ခြင်းမရှိသေးဘဲ တွေ့ဆုံဆွေးနွေးပြီး လမ်းကြောင်းမှန်ရောက်ဖို့ ဆောင်ရွက်နိုင်တယ်လို့လဲ ပြောပါတယ်။

ဗဟိုဘဏ်က ငွေပေးချေမှုနဲ့ ပတ်သက်ပြီး ဘတ်စ်ကားစီးရ န်သယ်ယူပို့ဆောင်ရေးကတ်ငါး ခု၊ ဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်များကြား ဆောင်ရွက်သည့် MPU ကတ်၊ Credit ကတ် ငါးခု၊ Union Pay, JCB, VISA, Master ကတ် များ ခွင့်ပြုထားပါတယ်။ ဒါ့အပြင် မိုဘိုင်းငွေပေးချေမှုအတွက် Wave Money, M-pitsan, Internet Wallet, Mytel စတာတွေကိုလည်း ခွင့်ပြုထားပါတယ်။

မိုဘိုင်းဘဏ်လုပ်ငန်းအတွက် ပြည်တွင်းဘဏ် ၁၀ ခုကိုလည်း ဗဟိုဘဏ်က ခွင့်ပြုထားပါတယ်။

Source; 7Day Daily

Myanmar Advertising Directory