Customer

ဝန်ထမ်းတွေအလုပ်ထွက်ခါနီးပြတတ်သော လက္ခဏာ ၂၅ ရပ်

Read 8601 times
ဝန်ထမ်းတွေအလုပ်ထွက်ခါနီးပြတတ်သော လက္ခဏာ ၂၅ ရပ်

Employee Turnover နှုန်းဟာ အလုပ်ရှင်များအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဆိုလည်း မမှားပါဘူး။ ထို့ပြင် Turnover နှုန်းများလာတာနှင့်အမျှ ကုမဏီ၏ စရိတ်နှင့် အချိန်ပေးရမှုလည်း ပိုမိုတိုးလာပြီး မလိုအပ်ဘဲ ငွေများပိုမိုကုန်ဆုံးတတ်ပါတယ်။

သုတေသနပျှမ်းမျှတွေ့ရှိချက်တွေအရ ၀န်ထမ်းတစ်ဦးထွက်သွားပါက ပြန်လည်ခန့်အပ်ရန် ကုန်ကျစရိတ် USD 1000 မှ USD 10000 အတွင်း ကုန်ကျနိုင်ပါတယ်။

စရိတ်များရသည့်အကြောင်းအရင်းကတော့ ၀န်ထမ်းအသစ်အတွက် ငှားရမ်းကုန်ကျစရိတ် သင်တန်းပေးရခြင်းစရိတ်၊ ၀န်ထမ်းဟောင်းနှင့် ၀န်ထမ်းသစ်မခေါ်ခင်ဆက်ကြား ကုမဏီ၏ လုပ်ဆောင်ရည် ကျဆင်းမှုစရိတ်နှင့် အတွေ့အကြုံမရှိသေးသော ၀န်ထမ်းအသစ်ကြောင့် စီးပွားရေးဆိုင်ရာ အမှားများပြုလုပ်ခြင်းကြောင့် ကုန်ကျသည့်စရိတ်များပါဝင်ပါတယ်။

ထိုအချက်များကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် မန်နေဂျာများက မိမိ၏ ၀န်ထမ်းအလုပ်ထွက်ခါနီးတွေပြလေ့ပြထရှိသည့် လက္ခဏာရပ်များကို ကြိုတင်သိထားရန် လိုအပ်ပါတယ်။

ယနေ့မှာတော့ Myanmar Advertising Directory မှ ၀န်ထမ်းများထွက်ခါနီး ပြသတတ်တဲ့ လက္ခဏာရပ် ၂၅ ရပ်ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

၁။ ရက်ရှည်ကြာလုပ်ရမည့်အလုပ်များကို လက်ခံရန် တွန့် ဆုတ်နေခြင်း

၂။ Linked In Profile ကို ပိုမိုအသုံးပြုလာခြင်း

၃။ Meeting များတွင် ပါဝင်ပြောဆိုမှုနည်းပါးလာခြင်း

၎။ ပြင်ပအသိပညာဗဟုသုတများရှာဖွေရန် Conferences နှင့် workshops များ ပိုမိုတက်ရောက်လာခြင်း

၅။ အလုပ်ပျက်ရက်များလာခြင်း

၆။ အလုပ်ခွင်အတွင်း စကားသိပ်မပြောဘဲငြိမ်နေခြင်း

၇။ Personal ဖုန်း Calls များကို ပိုမိုလက်ခံပြောဆိုလာခြင်း

၈။ ပိုမိုကောင်းမွန်သည့်အလုပ်များကို ရှာဖွေနေခြင်း (ဥပမာ - လစာကောင်းခြင်း၊ ရာထူးကြီးခြင်း)

၉။ အလုပ်တိုးတက်ရန်ဆွေးနွေးသည့်အခါတွင် စိတ်ပါဝင်စားမှုမရှိခြင်း

၁၀။ ယခုအလုပ်တွင် မလုပ်တော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်ခြင်း

၁၁။ ဘ၀၏ကြီးမားသော အချိုးအကွေ့များကို ရှာဖွေနေခြင်း

၁၂။ အလုပ်လုပ်ကိုင်စွမ်းအားများလျော့ကျလာခြင်း

၁၃။ အခင်ဆုံးလုပ်ဖော်ကိုင်ဘက်များအလုပ်ထွက်လာခြင်း

၁၄။ မန်နေဂျာ (သို့) အလုပ်ရှင်အား ကျေနပ်မှုရှိစေရန် အလုပ်မကြိုးစားတော့ခြင်း

၁၅။ အလုပ်ခွင်တွင် မိမိနှင့် မတည့်သူများနှင့် ပိုမိုစကားများလာခြင်း

၁၆။ အခြားမတည့်သော Team Member များကို Social Media တွင် unfriend လုပ်လာခြင်း

၁၇။ အလုပ်များကို စတင်ခွဲဝေတာဝန်ပေးလာခြင်း

၁၈။ တီထွင်ဆန်းသစ်ဥာဏ်များမပေးတော့ခြင်း

၁၉။ ရက်ကြာရှည်ခွင့်ယူလာခြင်း

၂၀။ ထွက်တော့မည့်ရက်အတိအကျကို တွက်ချက်လာခြင်း

၂၁။ စတင် Complain များတက်လာခြင်း

၂၂။ ဘွဲ့လက်မှတ် (သို့) အခြားရာထူးတက်စေရန် အတောက်အကူများရရှိလာခြင်း

၂၃။ ပြုလုပ်နေသည့် အလုပ်များကို ပိုမိုလျှို့ဝှက်လာခြင်း

၂၄။ အလုပ် phone call (သို့) Email များကို မပြန်တော့ခြင်း

၂၅။ အချိန်တိုင်းစိတ်ဓာတ်ကျခြင်း      တို.ဖြစ်ပါတယ်။

Source: Inc. Southeast Asia