Marketing

သင်ရော ဘယ်လို ၀ယ်သူမျိုးလဲ?

Read 8 times
သင်ရော ဘယ်လို ၀ယ်သူမျိုးလဲ?

အဆင်ပြေတယ် ဆိုရင်သူ့အတွက် အဆင်ပြေပြီ။ ဈေးသက်သာဖို့သာ သူ့အတွက် အဓိက။ ဈေးများတာနဲ့ ဈေးပေါတာပြ သူက ဈေးပေါတာ ယူလိမ့်မယ်။ ပစ္စည်းလည်းကောင်းတယ် ဈေးလည်း သက်သာဆိုရင် သူ့အကြိုက်ပဲ။ သူ့အတွက် ဈေးပေါတယ် ဆိုတဲ့ စကားလုံးက Titanic သီချင်းလိုပဲ နားဝင်ချိုစေတယ်။ သူ့မှာ Brand Loyalty ဘာညာ မရှိဘူး။ Cheap Price ကသူ့ Favorite Brand ပဲ။

 

buyer price

 

 

2.Value Buyer

သူ့အတွက်က ဘယ်ဈေးလည်း ဘယ်လောက် ဈေးကြီးလည်း ဈေးပေါသလဲ ဆိုတာထက် ဘယ်လောက်ပိုကောင်းလဲ ဆိုတာက ပိုအရေးကြီးတယ်။ ငါက ဘာသုံးသုံး အကောင်းပဲ သုံးတာ ကောင်းမှကြိုက်တာ သူများကိုလည်း ငါက အကောင်းပဲ ပေးချင်တာ ငါ့အတွက် ဈေးနှုန်းက ပြသာနာ မဟုတ်ဘူး အရည်အသွေးကသာ အဓိက ဆိုတာက သူ့ရဲ့လက်စွဲစကား။ Warranty Gurranty သာပေးလိုက် သူသိပ်ကြိုက်။ သူ့ကို ကောင်းတာသာ ပေးပါ သူ့ဘက်က Loyalty အပြည့်ပဲ။ ပေးရတာနဲ့ တန်တဲ့ အရည်အသွေး ဆက်လက် ရနေဖို့တော့ လိုတယ်။

 

gucci

 

 

3.Relationship Buyer

သူ့ရဲ့လက်စွဲစကားက ကျွန်တော်က ဒီField နဲ့ ပတ်သက်ရင် ဘာပဲလိုလို ဒီဆိုင် ဒီကုမ္ပဏီမှာပဲ ဝယ်တာ ဒီမှာ မရှိမှ တစ်ခြားဆီကို သွားတာ။ သူ့အတွက် Communication က အရေးအကြီးဆုံးပဲ။ ခင်ဗျား ဘာကို ဘယ်ဈေးနဲ့ ရောင်းပေးတယ် ဘယ်လောက်ပဲ အမြတ်ယူတယ် ဘယ်လောက် လျော့ပေးတယ် ဆိုတာထက် ခင်ဗျား သူ့ကို ဘယ်လို ဆက်ဆံလည်းဆိုတာက ပိုအရေးကြီးတယ်။သူ့မှာ သည်းခံခွင့်လွတ်စိတ် ပြည့်ဝတယ်။တစ်ခါတစ်လေ လွှဲချော် မှားယွင်းတာကို နားလည်ပေးတယ်။ သူက တစ်စုံတစ်ဦးနဲ့ မဆက်ဆံရင် လုံးဝကို ဝေးဝေးကနေ လည့်ကိုမကြည့်တတ်ဘူး ဆက်ဆံပြီဆိုရင်လည်း တစ်သက်လုံး မခွာတော့တာ။ ခင်ဗျား ဆိုင်ပြောင်း နေရာပြောင်းရင်လည်း ခင်ဗျားကိုပဲ ရှာဖွေရင်း လာမယ့်သူမျိုး။ သူ့က ခင်ဗျားဆီက မိသားစုဝင် လိုမျိုး ဆက်ဆံရေးကို မျှော်လင့်တတ်သူပါ။ သူ့မှာLoyalty က မွေးရာပါ အပြည့်အဝပဲ။

 

rs

 

 

4.Poker Player

သူကအပေါ်က သုံးယောက်ထက် Smart ဖြစ်တယ်။ ကိုယ်ဝယ်မယ့်အရာနဲ့ ပတ်သက်ရင် အကုန်လေ့လာတယ် ဈေးကွက်တစ်ခုလုံးကို ခင်ဗျားနီးနီး သို့ ခင်ဗျားထက်တောင် ပိုသိတယ်။ သူ့ပေါ်သူမှအပ ဘယ်သူ့အပေါ်မှ Loyal မဖြစ်ဘူး။ ဘယ်မှာဝယ်မယ် ဘယ်အချိန်ဝယ်ရမယ် ဘယ်သူ့ဆီ ဝယ်ရမယ်ကို ကြိုတင် Planning လုပ်ပြီး ပြင်ဆင်တယ်။ ခင်ဗျား အကောင်းဆုံး အသက်သာဆုံး ပေးနေရင်တောင်မှ သူက နောက်ထပ် ဈေးကစားတယ် ခင်ဗျားစိတ်ကို ကစားတယ်။သူ့မှာ ရန်သူ မရှိသလို မိတ်ဆွေလည်း မရှိဘူး။ သူက ပိုကာ ပလေယာ တစ်ယောက် သို့ ဂိမ်းကစားသမား တစ်ယောက်နဲ့ တူတယ်။ သူနဲ့ ဆက်ဆံရင် တော်တော်လေး သတိထားရတယ်။သူက ဘာဖြစ်ဖြစ် နိုင်မှ ကြိုက်တယ်။ သူ့ကို ရောင်းချင်ရင်တော့ သူထက်တော်တဲ့ ကစားသမား တစ်ယောက်ဖြစ်ဖို့ လိုတယ်။

customers

 


Credit to Htein Linn Aung

Myanmar Advertising Directory