Customer

သင့်အလုပ်ရှင် စီမံခန့်ခွဲမှုအားနည်းကြောင်း သိနိုင်သည့်အချက် ၅ ချက်

Read 8549 times
သင့်အလုပ်ရှင် စီမံခန့်ခွဲမှုအားနည်းကြောင်း သိနိုင်သည့်အချက် ၅ ချက်

ပြောဆိုဆက်ဆံနေ၍ မရပါဘူး။ ထို့ပြင် ကောင်းမွန်တဲ့ခေါင်းဆောင်တစ်ဦးဟာ အကြောင်းမဲ့လက်အောက်ငယ်သားများအပေါ် အထက်စီးဆန်စွာ ပြောဆိုမနေပါ။

စီမံခန့်ခွဲမှုအားနည်းသည့် အထက်လူကြီးများဟာ မိမိ၏အားနည်းချက်ကို ဖုံးကွယ်ရန် လက်အောက်ငယ်သားများကို ရိုင်းစိုင်းစွာ ပြောဆိုတတ်ပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory မှ စီမံမှုအားနည်း ခေါင်းဆောင်ဖြစ်ကြောင်း သိရှိနိုင်သည့် အချက် ၅ ချက်ကို တင်ပြပေးမှာ ဖြစ်ပါတယ်။

၁။ စီမံခန့်ခွဲမှုမကောင်းသည့် Myanmar ဟာ ကိစ္စတစ်ခုပြဿနာတက်ပြီဆိုပါက ပြဿနာဖြစ်ရသည့် အကြောင်းအရင်းကိုမရှာဘဲ အရင်မည်သူကို အပြစ်ပြောဆိုရမည်ကို ရှာတတ်ပါတယ်။

၂။ လက်အောက်ငယ်သားဝန်ထမ်းတစ်ဦးက ကောင်းမွန်စေရန် အကြံဥာဏ်ပေးပါက အမြဲတစေ ငြင်းဆိုတတ်ပါတယ်။ (သို့) ဒါဟာ သင့်အလုပ်မဟုတ်ပါ။ ၀င်မပါနှင့်ဟုမျိုးလည်း ပြောဆိုတတ်ပါတယ်။

၃။ Weak Manager တစ်ယောက်ဟာ ၀န်ထမ်းတစ်ဦးကို Policies ဘောင်အတွင်းကပဲ ဆက်ဆံတတ် ပါတယ်။ ၀န်ထမ်းအတွက် ထပ်မံတိုးတက်စေရန် လုပ်ငန်းဆောင်တာများအတွက်ကိုလည်း မစဉ်းစားသလို သင်ကြားပေးခြင်းလည်းမရှိဘဲ ပြီးစလွယ်လွှတ်ထားတတ်ပါတယ်။

၎။ စတုတ္ထအချက်အနေနဲ့ကတော့ စီမံမှု အားနည်းတဲ့ Manager တွေဟာ မည်သူ့အားနည်းချက်ကို ထောက်ပြတယ့် ၀န်ထမ်းတွေကို မလိုချင်ပါဘူး။ ၎င်းတို့စ၍ အစီအစဉ်မကျ လုပ်ဆောင်မှုတွေကို ချီးကျူးမြှောက်ပင့်ပြောဆိုနေသော ၀န်ထမ်းများကို သိလိုရှိကြပါတယ်။ ထိုသို့ ပြောဆိုသော သူများကိုလည်း ပိုမို၍ ရာထူးတိုး အခွင့်အရေးပေးတတ်ကြပါတယ်။

၅။ နောက်ဆုံးအချက်အနေနှင့်ကတော့ အားနည်းတဲ့ Manager တွေက တိုးတက်ရန် ပြောင်းလဲမှုအတွက်လည်း တွန့်ဆုတ်တတ်ကြပါတယ်။ ထို့ကြောင့် ၎င်းတို့ဟာ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ရာထူးနေရာတွင်သာ ရပ်တန့်၍ အချိန်များကုန်ဆုံးသွားတတ်ကြပါတယ်။

ဝန်ထမ်းများ လုပ်ငန်းတိုင်းတွင်အဆင်ပြေအောင်အောင်မြင်နိုင်ပါစေ။