Life Hacks

သင်စိတ်သဘောထားသေးသိမ်ကြောင်း သိရှိနိုင်မည့်အချက် ၅ ချက်

Read 4106 times
သင်စိတ်သဘောထားသေးသိမ်ကြောင်း သိရှိနိုင်မည့်အချက် ၅ ချက်

အကယ်၍ တစ်ဦးတစ်ယောက်က သူတို့၏ စိတ်နေသဘော ထားနှင့် မတိုက်ဆိုင်ပါက စိတ်သဘောထားသေးသိမ်ကာ မကျေနပ်ကြောင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖော်ပြတတ်ကြပါတယ်။

1

၂. မိမိ၏ သူငယ်ချင်းများထံ အကူအညီလိုမှ ဆက်သွယ်ခြင်း

စိတ်သဘောထားသေးသိမ်သူများဟာ သဘာဝ အားဖြင့် သူငယ်ချင်းမိတ်ဆွေကောင်း ရှားပါးတတ်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် စိတ်ထားသိမ်သူများဟာ မိမိ၏ သူငယ်ချင်းများကို အကူအညီလိုကာမှ ဆက်သွယ်တတ်သောအကျင့်ရှိခြင်း ကြောင့် ဖြစ်ပါတယ်။ သင့်မှာ ယခုလို စိတ်မျိုးရှိရင်တော့ သင်ဟာ ၁၀၀% သဘောထားပြည်ဝသူဟူ၍ မပြောလိုတော့ပါဘူး။

2

၃. မိမိ၏အကြံအစည်များကိုလျှို့ဝှက်ထားခြင်း

စိတ်သေးသိမ်သူများဟာ ၎င်းတို့၏ အကြံအစည်၊ အထူးသဖြင့် တိုးတက်ရန် အကြံအစည်များကို လျှို့ဝှက်ထားတတ်ကြပါတယ်။ တစ်ပါးသူ ၎င်းတို့ထက်အောင်မြင်သွားမည်ကို စိုးရိမ်သောကြောင့် ယင်းတို့၏ အကြံအစည်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုတတ်ကြပါဘူး။

3

၎. မိမိ၏ပတ်ဝန်းကျင် (သို့) အလုပ်တွင် အဆင်မပြေမှုများခြင်း

စိတ်ထားသေးသိမ်သူများဟာ မနာလိုစိတ်ကြီးခြင်း၊ မိမိ၏အကြံအစည်များကို လျှို့ဝှက်ခြင်း၊ တစ်ပါးသူများနှင့် လိုက်လျောညီထွေမှုမရှိခြင်း အစရှိသော အကြောင်းများကြောင့် ၎င်းတို့၏ ပတ်ဝန်းကျင်တွင်ရှိသော ဆွေမျိုးမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေဖြစ်တတ်ကြပါတယ်။ သင်ဟာလည်း လူအများနှင့် အဆင်မပြေဖြစ်နေရင်တော့ သင်၏ စိတ်နေစိတ်ထားကို ပြန်လည်ဆန်းစစ်ရန် လိုပါမယ်။

4

၅. တစ်ပါးသူကို မကောင်းပြောဆိုဝေဖန်ခြင်း

စိတ်သဘောထားသေးသိမ်သူများ၏ သဘာဝအလျောက် မည်သူ့ကိုမျှ အကောင်းမြင်စိတ်ဖြင့် မကြည့်ရှုတတ် ကြပါဘူး။ ယင်းတို့ဟာ ပတ်ဝန်းကျင်တွင်ရှိသော လူများအားလုံးကို မကောင်းမြင်စိတ်ဖြင့် ကြည့်ရှုကာ အမြဲလိုလို ပြောဆိုဝေဖန်နေတတ်သော အကျင့်လည်း ရှိတတ်ကြပါတယ်။

5

 စာဖတ်သူအားလုံး ငြိမ်းချမ်းပါစေ….