အခု Emily in Paris မှာဆိုရင်တော့ Lily Collins က အဓိက ဇာတ်ဆောင်ဖြစ်တဲ့ Emily နေရာက သရုပ်ဆောင်ထားပြီး သူ့ရဲ့ ဇာတ်ကောင်က ခှီကာဂိုမှမားကတ်တင်း အေဂျင်စီတစ်ခုမှ Marketing Executive ရာထူးနဲ့ လုပ်ကိုင်နေတဲ့ သူတစ်ဦးဖြစ်ပြီး နာမည်ကြီး ဇိမ်ခံ Product တစ်ခုအတွက် ပြင်သစ်မှ ပါရီမြို့ကို သွား ပြီး မားကတ်တင်းလုပ်ဖို့ တာဝန်ကျသူဖြစ်ပါတယ်။Emily လေးဟာမြို့အသစ်မှာ ဘာသာစကားအသစ် ၊ စျေးကွက်မြှင့်တင်ရေးပုံစံအသစ်တွေနဲ့ စိန်ခေါ်မှု့အသစ်တွေကို လက်ဝယ်ပိုက်ရတော့မှာပါ။
အခု Emily in Paris ဇာတ်ကားမှ နာမည်ကြီး မားကတ်တင်း ဆိုင်ရာ အချက်အလက်တွေကို ဖော်ပြပြောပြသွားမှာဖြစ်ပြီး ဆိုရှယ်မီဒီယာ မားကတ်တင်းလောကရဲ့ အဓိက အချက်အလက်များကို ပြောပြပေးသွားမှာပါ။တကယ်တန်းမှာ အဆိုပါဇာတ်ကားကို ကြည့်တဲ့ ပရိသတ်အနေနဲ့ အခု Emily in Paris ရသစုံခံစားမှု့ကိုခံစားရမှာပါ။Emily in Paris မှာတွေ့ရမယ့် ဆိုရှယ်မီဒီယာ မားကတ်တင်း အချက်တွေကို အောက်ပါတိုင်းဖော်ပြပေးလိုက်ပါတယ်။
Personal branding ( မိမိကိုယ်ကိုယ် Brand တစ်ခုတည်ဆောက်ခြင်း )
--------------------------
Emily in Paris မှာသူ့ရဲ့ဇာတ်ကောင်က မားကတ်တင်းနယ်ပယ်က သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကိုယ်ရေ ကိုယ်သွေးကို Brand တစ်ခု အဖြစ်ပုံဖော်တည်ဆောက်ထားတာတွေ့ရပါတယ်။သေချာကြည့်မယ်ဆို သိနိုင်တာက Emily က သူ့ Brand ရဲ့ အသံတစ်ခုကို ထုတ်နိုင်တဲ့သူဖြစ်ပြီး အခြားသူတွေနဲ့ အဆက်အဆံ အများကြီးလုပ်ထားကာ သူ့လုပ်ငန်းတိုးတက်ဖို့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ခြေဆန့်ထားသူပါ။တကယ့်လောက ရဲ့ဆိုရှယ်မီဒီယာ မားကတ်တင်းမှာလည်းပဲ ကောင်းမွန်တဲ့ ကိုယ်ရေကိုယ်သွေးရှိသူ မိမိကိုယ်ကိုယ် Brand တစ်ခုအဖြစ်တည်ဆောက်ထားသူက နေရာတိုးပေါက်ပါတယ်။
စောင့်ကျပ်စစ်ဆေးမှု မရှိခြင်း
-------------------------
Emily in Paris မှာဆို လက်တွေ့အပြင်မှ ဆိုရှယ်မီဒီယာ မားကတ်တင်းလောကကို တစ်စိတ်တစ်ပိုင်းဖော်ပြနေတာတွေ့ရပါတယ်။ဆယ်ဖီဆွဲတယ် လူစိတ်ဝင်စားမည့်စာနဲ့ တွဲတင်တယ် ဒီကိစ္စတွေဟာ သဘာ၀ကျကျ မားကတ်တင်းကို လုပ်ဆောင်သွားတာပါပဲ ဒီလိုလုပ်ရပ်အတွက် အပြင်မှာ ဆိုလည်း သင့်မားကတ်တင်းကို လူတွေစိတ်ဝင်စားမှာပါ။သာမန်မားကတ်တင်း နည်းလမ်းကြီးတွေသုံး နေတာထက် စာရင် ဆိုရှယ်မီဒီယာ မားကတ်တင်းက စားသုံးသူနဲ့ တိုက်ရိုက်ထိတွေ့ရတာဖြစ်လို့ ပိုပြီး နက်နဲပါတယ်။တကယ်တန်းဆိုရှယ်မီဒီယာ မားကတ်တင်းမှာ အလုပ်တစ်ခု ပြီးမြှောက်ဖို့ ကျောက်သင်ပုန်းကြီးတွေနဲ့ ကပ်ထားပြီးထိုင်လုပ်စရာမလိုပါဘူး ဖြတ်ထိုးဉာဏ်နဲ့ တည်ထွင်ဖန်တီးမှုအားကောင်းဖို့သာလိုအပ်ပါတယ်။
အေဂျင်စီဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းကို ဖော်ညွန်းချက်
--------------------------
Emily in Paris မှာဆို Emily အနေနဲ့ ပြတင်းပေါက် လေးကနေကြည့်ရင်း ဆိုရှယ်မီဒီယာ ပေါ်မှာ ဘယ်လိုမားကတ်တင်းလုပ်ရမလဲဆိုတာကို အကြံဉာဏ်ရရှိတာပါ။အကြံဉာဏ်ကောင်းရဖို့ဆို လူတစ်ယောက်ဟာ သူရဲ့ နိစ္စဒူ၀ သွားနေတဲ့ ပုံစံတိုင်းအလုပ်မှာ ဘယ်လို အလဲထိုးမယ် ထမင်းစားချိန်ကို ဘယ်လိုကောင်းမွန်စွာဖြတ်ကျော်မယ် သည့်အပြင် အိမ်ကနေ ညဘက် အလုပ်လုပ်တဲ့ နေရာမှာဘယ်လို စိတ်ကူးစိတ်သန်းတွေ ထွက်လာမလဲဆိုတာမျိုးပေါ့ ထိုသို့လုပ်နေနိုင်မှသာ အကြံကောင်းထွက်မှာပါ နိစ္စဒူ၀ အလုပ်ထက်ပိုလုပ်ပြီး အလုပ်ရှုပ်တဲ့ လူတွေကြတော့ အကြံဉာဏ်ကောင်းထွက်ဖို့ခက်ခဲပါတယ်။လူတွေကိုဆွဲဆောင်နိုင်ဖို့က ကြော်ငြာ စာအရေး အသားကောင်းရမယ် ၊ စိတ်လှုပ်ရှားစရာပွဲမျိုးကို စီစဉ်နိုင်ရမယ် အစရှိသဖြင့်ပေါ့။
ကျော်ကြားသူနဲ့ စျေးကွက် မြှင့်တင်ခြင်း
---------------------------
Emily in Paris ရဲ့နောက်ပိုင်းဇာတ်ဝင်ခန်းတွေမှာတွေ့နိုင်တာက ကျော်ကြားသူနဲ့ တီထွင်ဖန်တီးသူကြားက ပေါင်းသင်းဆက်ဆံရေးမှာလုပ်သင့်တာနဲ့ မလုပ်သင့်တာတွေကို ပြသထားပါတယ်။သည့်ထက်သူမရဲ့ ဆိုရှယ်မီဒီယာမှာဆိုလည်း သူမရဲ့ တက်ကြွတဲ့ ဘ၀ကိုသာ ပြသထားတာတွေ့ရပါတယ်။Emily ဟာ နာမည်ကြီး ကျော်ကြားသူတွေတက်တဲ့ ပွဲတွေကို ဖိတ်ကြားခံရပါတယ် သည်အခါမှာသူ့အနေနဲ့ ကျော်ကြားသူများနဲ့ ဆက်ဆံရေးကောင်းစွာနေပြီး ထိုကျော်ကြားသူများရဲ့ တကယ့် ပရိသတ်အလား သူ့ အလုပ်အတွက် ပရော်ဖက်ရှင်နယ်ဆန်ဆန် လှုပ်ရှားတာတွေ့ရမှာပါ ဒါဟာ Influencer Marketing 101 ရဲ့ အခြေခံ သင်ခန်းစာတစ်ရပ်ပဲဖြစ်ပါတယ်။
အမြင်ရှိခြင်း
--------------
Emily အနေနဲ့ သူရဲ့ဆိုရှယ်မီဒီယာ မားကတ်တင်းကို လူငယ်တစ်ယောက်အနေနဲ့ ပုံဖော်သွားတာဖြစ်ပြီး ငယ်ရွယ်တဲ့ မီဒီယာ Background ရှိတဲ့ လူငယ်တစ်ဦး အဖြစ် သာမကပဲ ဆိုရှယ်မီဒီယာ ဆိုင်ရာ ကျွမ်းကျင်စူ တစ်ဦးအဖြစ်ဇာတ်ကောင်ကို ဖော်ပြထားပါတယ်။သည့်အပြင် လူငယ်တွေမှာ အမှားနဲ့ မကင်းဘူးဆိုတာကို ဖော်ပြထားတာတွေ့ရပါတယ်။သည့်ထက် ဆိုရှယ်မီဒီယာ မားကတ်တင်းကို အသားညှပ်ပေါင်မုန့် နဲ့ ဥပမာပြကာ Emily က ရှင်းပြထားပါတယ်။အခု Emily in Paris ဟာ ဆိုရှယ်မီဒီယာ မားကတ်တင်းသမား များ မဖြစ်မနေ ကြည့်သင့်သော ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။