Business Marketing
လူငယ်တွေ သိထားသင့်တဲ့ 5WHY Technique
Read 3205 times
လူငယ်တွေ သိထားသင့်တဲ့ 5WHY Technique
ဥပမာ ပြောရရင်-
Read-အာင်မြင်နိုင်ရန် ကျင့်သုံးသင့်တဲ့ အမူအကျင့်ကောင်းများ
Credit: ရွှေညာမောင်
Unicode Version
တစ်ခါတစ်လေ လူငယ်တွေကြားမှာ ကိုယ်ဘာလုပ်လို့လုပ်နေမှန်း၊ ကိုယ်ဘာကြောင့်လုပ်နေမှန်း
မသိတဲ့ အခိုက်အတန့်မျိုးတွေ ရှိတတ်ပါတယ်။ ပြောရရင် ရည်ရွယ်ချက်ပျောက်နေတာမျိုးပေါ့။
“5 WHY technique” ကသင့်ကို ဘာကြောင့် ဒီအရာတွေလုပ်နေရတယ်ဆိုတဲ့ အဖြေကို တိတိကျကျပေးပါလိမ့်မယ်။
“5 WHY” ဆိုတာကတော့ “ဘာကြောင့်လဲ” ဆိုတဲ့မေးခွန်းကို ငါးခါတိတိမေးပြီး သင့်ရဲ့မူလရည်ရွယ်ချက်ကို
ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။
ဥပမာ ပြောရရင်-
(၁) ဘာကြောင့် ကျောင်းသွားသလဲ? (စာသင်ချင်လို့)
(၂) ဘာကြောင့် စာသင်ချင်တာလဲ? (ပညာတတ်ချင်လို့)
(၃) ဘာကြောင့် ပညာတတ်ချင်တာလဲ? (ဘွဲ့ရချင်လို့)
(၄) ဘာကြောင့် ဘွဲ့ရချင်တာလဲ? (အလုပ်အကိုင် ကောင်းကောင်းရချင်လို့)
(၅) ဘာကြောင့် အလုပ်ကောင်းကောင်းရချင်တာလဲ? (ပိုက်ဆံများများရချင်လို့ ဒါမှမဟုတ် ဂုဏ်ရှိချင်လို့… စသဖြင့်ပေါ့..)
ဒီ “5 WHY technique” ကို သုံးရင်းနဲ့ သင်ဘာလို့လုပ်နေရတယ်ဆိုတဲ့ နောက်ဆုံးရည်ရွယ်ချက်ကို ထင်ထင်ရှားရှားတွေ့ပါလိမ့်မယ်။
ရုတ်တရက်ဆိုရင်တော့ “ဘာကြောင့် ကျောင်းသွားတာလဲ” ဆိုတဲ့မေးခွန်းရဲ့ အဖြေဟာ “ပိုက်ဆံများများရချင်လို့” ဆိုတဲ့တိုက်ရိုက်အဖြေကို ရချင်မှရပါလိမ့်မယ်။ ဒီလိုလေး မေးလိုက်ရင်တော့ အဓိကက ဘာကြောင့်လဲဆိုတာ သင်သိသွားပါလိမ့်မယ်။တခြားအကြောင်းအရာတော်တေ်ာများများမှာလည်း “5 WHY technique” ကို အလျဉ်းသင့်သလို သုံးနိုင်ပါတယ်။
ဥပမာ – “ဘာလို့ သူနဲ့လက်တွဲချင်တာလဲ”။ “ဘာလို့ ဆရာဝန်ဖြစ်ချင်တာလဲ”၊ “ဘာလို့ ချမ်းသာချင်တာလဲ”။
ကိုယ်အလုပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို မပြုလုပ်ခင်တိုင်းမှာ အမြဲတမ်းကိုယ့်ကိုယ်ကိုယ် ဒီWHY Technique နဲ့ဆင်ခြင်သုံးသပ်ကြည့်ပါ။
Credit: ရွှေညာမောင်