Marketing

ကြော်ငြာ များကြောင့် ကလေးများ အတုယူမှားခြင်း ကိစ္စရပ်

Read 1442 times
ကြော်ငြာ များကြောင့် ကလေးများ အတုယူမှားခြင်း ကိစ္စရပ်

 

ပြီးခဲ့တဲ့ ဩဂုတ်လက စားသုံးသူများကော်မတီမှ စားသုံးသူများ ကာကွယ်ရေး ဥပဒေ နဲ့ အတုယူ ၊ လမ်းကြောင်းလွဲမှတ်မှားနိုင်သော ကြော်ငြာ များကို ဖယ်ရှားဖို့ ညွှန်ကြားချက်များထုတ်ပြန်ခဲ့ပါတယ်။ထိုနည်းလမ်းတွေကိုကျင့်သုံးပြီး ယခု ၂၀၂၀ မှာ တရားမျှတမှုမရှိတဲ့ ရောင်းချ ခြင်းများအား စားသုံးသူများစိတ်ပါဝင်စားမည့်အရေးကိုဆက်လက်မဖြစ်ပွားစေရန် ကာကွယ်ပေးမှာဖြစ်ပါတယ်။

 

အဆိုပါ ညွှန်ကြားချက် ကို အသေးစိတ်ပြောကြားချက်အရ ကြော်ငြာ တွေကို ကြော်ငြာ ပြီဆိုပါက ရိုင်းဆိုင်း တဲ့ စကားအသုံးနှုန်းများနဲ့ မရှင်းမလင်း ကြော်ငြာ ခွင့် မရှိပါဘူး ကြော်ငြာ ထဲမှာ ပါဝင်တဲ့ စကားလုံးတွေကို စားသုံးသူများအား ရှင်းလင်းစွာ ဖော်ပြနိုင်ရပါမယ်။

 

ကိုယ့်ကြော်ငြာ လူစိတ်ဝင်စားဖို့ အရင်းပြု နည်းလမ်းချိုးဖောက်ကြော်ငြာ စာများကိုရေးခွင့်ပြုတော့မည်မဟုတ်ပါ။ ပြီးခဲ့တဲ့ တစ်နှစ်လောက်တုန်းက ဆိုရင် ကလေးများကြည့်ရှုတဲ့ you tube နဲ့ တီဗီမှ ဗီဒီယို တွေကြားမှာ ကလေးများ အတုယူမှားစေမဲ့ ကြော်ငြာ တွေကြားဖြတ်ဝင်လာတာ အများကြီးပါ ဒီလိုကြော်ငြာ တွေဟာ ( ကလေးသူငယ်များ ကြည့်နိုင်သော ) ဆိုကာ စာတန်းထိုးထားတဲ့ ဗီဒီယို တွေမှာ ဝင်ရောက်လာတာပါ။

 

ကလေးဆိုတဲ့ အရွယ်ဟာ သူမြင်သမျှ ကြားသမျှကို လိုက်သင်ယူတတ်တဲ့ သဘော သဘာ၀ရှိပါတယ်။ဒါတွေကို ကြည့်ခြင်းအားဖြင့် ကလေးငယ်တွေဟာ အတု ယူမှားနိုင်မယ် ၊ သစွာရှိမှု နဲ့ ကလေးသဘာ၀ဆန်မှု နည်းပါးနိုင်ပါတယ် ဒါကြောင့် အဆိုပါ ညစ်ညမ်းစကားသုံးကြော်ငြာ များနောင်တစ်ချိန်တွင် လျော့ပါးနိုင်စေရန် စားသုံးသူများကော်မတီ တာဝန်ယူဖြေရှင်းမယ်သိရပါတယ်။

 

Ref : The Drum