Media & Advertising

Alexa ထောက်ပံ့မှု မပါဝင်တဲ့ Product (၈) မျိုးအထိ မိတ်ဆက်ဖို့ စီစဉ်နေတဲ့ Amazon

Read 1124 times
Alexa ထောက်ပံ့မှု မပါဝင်တဲ့ Product (၈) မျိုးအထိ မိတ်ဆက်ဖို့ စီစဉ်နေတဲ့ Amazon

 

အဲဒီထုတ်ကုန်တွေထဲမှာ မိုက်ခရိုဝေ့ဖ်မီးဖို၊ ကားအတွင်းမှာ အသုံးပြုတဲ့ gadget တစ်ခုအပြင် amplifier,receiver နဲ့ subwoofer တို့ ပါဝင်တယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။

အဲဒီထုတ်ကုန်အားလုံးမှာ Alexa ကို တစ်ပါတည်းထည့်သွင်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။

Amazon အနေနဲ့ ဒီနှစ်နှောင်းပိုင်းမှာ ထုတ်ကုန်တချို့ကို ထုတ်ဖော်မိတ်ဆက်ဖို့ ရှိတယ်လို့ အစီအစဉ်ကို ဖော်ပြထားတဲ့ ကုမ္ပဏီစာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။

လူတွေ အချိန်အများဆုံး သုံးစွဲနေတဲ့ နေအိမ်နဲ့ ကားအတွင်း စတဲ့ ဧရိယာတွေမှာ Alexa အသံပိုင်းဆိုင်ရာနည်းပညာကို

နေရာတိုင်းမှာ တွေ့မြင်ရဖို့ အခုထုတ်ကုန်တွေက Amazon ရဲ့ ရည်မှန်းချက်ကို ထင်ဟပ်စေပါတယ်။

အစောပိုင်းမှာ Alexa ဟာ Amazon ရဲ့ ခေတ်မမှီတဲ့ စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမဲ့ အခုဆိုရင် Alexa ဟာ အကျော်ကြားဆုံး voice assistant တွေထဲက တစ်ခုဖြစ်လာပြီး

တိုးတက်နေတဲ့ စမတ်စပီကာ ဈေးကွက်ဟာ ဒေါ်လာသန်း ၃ဝ တန်ကြေးအထိရှိလာလိမ့်မယ်လို့ Global Market Insight က ခန့်မှန်းထားပါတယ်။

အခုထုတ်ကုန်သစ်တွေက နေအိမ်သုံး ပစ္စည်းဈေးကွက်ထဲကို ဝင်ရောက်လာတဲ့ Amazon ရဲ့ ပထမ ခြေလှမ်းဖြစ်ပြီး Sonos နဲ့ GE လိုမျိုးကုမ္ပဏီတွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Sonos အနေနဲ့ Alexa နဲ့ အသုံးပြုနိုင်တဲ့ amplifier နဲ့ subwoofer တွေကို ထုတ်လုပ်ထားသလို GE ကလည်း Alexa နဲ့ ထိန်းချုပ်ချိတ်ဆက်နိုင်တဲ့ စမတ် မိုက်ခရိုဝေ့ဖ်ကို ထုတ်လုပ်ထားပါတယ်။

Recommended for you-ဈေးကွက်ယုံကြည်မှု

Garmin ကုမ္ပဏီအနေနဲ့ ကားအတွင်းမှာ သုံးစွဲရတဲ့ Alexa နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ dash cam ကို ထုတ်လုပ်ထားပါသေးတယ်။

Ref: CNBC

Credit; Oringinal Writer

Myanmar Advertising Directory