Customer

သင့်ကိုယ်သင်ဘ၀ကိုပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း သိနိုင်သည့်အချက်များ

Read 7710 times
သင့်ကိုယ်သင်ဘ၀ကိုပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း သိနိုင်သည့်အချက်များ

မိသားစုပျော်ရွှင်မှုရှိခြင်း၊ သာယာသည့်အိမ်ထောင်ရေးရှိခြင်းအစရှိသည်များကို ပျော်ရွှင်မှုဟု ခံယူထားပါတယ်။ သို့သော်လည်း အချို့သော သူတွေက ငွေကြေးပြည့်စုံမှုကို သာယာပျော်ရွှင်မှုဟု သတ်မှတ်ကြပါတယ်။ ပျော်ရွှင်မှုကို ဘယ်လိုပဲ သတ်မှတ်ပါစေ ပျော်ရွှင်နေတဲ့သူတိုင်းမှာတော့ တူညီတဲ့အချက်လေးတွေရှိတတ်ပါတယ်။ ယနေ့ Myanmar Advertising Directory ပျော်ရွှင်နေတတ်တဲ့သူများရဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Facebook (သို့) Social Media တွေကို အနည်းငယ်သာအသုံးပြုပြီး တကယ့်ဘ၀အစစ်အမှန်မှာ ပျော်ရွှင်စွာ နေတတ်ပါတယ်။

၂။ သူတို့၏ ဓာတ်ပုံတွေ၊ မိသားစုအကြောင်းတွေ၊ စိတ်ခံစားချက်တွေကို Social Media မှ သိပ်မ Share ပါဘူး။

၃။ ညဘက်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

၎။ စကားကို မှန်မှန်ကန်ကန်နှင့် ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပါစေ။

၅။ အချိန်နဲ့ ပိုက်ဆံနှစ်ခုမှ တစ်ခုကို ရွေးရမယ်ဆို အချိန်ကိုရွေးကာ ပျော်ရွှင်မှုကို ရယူတတ်ပါတယ်။

၆။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိပါတယ်။

၇။ ငွေကြေးကို သေချာစီမံခန့်ခွဲတတ်ပါတယ်။

၈။ စိတ်သဘောထားကောင်းမွန်ကာ အကောင်းမြင်စိတ်ရှိသူတွေဖြစ်ပါတယ်။

၉။ သူတို့ဟာ ရှေ့ရေးကို ကြိုတွေးမပူပန်ကြပါဘူး။ ပစ္စုပန်ကိုသာ ဂရုပြုလုပ်ကိုင်တတ်ကြပါတယ်။

Source: Inc. Southeast Asia